ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က ရောဂါတွေကို ဘယ်လိုခုခံပေးသလဲ

တစ်နေ့ထက်တစ်နေ့ပိုမိုညစ်ညမ်းပြီးရောဂါပိုးတွေပိုမိုများပြားလာတာကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့ သွားရင်းလာရင်း အမှတ်မထင်ရောဂါကူးစက်တာမျိုးတွေခံရနိုင်ခြေကလည်းတော်တော်လေးကိုများလာနေတယ်ဆိုရပါမယ်။ အိပ်ရေးပျက်လွန်းတဲ့အခါဖြစ်ဖြစ်၊အားနည်းနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကအားနည်းနေပြီးရောဂါတွေကအလွယ်တကူဝင်ရောက် တာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်နေမယ်ဆိုရင်တော်ရုံတန်ရုံရောဂါတွေကို တိုက်ထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာကိုပြောပြပေးလိုပါတယ်။   ကိုယ်ခံအားစနစ်ဆိုတာ ကိုယ်ခံအားစနစ်ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် ခန္ဓါကိုယ်ကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေကြောင့်ရောဂါဘယတွေမခံစားရအောင်ကာကွယ်ရာမှာ အထောက်အပံ့ပေးတဲ့အရာတစ်ခုပါ။ပြင်ပကရောဂါဖြစ်စေတဲ့အရာတွေဆိုတဲ့ထဲမှာလည်း ဗိုင်ဒရပ်စတွေ၊ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ အပါအဝင် ခန္ဓါကိုယ်အတွင်းပိုင်းထဲကိုဝင်ရောက်ပြီး ကူးစက်ရောဂါတွေ၊ အနာရောဂါတွေဖြစ်စေနီုင်တဲ့အရာတွေပါဝင်လို့နေပါတယ်။ ဆဲလ်တွေ၊ တစ်ရှုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးနက်နဲလှတဲ့ ကိုယ်ခံအားစနစ်ကပြင်ပကနေ ဝင်ရောက်လာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓါကိုယ်တွင်းထဲမှာ ကျန်းမာတဲ့ တစ်ရှုးတွေကိုပဲကျန်ရှိစေပါတယ်။ ကိုယ်ခံအားစနစ်က အူအတွင်းပိုင်းမှာ ခန္ဓါကိုယ်ကို အကျိုးပြုတဲ့ဘက်တီးရီးယားတွေပေါက်ဖွားအောင် လှုံ့ဆော်ပေးပါတယ်။ အဆိုပါ အကျိုးပြု ဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲကိုရောက်ရှိလာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကိုတိုက်ထုတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာနဲ့ ကျန်းကျန်းမာမာဖြစ်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုသေသေချာချာသိရှိနိုင်အောင် ဒီစာလေးကိုဆက်ဖတ်ကြည့်လိုက်ကြရအောင်ပါ။   ရောဂါပိုးကူးစက်ခြင်း ခန္ဓါကိုယ်ကဆဲလ်တွေထဲကိုရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်သွားတဲ့အခါရောဂါကူးစက်မှုတွေဖြစ်လာပါတယ်။ ခန္ဓါကိုယ်တွင်းကိုရောဂါကူးစက်ဝင်ရောက်မှုက ကိုယ်ခံအားစနစ်တုံ့ပြန်မှုကိုဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကမြန်ဆန်ထိရောက်လေလေရောဂါကိုခုခံမှုကလည်းမြန်ဆန်လေလေပါပဲ။ ကိုယ်ခံအားကောင်းတဲ့အခါရောဂါတွေကိုခုခံတိုက်ဖျက်မှုကမြန်ဆန်ပြီး နာမကျန်းဖြစ်တာကို သိပ်တောင်မခံစားလိုက်ရပါဘူး။ ကိုယ်ခံအားကနည်းနေမယ်ဆိုရင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ

အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ .... လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။ ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင်မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေ ထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုးဖြစ်မလာစေဖို့ အနာမရင်းအောင်ဂရုစိုက်ရပါမယ်။ အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာပြောပြလိုက်ပါတယ်နော်။ အရင်ဆုံး အနာရဲ့အနေအထားကို ကြည့်ပါ။ အရေပြားကပွန်းရုံပဲ၊ နီရဲနေရုံဖြစ်ပြီး သွေးမထွက်၊ မပေါက်ပြဲသေးဘူးဆိုရင်ရောဂါပိုးမဝင်အောင်ကာကွယ်ဖို့ပဲလိုပါတယ်။ အနာကိုအစိုဓါတ်မပျောက်အောင်ထိန်းပေးပါ။ အနာကိုမထိတွေ့ခင်မှာ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာဖြစ်လာရင် နည်းလမ်းတကျ ဂရုစိုက်ဖို့

ခန္ဓါကိုယ်မှာတစ်ခုခုထိခိုက်အနာတရဖြစ်တဲ့အခါတိုင်း ဒါမှမဟုတ် ခွဲစိတ်မှုရဲ့ချုပ်ရိုးအနာကြောင့်ဖြစ်ဖြစ် သင့်ခန္ဓါကိုယ်က ဒဏ်ရာပြန်ကျက်စေဖို့ သူ့အလိုလိုလုပ်ဆောင်ပါတယ်။ အရေပြားမှာ အနာကျက်သွားရင်တောင်မှ အမာရွတ်ကျန်ရင် ကျန်ခဲ့နိင်ပါတယ်။ အမာရွတ်ဖြစ်မဖြစ်ဆိုတာက အနာကျက်ခဲ့တဲ့ပုံစံမှန်မှန်ဆိုတာမှာ မူတည်နေပါတယ်။ နည်းလမ်းမမှန်သေချာဂရုမစိုက်ခဲ့တဲ့ ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့မှာသေချာပါတယ်။ ဒါပေမယ့် ဒူးခေါင်းနဲ့ တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာဖြစ်တဲ့ဒဏ်ရာနဲ့ ခွဲစိတ်ချုပ်ရိုးတို့ကတော့ အမာရွတ်ဖြစ်ကျန်ဖို့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံ အသေးစားထိခိုက်ဒဏ်ရာလေးတွေနဲ့ခြစ်ရာ၊ပွန်းပဲ့ရာတွေကို နည်းလမ်းတကျ ဂရုစိုက်ပေးမယ်ဆိုရင် အမာရွတ်မဖြစ်ဘဲ နဂိုအတိုင်းပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ဒဏ်ရာတွေအမျိုးမျိုးရှိတဲ့အထဲက မတော်တဆဖြစ်တဲ့ အသေးစားထိခိုက်အနာတရလေးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်တော့ဆေးခန်း၊ဆေးရုံအမြန်ဆုံးသွားပြီး ကျွမ်းကျင်ဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါတယ်။ ထိခိုက်ရှနာ အသေးစားလေးဆိုပြီးလည်း မပေါ့ဆပါနဲ့။ အထင်မသေးပါနဲ့။ ဓါးရှရာလို၊ သံစူးတာလို အနာသေးသေးလေးကနေ အနာရင်းတာ၊ ပိုးဝင်တာတွေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ အနာကိုသေချာဂရုမစိုက်ရင်ဘာတွေဖြစ်လာနိုင်သလဲ ပိုးဝင်ခြင်း - အနာကို ပိုးဝင်ပြီဆိုရင် အနာရင်းပြီး ပြည်တည်လာမယ်၊ အနံ့ဆိုးလာမယ်၊အဖျားတက်လာမယ်၊အနာက အရမ်းနာလာမယ်၊ရောင်ရမ်းလာမယ်၊ အနာနေရာက ပူလောင်သလို ခံစားရမယ်။ ရောင်ရမ်းခြင်း […]


ရှေးဦးသူနာပြုစုခြင်း

နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင်

အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက် နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေ ဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒီတော့ နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင် လား ....... နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ထဲမှာ ဘာတွေထည့်ထားမလဲ နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ ထဲမှာ ဒါလေးတွေ ထည့်ထားဖို့ လိုပါမယ်။ တစ်ခါသုံးအပျော့စား ရော်ဘာလက်အိတ် အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။ အရက်ပြန် ပိုးသတ်သန့်စင်ဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာတွေ၊ ကတ်ကြေးတွေကို ပိုးသတ်ဖို့အတွက်ပါ။ အရက်ပြန်စွတ်ထားတဲ့ ဂွမ်း ပိုးသတ်ဖို့ပါ။ ရိုးရိုးဂွမ်းကိုတော့ […]


ရှေးဦးသူနာပြုစုခြင်း

လက်ချောင်းမှာပြတ်ရှဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ

ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ်၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ဖြစ်ဖြစ်၊ အားကစားတစ်ခုခုလုပ်ရင်း၊ သွားရင်းလာရင်းနဲ့လည်း လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ ဘာလုပ်လုပ်မပါမဖြစ်အသုံးပြုလုပ်ဆောင်နေရတဲ့ လက်ချောင်းလေးတွေက အခြားအင်္ဂါအစိတ်အပိုင်းတွေထက်လည်း ထိမိခိုက်မိနိုင်ခြေပိုများပါတယ်။ အခန့်မသင့်ရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကစားရင်းက မတော်တဆအကိုက်ခံရတာမျိုးတောင်ရှိနိုင်ပါတယ်။ တစ်ခါတလေဆို ဘာရယ်မဟုတ်ဖန်ကွဲစလေးတွေကောက်ရင်းက လက်ကို ဖန်ကွဲစရှသွားတာမျိုးတောင်ဖြစ်တတ်ပါသေးတယ်။ အများဆုံးအသုံးပြုရတဲ့ လက်ချောင်းလေးတွေ ထိခိုက်မိရင် အခုဖော်ပြပေးမယ့်နည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်လို့ရပါတယ်။ လက်ချောင်းထိရှမိတဲ့အခါ လက်ကိုအရင်သန့်စင်ရပါမယ်။ ထိရှမိတဲ့ဒဏ်ရာကို မကိုင်တွယ်ခင်မှာ လက်ကိုအရင်သန့်အောင်ဆေးကြောရပါမယ်။ ဒီလိုမျိုးလက်ကိုဆေးလိုက်တာက အနာထဲကို လက်မှာကပ်ညှိနေတဲ့ပိုးတွေမဝင်ရောက်နိုင်အောင် အတိုင်းအတာတစ်ခုအထိတားဆီးလိုက်နိုင်ပါလိမ့်မယ်။ တကယ်လို့များ လက်အိတ်သန့်သန့်လေးအလွယ်တကူရှိနေရင် အနာမဖြစ်တဲ့လက်ကို လက်အိတ်စွပ်ပြီး အနာကို ကိုင်တွယ်ပါ။   အနာသွေးတိတ်အောင်လုပ်ရပါမယ် အနာကနေသွေးထွက်လာမှာကတော့ အသေအချာပါပဲ။ အနာက ၅ မိနစ် - ၁၀ မိနစ်ကြာတဲ့အထိမှသွေးမတိတ်ဖူးဆိုရင် အနာကို ဂွမ်းစသန့်သန့်လေး (သို့မဟုတ်) ပတ်တီးစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိထားပေးပါ။ အနာကသွေးမတိတ်ဘဲကြာနေရင် အဝတ်စသန့်သန့်တစ်ခုထဲမှာရေခဲတုံးလေးတွေထည့်ပြီး အနာကို ကပ်ပေးလို့ရပါတယ်။ ရေခဲကပ်တာက အရောင်လည်းကျစေနိုင်ပါတယ်။ သွေးအရမ်းထွက်ရင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

အိမ်မှာအဖြစ်များတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲ

ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဘယ်လိုပဲကြိုးစားပြီး သတိထားပါစေ၊ ကိုယ့်အိမ်ထဲမှာတောင်နေတိုင်းလုပ်နေကျအလုပ်တွေ၊ ကိုင်တွယ်ထိတွေ့နေကျပစ္စည်းတွေနဲ့ မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ အသေးအဖွဲပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားဖြစ်ဖြစ် မတော်တဆ ဆိုမှတော့ ကြိုမှန်းမရနိုင်တဲ့ကိစ္စတွေပါ။ ဒါပေမယ့် အိမ်မှာက ကိုယ်ကိုယ်တိုင်အပြင် ကလေးငယ်တွေရှိမယ်၊ လူကြီးမိဘတွေရှိမယ်၊ မိသားစုတွေရှိသေးတာမို့ ဒီလို မတော်တဆတွေကို နည်းသည်ထက်နည်းအောင် အတတ်နိုင်ဆုံးကြိုးစားကာကွယ်ရပါလိမ့်မယ်။ အဖြစ်များတဲ့ အိမ်တွင်းမတော်တဆထိခိုက်မှုတွေက - ခလုတ်တိုက်၊ချော်လဲခြင်း (ပွန်းပဲ့အနာ၊ခြေပွတ်တိုင်လည်ခြင်း) -ချော်လဲတယ်ဆိုတာ အသက်အရွယ်မရွေး မတော်တဆဖြစ်တတ်ကြပေမယ့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ ကလေးချော်လဲတယ်ဆိုရင် အုံဖွလုပ်ပေးရုံလောက်နဲ့သာ နှစ်သိမ့်ပေးရုံလောက်ပဲလိုတယ်လို့ ထင်ကြပါတယ်။ အခုဘာမှမဖြစ်ရင်တောင်မှ မကြာခဏချော်လဲပြီးခေါင်းနဲ့ကျတတ်တဲ့လူတစ်ယောက်ကခေါင်းမူးတာ၊အော့အန်တာ၊ သတိလစ်တာတွေဖြစ်လာပြီဆိုရင် စိတ်ပူရပါတယ်။ အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါတယ်။ချော်လဲလို့ ဒူးပြဲတာ၊ လက်မှာထိခိုက်တာ၊ စတဲ့ ဒဏ်ရာတွေလည်းဖြစ်လာရင် အနာကျက်စေဖို့ ဂရုစိုက်ပေးရပါတယ်။ ထိရှဒဏ်ရာများ - မီးဖိုချောင်မှာဆို အိမ်အလုပ်လုပ်ရင်းရတဲ့ ထိခိုက်အနာတရတွေပိုအဖြစ်များပါတယ်။ ထိရှဒဏ်ရာတွေ မရအောင်လို့ ဓါးကို အရမ်းထက်တာတွေမသုံးပါနဲ့။ မီးဖိုခန်းထဲမှာ ဓါးကို […]


ရှေးဦးသူနာပြုစုခြင်း

အပြင်ထွက်ရင် ဖိနပ်မစီးဘဲ လမ်းမလျှောက်သင့်တဲ့အကြောင်းရင်းများ

တစ်ခါတလေ အလောတကြီးဖြစ်တဲ့အခါမျိုးမှာ ဖိနပ်မစီးမိဘဲ ရုတ်တရက် ခပ်မြန်မြန် သွားမိတာမျိုး လူတိုင်းဖြစ်ဖူးမှာပါ။ တစ်ခါတလေကျတော့လည်း စိတ်ထဲရှုပ်လာလို့ ဖိနပ်မစီးဘဲခြံထဲဆင်းလမ်းလျှောက်လိုက်တာမျိုးလည်းရှိတတ်ပါတယ်။မြေကြီးဓါတ်ရအောင်ဆိုပြီး ဖိနပ်မစီးဘဲလမ်းလျှောက်တာမျိုးလည်းရှိကြမှာပါ။ ကိစ္စတိုင်းမှာတော့ အကောင်းဘက်နဲ့ အဆိုးဘက်ရှိတတ်စမြဲပါ။ ဖိနပ်မစီးဘဲလမ်းလျှောက်ရင်ကောင်းတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတွေကလည်း ထုနဲ့ဒေးပါ။ အထူးသဖြင့် ဆီးချိုဝေဒနာရသည်တွေခြေထောက်မှာထိခိုက်ပြတ်ရှ တစ်ခုခုဒဏ်ရာရှိထားသူတွေ၊ နာတာရှည်ရောဂါတမျိုးမျိုးရှိလို့ အနာကျက်နှေးတတ်တဲ့သူတွေအနေနဲ့က အကာအကွယ်ဖိနပ်မပါဘဲ အပြင်မှာလမ်းလျှောက်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း ဖိနပ်မပါဘဲ အပြင်ထွက်လမ်းမလျှောက်သင့်တဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။   ဖိနပ်မစီးဘဲ လမ်းလျှောက်တာက ဘာတွေဖြစ်နိုင်သလဲ ခြေထောက်မှာထိခိုက်ဒဏ်ရာရနိုင်ပါတယ် ဖိနပ်မစီးဘဲ လမ်းလျှောက်တာကခြေဖဝါးကိုအများကြီးထိခိုက်စေနိုင်ပါတယ်။ ချွန်ထက်တဲ့အရာတွေ၊ အဆိပ်ရှိတဲ့အရာတွေနဲ့ စူးတာမျိုးတွေ၊ ခဲလုံး၊ဖန်ကွဲစလိုမျိုး အမှိုက်တွေနဲ့ထိခိုက်မိတာမျိုးတွေဖြစ်နိုင်ပါတယ်။ခြေသည်းတွေကို ထိခိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ သံစူးမိတာ၊ သစ်သားစတွေစူးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။   ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ် ခြေသည်းပိုးဝင်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ခြေသည်းပိုဝင်တာက လူတစ်ယောက်ကနေတစ်ယောက်ဆီကို ကူးစက်နိုင်တာကြောင့် ဖိနပ်မပါဘဲ လမ်းလျှောက်မယ်ဆိုရင် ဒီဗိုင်းရပ်စ်က တစ်ဦးစီးကနေတစ်ဦးစီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။   ချိတ်သန်ကောင် ကူးစက်ခံရနိုင်တယ် ဖိနပ်မစီးဘဲ သွားလာရင်ဖြစ်နိုင်တဲ့နောက်ထပ်ရောဂါတစ်ခုက ချိတ်သန်ကောင် ကူးစက်ခံရနိုင်တာပါ။ ချိတ်သန်ကောင်တွေက အူအတွင်းမှာ ကပ်တွယ်နေနိုင်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မရှိမဖြစ် ရှိထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ

မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေအတွက် အိမ်တစ်အိမ်မှာ အရေးပေါ်ဆေးသေတ္တာဆိုတာ ရှိထားဖို့ လိုအပ်ပါတယ်။ချော်လဲတာပဲဖြစ်ဖြစ်၊ ပွန်းပဲ့ရှနာတွေဖြစ်လာတာပဲဖြစ်ဖြစ် အရေးတကြီး အမြန်သုံးလို့ရဖို့လိုသလို အလိုရှိရာ လွယ်ကူစွာ သယ်ယူသွားနိုင်လို့ ကျန်းမာရေးအတွက်အသုံးဝင်လှပါတယ်။ လိုအပ်မယ့်ပစ္စည်းအစုံအလင်ကို တစ်စုတည်းပြင်ဆင်ထားတာက သေးသေးမွှားမွှားကျန်းမာရေးပြဿနာတွေကအစ အရေးပေါ်တစုံတရာဖြစ်လာတဲ့အခြေအနေမျိုးတွေအထိ ကိုယ့်ဘာသာအမြန်ဆုံးဖြေရှင်းနိုင်စေပါလိမ့်မယ်။ ဘယ်သွားသွားအရေးပေါ်ဆေးသေတ္တာကို အိမ်မှာတစ်ခု ကားထဲမှာတစ်ခု ထားရှိသင့်ပါတယ်။ ဆေးဆိုင်မှာဖြစ်ဖြစ်ဆေးသေတ္တာဝယ်လို့ရတယ်ဆိုပေမယ့် ကိုယ်တိုင်စုဆောင်းပြီးပြင်ဆင်တာက ပိုကောင်းပါတယ်။ ကိုယ်တိုင်လုပ်မယ်ဆိုရင် အရင်ဆုံးလိုအပ်မှာက အရွယ်အစားကြီးကြီး၊သယ်ယူလို့လွယ်၊ဖွင့်ရလွယ်ပြီး အကြမ်းခံတဲ့ ဘူးတစ်ဘူးကိုရွေးရပါမယ်။ ပလတ်စတစ် ဆေးသေတ္တာတွေက သယ်ရတာပေါ့ပါးပြီး အလွယ်တကူယူဆောင် အသုံးပြုနိုင်တာကြောင့်လိုအပ်တဲ့ပစ္စည်းအစုံအလင်ထည့်ဖို့အတွက် အဆင်ပြေဆုံးပါ။   ဆေးသေတ္တာမှာ ဘာတွေပါရမလဲ အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။ ပိုးသတ်ထားတဲ့ဂွမ်း စက္ကူတိပ် အနာကပ်ပလာစတာ ပတ်တီးလိပ် အရက်ပြန် ပိုးသတ်ဆေး အနာကျက်ဆေးအဆီ/ဆေးရည်( ဥပမာ - Betadine ) ဇာဂနာ […]


ရှေးဦးသူနာပြုစုခြင်း

ဒဏ်ရာဖြစ်ရင် ဘယ်လိုဂရုစိုက်ရမလဲ

လူတိုင်းဘဝမှာ တစ်ကြိမ်လောက်တော့ တစ်ခုခုရှတာမျိုးဖြစ်ဖြစ်၊ချော်လဲတာကနေပဲဖြစ်ဖြစ်၊ ထိမိခိုက်မိတာကနေပဲဖြစ်ဖြစ် မတော်တဆထိခိုက်မိတာမျိုးတော့ရှိကြမှာပါ။ ထိခိုက်မှုတွေမှာလည်း အသေးစာထိခိုက်မှုကနေ အကြီးစားထိခိုက်မှုတွေအထိရှိနေနိုင်ပါတယ်။ ထိခိုက်မှုကတော့ လူတိုင်းမှာဖြစ်နိုင်ပေမယ့် ထိခိုက်ဒဏ်ရာတစ်ခုခုရလာရင် ဘယ်လိုမျိုး နည်းစနစ်မှန်မှန်နဲ့ သန့်စင်ပြီး အနာကိုပျောက်ကင်းအောင်လုပ်ရမယ်ဆိုတာကိုတော့သေသေချာချာမသိကြဘဲ အဆင်ပြေသလို မှန်မယ်ထင်သလိုလုပ်နေတာမျိုးတွေရှိပါတယ်။ အမှုမဲ့အမှတ်မဲ့ထားရင်းက မသိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ထိခိုက်ဒဏ်ရာ တစ်ခုခုရလာခဲ့ရင် ဘယ်လိုမျိုးနည်းစနစ်မှန်မှန်နဲ့ ကုစားရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အနာထိန်းသိမ်းနည်း ဘာနဲ့ထိခိုက်မိတာလဲဆိုတာကို အရင်စစ်ဆေးရပါမယ် ကိုယ်တိုင်မှာပဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတစ်ဦးဦးထိခိုက်ဒဏ်ရာရလာတဲ့အခါမျိုးမှာ အရင်ဆုံးလုပ်ရမှာတစ်ခုက ထိခိုက်မိတဲ့ ဒဏ်ရာက ဘာနဲ့ထိခိုက်မိတာလဲဆိုတာကိုသိအောင်လုပ်ရမှာပါ။ အကောင်အကိုက်ခံရတာလား၊ ဓါးလိုမျိုး ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ရှမိတာလား၊ချော်လဲတာလားဆိုတာမျိုးပါ။ ထိခိုက်မိတဲ့အတိုင်းအတာပေါ်လိုက်ပြီး အနာကို သန့်စင်ရတာနဲ့ ဂရုစိုက်ရတာကွဲပြားနိုင်လို့ပါ။ အနာကို ဘယ်လိုကိုင်တွယ်မလဲ ပြီးရင်လုပ်ရမယ့်နောက်တစ်ခုက အနာကို လက်အိတ်စွပ်ပြီးကိုင်မှာလား ဒါမှမဟုတ်ရင် လက်နဲ့ပဲကိုင်မှာလားပေါ့။ ဒါပေမယ့် များသောအားဖြင့်က ရုတ်တရက်ကို လက်နဲ့ပဲကိုင်လိုက်တာမျိုးပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အနာကို မကိုင်ခင် ပိုးမဝင်စေဖို့ လက်ကိုအရင်ဆုံးသန့်အောင်ဆေးဖို့ပါ။ ဘယ်လိုအနာမျိုးပဲဖြစ်ဖြစ် […]


ရှေးဦးသူနာပြုစုခြင်း

အနာကိုပိုးဝင်ရင်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးများ

ပွန်းပဲ့ရှနာ၊ ထိခိုက်ဒဏ်ရာ အဖြစ်များတာကခြေထောက်နဲ့လက်မှာပါ။ အရေပြားမှာပေါက်ပြဲမှတော့ အနာဆိုတဲ့အတိုင်း နာကျင်ရပြီပေါ့။ ဒဏ်ရာအနာတရတွေမှာ အတိမ်အနက် အမျိုးစုံရှိသလို တချို့အသေးအမွှားတွေကတော့ အိမ်မှာပဲ ကုသလိုက်ရင် သက်သာသွားတတ်ပါတယ်။ ချော်လဲလို့ ဒူးပြဲတာ၊ ဓါးရှတာ၊ သံစူးတာ၊ ပွန်းတာ၊ပဲ့တာ စတာတွေက အဖြစ်များဆုံး ထိခိုက်ဒဏ်ရာတွေအပါအဝင်ဖြစ်ပါတယ်။ ကွဲရှတဲ့အနာလေးတွေက သိပ်အရေးမကြီးပါဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မှန်ပါတယ်။ သူတို့က ဒီအတိုင်းနေရင်တော့ ပြဿနာအကြီးကြီးမရှိပေမယ့် ရောဂါပိုးဝင်ပြီဆိုရင်တော့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။   အနာမှာရောဂါပိုးဝင်နေပြီဆိုတဲ့ လက္ခဏာများ အရေပြားမှာပေါက်ပြဲတဲ့အနာပဲဖြစ်ဖြစ်၊ နှာခေါင်း သို့မဟုတ် ပါးစပ်အတွင်းမှာ အနာဖြစ်တာပဲဖြစ်ဖြစ်၊ အကောင်ကိုက်ခံရတဲ့အနာပဲဖြစ်ဖြစ်၊ တက်တူး သို့မဟုတ် အပေါက်ဖောက်ခြင်းကြောင့်ဖြစ်တဲ့အနာပဲဖြစ်ဖြစ်ရောဂါပိုးဝင်နိုင်ပါတယ်။ ပိုးဝင်တဲ့အခါ လက္ခဏာတွေက - အနာက ပိုနာလာမယ်၊ရောင်လာမယ်၊ နီရဲလာမယ်၊ ပူတဲ့ခံစားချက်ဖြစ်လာနိုင်တယ် အနာတဝိုက် နီမြန်းတာတွေပြန့်လာမယ် အနာမှာပြည်တည်လာမယ် ကိုယ်အပူချိန်တက်လာပြီး အဖျား ၁၀၀.၄ကျော်ရှိလာမယ် ပေါင်ခြံ သို့မဟုတ် ချိုင်းမှာ အကျိတ်တွေ့လာမယ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း