ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။ အရက်အဆိပ်သင့်ခြင်းဆိုတာ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အရက်အများအပြားသောက်မိရင် ဖြစ်တတ်ပါတယ်။ အများအပြားသောက်သုံးခြင်း၊ လျင်မြန်စွာ သောက်သုံးခြင်း စတာတွေဟာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်ခန္ဓါအပူချိန်၊ ပျို့သည့်တုံ့ပြန်မှု စတာတွေကို လွှမ်းမိုးပြီး သတိမေ့မျောခြင်း၊ သေဆုံးခြင်း ဖြစ်ပွားနိုင်ပါတယ်။ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အရက်ပါဝင်တဲ့ အိမ်တွင်း အသုံးအဆောင်တွေကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် သောက်မိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အရက်အဆိပ်သင့်မှုဖြစ်ရင် အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။   Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAlcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့ […]


ရှေးဦးသူနာပြုစုခြင်း

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကဘာလဲ။ ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။ Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများCyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆိပ်မိခြင်းဧ။် လက္ခဏာများ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်- တကိုယ်လုံး အားနည်းခြင်း အာရုံထွေပြားခြင်း   အလွန်အမင်းအိပ်ခြင်း သတိလစ်မေ့မျောခြင်း မောပန်းခြင်း ခေါင်းကိုက်ခြင်း မူးဝေခြင်း အန်ခြင်း ဗိုက်အောင့်ခြင်း တက်ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) ကဘာလဲ။ ဘယ်သူမဆို ပြင်ပအရာဝတ္ထုတစ်ခုခုကို မှားမျိုချမိတတ်ပါတယ်။ ဒီအခါ အစာလမ်းကြောင်းက ပစ္စည်းပေါ်သက်ရောက်မှုတွေဖြစ်ပြီး ခန္ဓါကိုယ်ကနေအလိုလျောက် ထွက်သွားတတ်ပါတယ်။ အချို့ ကိစ္စတွေမှာတော့ တစ်နေတတ်တာ လမ်းတစ်လျောက်မှာ ဒဏ်ရာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသဖို့လိုလာပါလိမ့်မယ်။ အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လည်း လိုပါလိမ့်မယ်။ Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပြီး အသက်မရွေးထိခိုက်နိုင်ပါတယ်။ ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ စပ်စုလိုပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့် ရှိတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ပိုသိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများSwallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပြင်ပပစ္စည်း မှားယွင်းမျိုချမိတဲ့ symptom တွေကဘာတွေလဲ?     – နင်နေခြင်း – အသက်မရူနိုင်ဖြစ်ခြင်း – ချောင်းဆိုး ခြင်း – နှာချေခြင်း တကယ်လို့ ကလေးတစ်ယောက် က ပြင်ပအရာမျိုချမိလို့ လည်ပင်းမှာ […]


ရှေးဦးသူနာပြုစုခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း

ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဆိုတာဘာလဲ။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဘယ်က လာသလဲ။ လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် ပလာစတာ ဒါမှမဟုတ် ပတ်တီးရွေးချယ်မယ်

ကလေးငယ်တွေက မွေးကင်းစကနေလမ်းမလျှောက်ခင်အချိန်ထိကတော့ သူတို့လေးတွေထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပေးဖို့က အရမ်းတော့မခက်လှပါဘူး။ ဒါပေမယ့် လမ်းလျှောက်စမ်းတဲ့အရွယ်ကနေ ပြေးလွှားဆော့တတ်တဲ့အရွယ်မှာတော့ထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပေးဖို့ဆိုတာက နည်းနည်းခက်ခဲလာပြီလို့ပြောရပါမယ်။ ကလေးဆိုတာကလည်း အငြိမ်မနေ ဆော့နေတတ်ကြတာပါ။ ဒါကြောင့် သူတို့လေးတွေကိုထိခိုက်ဒဏ်ရာမရအောင်လုပ်ဖို့ကမလွယ်တာကြောင့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို သိထားဖို့တော့လိုပါမယ်။ ကလေးတွေမှာထိခိုက်ဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ အလန့်ပြေအောင်လုပ်ပေးပါ ကလေးမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အရင်ဆုံးလုပ်ရမှာကသူတို့လေးတွေလန့်သွားခဲ့ရင် အလန့်ပြေအောင်ချော့ပေးဖို့ပါ။ ပြီးရင်တော့ရေနည်းနည်းလောက်တိုက်ပေးရပါမယ်။ လက်တွေကို ဆေးကြောပါ ကလေးရဲ့အနာကို မကိုင်တွယ်ခင်မှာ အရင်ဆုံးလက်တွေကို သန့်စင်အောင်ဆေးကြောရပါမယ်။ အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်လုပ်တာက အနာကိုပိုးမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ သွေးတိတ်အောင်လုပ်ပေးပါ ကလေးက သွေးထွက်တဲ့အနာမျိုးရထားတာဆိုရင်တော့သွေးတိတ်အောင်လုပ်ပေးရပါမယ်။ အဝတ်သန့်သန့်လေးတစ်ခုနဲ့ အနာပေါ်ကို ဖိပေးတာမျိုး၊ ရေခဲဝတ်ကပ်ပေးတာမျိုး၊ရေအေးအေးလေးနဲ့ဆေးပေးတာမျိုးလုပ်ပေးရပါမယ်။ သွေးတိတ်သွားစေဖို့အတွက် အနာပေါ်ကို ၅မိနစ်ကနေ ၁၀ မိနစ်လောက်အထိဖိထားပေးပါ။ အချိန်တော်တော်ကြာတဲ့အထိမှ သွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ အနာကို သန့်စင်ပေးရပါမယ် အနာကို ပိုးဝင်တာမျိုးမဖြစ်စေဖို့အတွက် အကောင်းဆုံးလုပ်နိုင်မယ့်တစ်ခုက အနာကို သန့်စင်ပေးဖို့ပါ။ အနာကိုရေသန့်သန့်လေး၊ ဆပ်ပြာလေးသုံးပြီးသန့်စင်ပေးလို့ရပါတယ်။ အရက်ပြန်နဲ့သုတ်တာ၊ hydrogen peroxide သုံးတာမျိုးမလုပ်ပါနဲ့။ အနာကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို တစ်ရှူးတွေပျက်စီးစေနိုင်တာကြောင့်ပါ။ antibiotic […]


ရှေးဦးသူနာပြုစုခြင်း

အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား

Hydrogen Peroxide သို့မဟုတ် အရြက်ပန်နဲ့ အနာကိုသန့်စင်တာကောင်းသလား hydrogen peroxide သို့မဟုတ် အရက်ပြန်နဲ့ အနာကိုသန့်စင်ပေးတာက အမှန်တကယ်တော့ အရေပြားတစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီး အနာကျက်နှေးစေပါတယ်။ အရက်ပြန်နဲ့hydrogen peroxide နှစ်မျိုးစလုံးက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့ ပိုးသတ်ဆေးတွေဖြစ်လို့ အသုံးများကြပါတယ်။   Hydrogen Peroxide Hydrogen peroxide ကို အရေပြားပြတ်ရှရာ၊ပေါက်ပြဲဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိကြပေမယ့် တကယ်တမ်းရောဂါပိုးသေစေဖို့လည်း စိတ်မချရတဲ့အပြင် တစ်ရှူးတွေကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ ထိခိုက်ရှနာတွေလို အသေးစားဒဏ်ရာတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကရေအလျင်နဲ့လောင်းချဆေးကြောတာပါပဲ။ ဆပ်ပြာအပျော့စားလည်းသုံးနိုင်ပါတယ်။ အသေးစားဒဏ်ရာတွေကို အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားနိုင်ဖို့ မိနစ်အနည်းငယ်ကြာအောင်ရေဆေးပေးရပါမယ်။ Hydrogen peroxide က အနာထဲမှာ အမှုန်တွေကပ်မကျန်အောင်၊သွေးစတွေကိုဖယ်သုတ်ဖို့ အနာကိုအစိုဓါတ်ပေးပြီး နှူးတဲ့နည်းနဲ့ သန့်စင်ပေးပါတယ်။ အရေပြားကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် သူက အနာကျက်စေဖို့ အကျိုးြ့ပုတဲ့ တွယ်ဆက်တစ်ရှူးကိုပြန်လည်တည်ဆောက်ပေးတဲ့fibroblasts ဆဲလ်တွေကိုလည်း ပျက်စီးစေပါတယ်တဲ့။ ဒါ့ကြောင့်ပဲ မကြာခဏမသုံးဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။ Hydrogen […]


ရှေးဦးသူနာပြုစုခြင်း

ပလာစတာတွေ၊ ပတ်တီးတွေက အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ပေးသလဲ

ကိုယ့်မှာ အသေးစားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့ကုသစောင့်ရှောက်မှုကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ကအရေးကြီးပါတယ်။ အချို့ထိခိုက်မိတဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲကုသလို့ရပါတယ်။ အနာကနက်မယ်၊ သွေးတအားထွက်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပေးဖို့လိုပါမယ်။နောက်ထပ်သတိထားရမှာတစ်ခုက ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ အနာပိုးဝင်တာမျိုးမဖြစ်အောင် အနာကိုသေသေချာချာဂရုစိုက်ဖို့ပါ။ အနာဖြစ်တဲ့အခါ အများကြီးဂရုမစိုက်နိုင်ရင်တောင်မှ အနာကိုသန့်စင်ဆေးကြောပြီး ပလာစတာကပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင် နောက်ဆက်တွဲပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ အနာကြီးရင်တော့ ပတ်တီးစည်းပေးတာမျိုးလုပ်ရပါမယ်။ ပလာစတာတွေ၊ပတ်တီးတွေက အနာထဲကိုပိုးမဝင်အောင်အကာအကွယ်ပေးနိုင်စွမ်းရှိကြပါတယ်။ ထိခိုက်ဒဏ်ရာအမျိုးအစားတွေ အရေပြားပေါက်ပြဲဒဏ်ရာ - အရေပြားအတွင်းပိုင်းအထိအောင်ထိခိုက်မိတဲ့ဒဏ်ရာမျိုးပါ။ ချွန်ထက်တဲ့ အရာတွေကိုကိုင်တွယ်အသုံးပြုရင်းက ထိခိုက်မိနိုင်ပါတယ်။ ဒီလိုမျိုးထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာနက်ရင်နက်သလောက်သွေးထွက်များနိုင်ပါတယ်။ ပြတ်ရှဒဏ်ရာ - ဓါးနဲ့ထိရှမိတာကြောင့်ဖြစ်နိုင်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။ အပေါ်ယံအရေပြားပြတ်ရှသွားတာဖြစ်တာကြောင့် အနာမရင်းစေဖို့နဲ့ အနာထဲကိုပိုးဝင်တာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ ပွန်းပဲ့ဒဏ်ရာ - မာကျောကြမ်းတမ်းတဲ့မျက်နှာပြင်တစ်ခုခုနဲ့ပွတ်တိုက်မိတဲ့အခါမျိုးမှာ အရေပြားပွန်းပဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပွန်းပဲ့ဒဏ်ရာတွေကသွေးသိပ်ထွက်လေ့မရှိကြပါဘူး။ ဒါပေမယ့် ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်သေသေချာချာဂရုစိုက်ဖို့တော့ လိုပါမယ်။ အရေပြားမှာ အပေါက်ဖြစ်စေတဲ့ထိုးစိုက်ဒဏ်ရာ - သံ၊အပ်၊ရေခဲခွဲတံလိုမျိုး ချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတာကြောင့်ဖြစ်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။သေနတ်ကျည်ဆန်မှန်တာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုဒဏ်ရာမျိုးကသွေးအများကြီးမထွက်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးစေနိုင်လောက်တဲ့အထိတော့ နက်တတ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အခုလိုထိခိုက်ဒဏ်ရာမျိုးရမယ်ဆိုရင်တော့ ဆရာဝန်ထံသွားပြတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်းလိုအပ်ပါမယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါဘယ်လိုဂရုစိုက်မလဲ ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါ အရင်ဆုံးလုပ်ရမှာက […]


ရှေးဦးသူနာပြုစုခြင်း

ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာတွေဖြစ်လာရင် အမြန်ဆုံးဘယ်လိုကုသမလဲ

မတော်တဆ ဓါးရှတာ၊ စက်ဘီးမှောက်တာ၊ ချော်လဲလို့ပွန်းပဲ့တာလိုမျိုးပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေက အဖြစ်များကြပါတယ်။ အနာဆိုတာ အချိန်တန်တော့ ကျက်သွားမှာပါ၊ပျောက်သွားမှာပါလို့တော့ မတွေးပါနဲ့နော်။ အနာသေးသေးလေးပဲဖြစ်ပါစေရောဂါပိုးဝင်သွားခဲ့ရင် အနာကျက်နှေးစေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေကို အမြန်ဆုံးဘယ်လိုကုသရမလဲဆိုတာလေ့လာပြီး ကိုယ်တိုင်လုပ်ဆောင်လို့ရပါတယ်။ ဒဏ်ရာကြီးခဲ့ရင်တော့ဆေးခန်း၊ဆေးရုံမှာ ကုသမှုခံယူရမှာဖြစ်ပေမယ့် အသေးအဖွဲထိခိုက်ဒဏ်ရာတွေအတွက် လုပ်သင့်တဲ့နည်းလမ်းမှန်တွေကို ကိုယ်ကသိထားတော့ ဒဏ်ရာရတိုင်းဆေးခန်းပြေးစရာမလိုတော့ဘူးပေါ့။ အရင်ဆုံး လက်ဆေးပါ။ အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။ သွေးတိတ်အောင်လုပ်ပါ။ဒဏ်ရာသေးတဲ့ပြတ်ရှအနာနဲ့ပေါက်ပြဲအနာတွေက သူ့အလိုလိုသွေးတိတ်လေ့ရှိပါတယ်။ မတိတ်ရင်တော့ ပတ်တီး သို့မဟုတ် အဝတ်စသန့်သန့်နဲ့ အနာကိုအသာအယာဖိထားပြီးသွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားမှာ ထားပေးပါ။ အနာကိုသန့်စင်ပါ။အနာကိုရေနဲ့ဆေးကြောရပါမယ်။ရေအလျင်နဲ့လောင်းချတာက အနာပိုးဝင်နိုင်တဲ့အန္တရာယ်လျော့နည်းစေပါလိမ့်မယ်။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။hydrogen peroxide သို့မဟုတ် iodineဆေးတွေ မထည့်ပါနဲ့။ အနာမှာ အမှုန်တွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။ အနာပိုးသတ်ဆေး […]


ရှေးဦးသူနာပြုစုခြင်း

ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ

အသေးစားထိခိုက်ဒဏ်ရာတွေကနေအိမ်မှာဂရုစိုက်ပေးရုံနဲ့တင် သက်သာပျောက်ကင်းနိုင်တယ်ဆိုပေမယ့် အကြီးစားထိခိုက်ဒဏ်ရာတွေ ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာသွားရောက်ကုသတာက အကောင်းဆုံးနည်းလမ်းပါ။ ဘယ်လိုထိခိုက်ဒဏ်ရာတွေရရင်ဆေးရုံဆေးခန်းသွားဖို့လိုမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဒီလိုထိခိုက်ဒဏ်ရာတွေရရင် ချက်ချင်းဆေးရုံကိုသွားပါ အရိုးအဆစ်တွေမှာထိခိုက်ဒဏ်ရာရရင် အားကစားလုပ်ရင်းဖြစ်ဖြစ်၊ပြေးရင်းလွှားရင်းဖြစ်ဖြစ် မတော်တဆ အဆစ်လွဲတာမျိုး၊ အကြောတွေရောင်တာမျိုး၊ကြွက်သားတွေထိခိုက် တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် အမြင့်ကခုန်ချတမ်းကစားရင်း အရိုးအက်တာမျိုးတွေတောင်ဖြစ်နိုင်ပါသေးတယ်။ အရိုးတွေ၊ အဆစ်တွေထိခိုက်မိတဲ့အခါမျိုးမှာ အရေးပေါ်အနေနဲ့ ထိခိုက်မိတဲ့နေရာကိုရေခဲကပ်တာမျိုးလုပ်ပေးနိုင်တယ်ဆိုပေမယ့် နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားရောက်ပြသပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကြွက်သားတွေ၊အရွတ်တွေထိခိုက်မိသွားရင် မတော်တဆ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေမှာထိခိုက်ဒဏ်ရာရသွားရင်တော့နေအိမ်မှာပဲကုသဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး လုံလောက်တဲ့ဆေးကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေထိခိုက် မိတဲ့အခါသေချာဂရုစိုက်မှပြန်လည်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ ထိခိုက်မိတဲ့နေရာက သိသိသာသာကြီးရောင်ရမ်းနေမယ်ဆိုရင်ဖြစ်ဖြစ်၊ အဆစ်လွဲနေတာဆိုရင်ဖြစ်ဖြစ်၊ ထိခိုက်မိတဲ့နေရာက အရမ်းနာနေရင်ဖြစ်ဖြစ်၊ လမ်းမလျှောက်နိုင်တာ၊ ထိခိုက်မိတဲ့နေရာမှာ အညိုအမဲတွေဖြစ်လာတာ၊ ထုံကျဉ်တာ၊ ထိခိုက်မိတဲ့နေရာကသွေးထွက်တာ မျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးဖို့လိုပါလိမ့်မယ်။ ဦးခေါင်းထိခိုက်မိတာ ဦးခေါင်းမှာထိခိုက်ဒဏ်ရာရရင် မပေါ့ဆသင့်ပါဘူး။ ဦးခေါင်းထိခိုက်ဒဏ်ရာရထားတဲ့သူမှာ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ တတ်သိနားလည်သူနဲ့ပြသပေးဖို့လိုပါမယ်။ခေါင်းမှာထိခိုက်ဒဏ်ရာရရှိပြီး ၂၄ နာရီအတွင်း ထိခိုက်ဒဏ်ရာရရှိချိန်မှာ သတိလစ်မေ့မြောသွားရင် ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ ဇဝေဇဝါဖြစ်တာမျိုးရှိနေမယ်ဆိုရင် ခေါင်းမူးပြီးအော့အန်တာမျိုးဖြစ်နေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုခုဖြစ်လာမယ်ဆိုရင် အိပ်ရာကနေထဖို့ခက်ခဲတာ အားနည်းမယ်၊ထုံကျဉ်မယ်၊စကားပြောရတာခက်ခဲလာမယ် နှာခေါင်း၊နားတွေကနေသွေး ဒါမှမဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ

အရေပြားမှာဖြစ်တဲ့ ဒဏ်ရာအနာမှန်သမျှ အချိန်တန်ရင် အနာကျက်ရ၊သက်သာရမှာပါပဲ။ အနာကျက်နှေးတာမြန်တာကတော့ အနာကိုဘယ်လိုကုသစောင့်ရှောက်သလဲဆိုတာပေါ် မူတည်ပါတယ်။ အနာရင်းပြီးပိုးဝင်မှာ စိုးရိမ်ရတာလည်းရှိတာကိုး။နောက်တစ်ချက်က ဆီးချိုသွေးချိုလိုရောဂါအကြောင်းရင်းခံတွေကြောင့် အနာဖြစ်တာ၊ အနာကျက်နှေးတာ၊ အနာမကျက်တာတွေရှိတတ်ပါတယ်။ အနာအမျိုးအစား အမျိုးမျိုးရှိတာရော သိပါသလား။ အနာဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီး အဓိကအမျိုးအစားလေးမျိုးကိုဖော်ပြလိုက်ပါတယ်။ ပွန်းပဲ့ဒဏ်ရာ ပွန်းပဲ့ဒဏ်ရာဆိုတာ အရေပြားမှာ မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့ ပွတ်တိုက်မိလို့ပွန်းပဲ့တာ၊ခြစ်ရာအစင်းရာတွေဖြစ်တာပါ။ ဥပမာချော်လဲလို့ဖြစ်တဲ့ပွန်းပဲ့နာ၊ စက်ဘီးမှောက်တာ စတဲ့လမ်းပေါ်မှာဖြစ်တဲ့အသေးစားအနာတရတွေပါဝင်ပါတယ်။သွေးစို့ရုံလောက်သာထွက်တတ်တဲ့ဒဏ်ရာလေးတွေဖြစ်ပေမယ့် ပိုးမဝင်အောင်သေချာသန့်စင်ကုသသင့်ပါတယ်။ အရေပြားပေါက်ပြဲခြင်း အရေပြားပေါ်မှာ ဒဏ်ရာနက်တဲ့ပြတ်ရှရာ သို့မဟုတ် စုတ်ပြဲဒဏ်ရာဖြစ်တာပါ။ ဓါး၊ ကိရိယာတန်ဆာပလာတွေ၊ စက်ပစ္စည်းတွေနဲ့ မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။ ပေါက်ပြဲတဲ့ ဒဏ်ရာနက်ရင်တော့သွေးထွက်မြန်ပြီးသွေးထွက်များနိုင်ပါတယ်။ အနာပေါက်ဖြစ်စေတဲ့ထိခိုက်ဒဏ်ရာ ဒီအမျိုးအစားက သံ၊အပ် တို့လို ချွန်ထက်တဲ့အရာတွေနဲ့ စူးမိ၊ထိုးမိတဲ့အခါဖြစ်လာတဲ့ဒဏ်ရာမျိုးပါ။ တခါတရံ ကျည်ဆန်မှန်ခြင်းကလည်း ဒီအမျိုးအစားဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေကသွေးအများကြီးမထွက်နိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်လောက်အောင် ဒဏ်ရာနက်နိုင်ပါတယ်။ ဒီအမျိုးအစားဆိုရင် ဒဏ်ရာကသေးတယ်ဆိုရင်တောင်မှ ရောဂါပိုးမဝင်စေဖို့ ဆရာဝန်ပြပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ ဒီအမျိုးအစားက အရေပြားတင်မကဘဲ တစ်ရှူးတွေပါစုတ်ပြဲပြီး အရိုးပေါ်တဲ့အထိ ထိခိုက်ရတဲ့ဒဏ်ရာတွေဖြစ်ပါတယ်။ ကားတိုက်ခံရတာ၊ပေါက်ကွဲမှုနဲ့သေနတ်ပစ်ခံရတာတွေလိုပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း