အသားခြောက်တဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေများသလို အနာဖြစ်ပြီးရင်လည်း ပိုးဝင်နိုင်ခြေလည်းများစေပါတယ်။ အရေပြားခြောက်သွေ့တာက အသားအရေမှာ ကုတ်ခြစ်ဒဏ်ရာတွေ ဖြစ်နိုင်ခြေများပါတယ်။ အသားခြောက်တာက အနာကျက်နှေးစေနိုင်ပါတယ်။
အရက်သောက်တာက ခန္ဓာကိုယ်ကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်း နှေးစေနိုင်ပါတယ်။ အရက်အလွန် အကျွံသောက်တာက အနာထဲကို ပိုးဝင်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ အရက်အရမ်းသောက်တာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေကိုလျော့ကျစေနိုင်သလို ခန္ဓာကိုယ်ထဲကို ပိုးဝင်နိုင်ခြေကိုလည်းများစေပါတယ်။
ဆေးလိပ်သောက်တာက အဆုတ်တစ်ရှူးတွေကို ပျက်စီးစေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာက အနာကျက်တာကိုလည်း နှေးစေနိုင်ပါသေးတယ်။ ဆေးရွက်ကြီးကနေ ထုတ်ထားတဲ့ ပစ္စည်းတိုင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဆေးရွက်ကြီးက ကော်လာဂျင်ထုတ်လုပ်မှုကို လျော့ကျစေနိုင်သလို scar tissueတွေကိုလည်း အားနည်းစေနိုင်ပါတယ်။ အနာကိုလည်း ခဏခဏပြန်ဖြစ်စေနိုင်ပါတယ်။
အနာကျက်မြန်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။ အနာကို သေချာဂရုစိုက်ပြီး အနေအထိုင် အစားအသောက်တွေကို ဆင်ခြင်မယ်ဆိုရင် အနာကျက်မြန်စေမယ့်အပြင် အနာပိုးဝင်တာတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။