(၃) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို မသန့်စင်ခင် သွေးတိတ်အောင်အရင်လုပ်သင့်ပါတယ်။
မှန်/ မှား
အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခါ အနာကိုအဝတ်စသန့်သန့်လေးနဲ့ခပ်ဖွဖွလေး ဖိထားပြီး သွေးတိတ်အောင်အရင်လုပ်ရပါမယ်။
(၄) အနာကိုဆေးကြောတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး
(က) အနာတစ်ဝိုက်ကိုပဲဆေးကြောသင့်တယ်
(ခ) အနာမျက်နှာပြင်ပေါ်ကိုပါဆေးကြောသင့်တယ်
(ဂ) အနာ တစ်ဝိုက်ကိုရော အနာမျက်နှာပြင်ကိုပါဆေးကြောပေးသင့်ပါတယ်
အဖြေ – (က) အနာတစ်ဝိုက်ကိုပဲ ဆေးကြောပေးရပါမယ်။ အနာပေါ်ကိုဆေးတဲ့အခါ အရေပြားကျိန်းစပ်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။
(၅) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာထဲမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊အညစ်အကြေးတွေရှိနေရင် ဖယ်ရှားရပါမယ်။
မှန်/ မှား
အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒဏ်ရာထဲမှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေရှိနေရင် ဇာဂနာလေးကို အရက်ပြန်စွတ်ပြီး တစ်ခုချင်းဖယ်ပေးရပါမယ်။ မလိုလားအပ်ဘဲ ပိုးဝင်တာမျိုးမဖြစ်စေဖို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။