- အဆင့်(၁) အပူလောင်မှု – အရည်ကြည်ဖုမထွက်ဘဲ အရေပြားနီရဲနေတာ၊ နာကျင်မှုအနည်းငယ်၊ ရောင်ရမ်းမှု အနည်းငယ် ရှိမယ်။
- အဆင့်(၂) အပူလောင်မှု – ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဖုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။
- အဆင့်(၃) အပူလောင်မှု – ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် အတွင်းသားပေါ်နေမယ်။ အဆင့် (၃) အပူလောင်မှုတွေကို အပြင်းထန်ဆုံးအဆင့်အဖြစ်သတ်မှတ်ပြီး အမြန်ဆုံးဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။
တကယ်တော့ အပူလောင်ဒဏ်ရာပြင်းမပြင်းကို အကြောင်းရင်းကိုမူတည်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဥပမာ -ရေနွေးပူလောင်တာက အဆင့် (၁) အသေးစားလည်းဖြစ်နိုင်သလို အဆင့် (၂) သို့မဟုတ် (၃) အထိပါ ဒဏ်ရာအပြင်းအထန်ဖြစ်နိုင်တတ်လို့ပါ။
ဓာတုပစ္စည်းနဲ့ လျှပ်စစ်ကြောင့် အပူလောင်ခြင်းတွေဆိုရင် အရေပြားမှာ အနည်းအကျဉ်းပဲ ထိခိုက်တာတွေ့ရရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။
အသေးစားအပူလောင်နာ ကုသဖို့
- အနာသက်သာအောင် အပူလောင်တဲ့နေရာကို ဖြစ်ဖြစ်ချင်းမှာ ရေအေး(ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်/၁၅ မိနစ်လောက်ရေလောင်းပေးပါ၊ ရေထဲနှစ်ထားပါ။ ဒါမှမဟုတ် နာကျင်မှုမလျော့မချင်း ရေအေးစွတ်ထားတဲ့ တဘက်တစ်ထည်တင်ပေးထားပါ။ အရမ်းပူရာက အရမ်းအေးတဲ့အခြေအနေ ချက်ချင်းထိတွေ့လိုက်ရတဲ့အခါ အနာကျက်ခြင်းဖြစ်စဉ်ကို နှေးစေနိုင်တာကြောင့်ရေခဲရေမသုံးရတာဖြစ်ပါတယ်။
- အပူလောင်တဲ့နေရမှာ လက်စွပ် သို့မဟုတ် တခြားတင်းကျပ်စွာဝတ်ဆင်ထားတဲ့အရာတွေကို ချွတ်ပါ။ အနာကရောင်မလာခင် ညင်သာစွာ မြန်မြန်ဖယ်ရှားရမှာဖြစ်ပါတယ်။
- အရည်ကြည်ဖုလေးတွေကို မဖောက်ပါနဲ့။ မပေါက်ပါစေနဲ့။ အပူလောင်ရည်ကြည်ဖုတွေပေါက်ပြဲသွားခဲ့ရင် အဲဒီနေရာတဝိုက်ကို ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ညင်သာစွာသန့်ရှင်းပေးပြီး ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ။
- အသားမခြောက်သွေ့စေဖို့ အစိုဓာတ်ထိန်းခရင်မ်သို့မဟုတ် ဂျယ်လ်တစ်ခုခုလိမ်းပေးနိုင်ပါတယ်။
- လိုအပ်ရင် ibuprofen လို ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးသောက်ရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။