သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ပလာစတာ၊ပတ်တီးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ

    ပလာစတာ၊ပတ်တီးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ

    လူတိုင်းဟာ ထိခိုက်ဒဏ်ရာနဲ့မကင်းကြဘူးဆိုတာကတော့ပြောနေစရာတောင်မလိုလောက်ပါဘူးနော်။ ဒီလိုထိခိုက်ဒဏ်ရာရလာရင်လည်း အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ရမယ်ဆိုတာကိုတော့ လူတိုင်းလိုလိုသိကြပါတယ်။ အနာကို ပလာစတာကပ်တယ်ဆိုတဲ့နေရာမှာလည် အနာအမျိုးအစားပေါ်လိုက်ပြီး ကပ်ရတဲ့ ပလာစတာတွေ မတူကြပါဘူး။ ဒီတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆို ဘယ်ပလာစတာကို အသုံးပြုဖို့လိုမလဲဆိုတာနဲ့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ပတ်တီးစည်းသင့်လဲဆိုတာလေးတွေကိုပြည့်ပြည့်စုံစုံလေးပြောပြပေးမယ်နော်။

    အနာပေါ်မှာ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေက အနာထဲကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကြောင့်ဖြစ်တဲ့မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အနာကျက်အောင်လည်း အထောက်အပံ့ပေးပါသေးတယ်။

    ပလာစတာဆိုတာ

    ပလာစတာ၊ ပတ်တီးဆိုတာက ထိခိုက်ဒဏ်ရာထဲကိုပြင်ပက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးတဲ့အရာတွေပါ။ ပတ်တီးတွေကတော့ ထိခိုက်မိထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့အရာမျိုးပါ။ ပလာစတာတွေ၊ ပတ်တီးတွေကို ထိခိုက်ဒဏ်ရာတွေအပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်။ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေကိုတော့ အဆစ်တွေထိခိုက်မိတဲ့အခါရောင်ရမ်းမှုလျော့ကျစေဖို့သုံးလို့ရပါတယ်။ ပတ်တီးတွေကို အနာသွေးတိတ်အောင် အနာပေါ်ကို ခပ်ဖွဖွလေးဖိထားတဲ့အခါမျိုးမှာလည်း သုံးလို့ရပါသေးတယ်။ ပလာစတာတွေကိုလည်း ထိခိုက်မိတဲ့နေရာကိုလိုက်ပြီး အသုံးပြုရတာချင်းမတူပါဘူး။ ဘယ်လိုတွေများကွာခြားတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

    ပလာစတာအမျိုးမျိုး

    အနာကပ် ပလာစတာ – အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ ရိုးရိုးအနာကပ်ပလာစတာနဲ့တင်လုံလောက်ပါတယ်။တွေ့နေကျ ပလာစတာမျိုးပါပဲ။ ဖယောင်းစက္ကူလေးခွာပြီး သန့်စင်ထားတဲ့ ထိခိုက်ဒဏ်ရာပေါ်မှာ ကပ်လိုက်ရုံပါ။

    လက်ချောင်းခြေချောင်းလေးတွေမှာဖြစ်တဲ့ အနာတရတွေအတွက် H ပုံစံknuckle bandage – လက်ချောင်း၊ခြေချောင်းလေးတွေမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အခါကွေးလို့ဆန့်လို့လွယ်အောင်လုပ်ပေးထားတဲ့ ပလာစတာတစ်မျိုးပါ။ အင်္ဂလိပ်အက္ခရာ H ပုံစံလေးပါ။ ဒဏ်ရာပေါ်မှာ ပုံစံတကျဖြစ်နေစေမယ့် ပလာစတာတစ်မျိုးပါ။ ပလာစတာကပ်ထားလို့ အကွေးအဆန့်လုပ်ရခက်မှာကိုလည်း ပူစရာမလိုပါဘူး။

    ပြတ်ရှဒဏ်ရာနဲ့ ဓါးရှမိတဲ့ ဒဏ်ရာတွေအတွက် လိပ်ပြာပုံစံ ပလာစတာ –ဒီပလာစတာမျိုးကိုပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့အသုံးပြုကြပါတယ်။သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာအကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ်တည့်တည့်ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ်ထားပေးရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။

    အပူလောင်နာတွေအတွက် ပိတ်ပတ်တီးနဲ့adhesive tape – အသေးစားအပူလောင်ဒဏ်ရာမျိုးရခဲ့မယ်ဆိုရင်နေအိမ်မှာပဲ ပိတ်နဲ့လုပ် ထားတဲ့ပတ်တီး၊adhesive tapeတွေကိုသုံးပြီးအနာကို ထိန်းသိမ်းပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေadhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။

    ဆီပူလောင်၊ရေနွေးပူလောင်ဒဏ်ရာတွေအတွက်moleskin type bandage –ဆီပူ၊ရေနွေးပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုတွေပေါက်ထွက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူလောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတော်တဆပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေးထားဖို့တော့လိုပါမယ်။

    ပြင်းထန်တဲ့ဒဏ်ရာတွေအတွက် ပတ်တီးသုံးမယ်

    pressure bandage –ပြင်းထန်တဲ့ပြတ်ရှဒဏ်ရာတွေ ထိခိုက်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံးကတော့pressure bandage ပါပဲ။ ဒီပတ်တီးမှာ အနာပေါ်ကို အုပ်ထားပေးရမယ့်အပိုင်းနဲ့ ပတ်တီးစည်းလို့လွယ်အောင်လုပ်ထားပေးတဲ့ အပိုင်းလည်းပါဝင်ပါတယ်။ ဒဏ်ရာကြီးတွေက ပိုးမဝင်စေအောင်ကာကွယ်ပေးပြီး အနာကျက်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ဒဏ်ရာကနေသွေးအရမ်းမထွက်စေဖို့အတွက် အသင့်တော်ဆုံးပါ။

    triangle bandage – အရိုးကျိုးသွားတဲ့အခါနေသားတကျ အရိုးပြန်ဆက်စေဖို့ နဲ့ အဆစ်လွဲသွားတာမျိုးတွေအတွက် အသုံးပြုပေးနိုင်တဲ့ ပတ်တီးတစ်မျိုးပါ။ တြိဂံပုံစံခေါက်လို့ရတဲ့ ပတ်တီးမျိုးပါ။ လည်ပင်းမှာသိုင်းပြီး ထိခိုက်မိထားတဲ့ လက်ကို ပတ်တီးသိုင်းထားတဲ့အထဲမှာထည့်ရမှာပါ။ အရိုးတွေကိုနေသားတကျဖြစ်စေဖို့ အထောက်အပံ့ပေးပါတယ်။

    gauze roll –second degree burnတွေအတွက်အသုံးပြုလို့ရပါတယ်။second degree burnပေါ်မှာ ပတ်တီးစလေးကိုအုပ်ပေးပါ။ နာကျင်နီရဲရောင်ရမ်းနေတဲ့ အနာပေါ်မှာ ပိတ်သားပတ်တီးစလေးကိုအုပ်ပေးပြီး အပေါ်ကနေgauze roll ကိုအသုံးပြုပေးရပါမယ်။gauze roll ကသွေးလည်ပတ်မှုကိုပြတ်တောက်စေတာမျိုးမရှိသလို အနာပိုးဝင်စေတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အနာကို နာကျင်ရောင်ရမ်းတာမျိုးမဖြစ်အောင်နဲ့ အနာကျက်အောင်ပါအထောက်အပံ့ပေးပါသေးတယ်။

    tensor bandage –နက်လွန်းတဲ့ပြတ်ရှဒဏ်ရာတွေ နဲ့ အကြီးစားမတော်တဆထိခိုက်မှုတွေအတွက် အသုံးပြုရတဲ့ ပတ်တီးမျိုးပါ။ ထူထဲပြီး ကျုံ့နိုင်ဆန့်နိုင်တာကြောင့်သွေးထွက်များတာမျိုးအတွက် အသုံးဝင်တဲ့ ပတ်တီးမျိုးပါ။ ဒဏ်ရာအရမ်းနက်ပြီးသွေးတအားထွက်နေတဲ့အခါမျိုးမှာ အနာပေါ်ကို ပိတ်သားပတ်တီးစလေးအုပ်ပေးပြီး အပေါ်ကtensor bandage အသုံးပြုပေးရပါမယ်။ပြီးရင်တော့ ဒဏ်ရာရ ထားတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကို နှလုံးအထက်နားထိရောက်အောင်မြှောက်ထားပေးရပါမယ်။ သွေးထွက်နည်းသွားစေဖို့အတွက်ပါ။ သွေးတိတ်စေဖို့အတွက်လည်းtensor bandage ကလုပ်ဆောင်ပေးပါတယ်။

    အခုလောက်ဆိုရင် ဒဏ်ရာအနေအထား၊ ထိခိုက်မိတဲ့နေရာပေါ်မှာလိုက်ပြီး ပလာစတာတွေ၊ပတ်တီးတွေကို အသုံးပြုရတာချင်းမတူဘူးဆိုတာကို သိလောက်ပြီထင်ပါတယ်။ အားလုံးအတွက် အသုံးတည့်ပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: