
Electrolytes ကြွယ်ဝဖို့ ဒါလေးတွေကို စားပေးလို့ ရပါတယ်။
ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။
အာလူး၊ ကန်စွန်းဥတို့မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ အာလူးမှာဆိုရင် ပိုတက်ဆီယမ် အပြင် phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ပါ ပါဝင်နေပါတယ်။
ထောပတ်သီး၊ ငှက်ပျောသီး၊ တရုတ်ဇီးသီးခြောက် နဲ့ အခြားသော သစ်သီးတွေမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ချိစ်၊ ဒိန်ချဉ် နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်သလို ဆိုဒီယမ်၊ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ပါ ပါဝင်နေပါတယ်။
အခွံမာသီးတွေ၊ အစေ့အဆန်တွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ သီဟိုဠ်စေ့တို့မှာ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။
ပဲနီလေး၊ ပဲလွန်း၊ ပဲပိစပ်တို့မှာ ပိုတက်ဆီယမ်၊ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။
စားပွဲတင်ဆားမှာ ဆိုဒီယမ် နဲ့ chloride တို့ ပါဝင်နေပါတယ်။
နို့မှာ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ သဘာဝ သကြားဓာတ်လည်း ပါဝင်နေပါတယ်။
ကဲ …. Electrolytes ကြွယ်ဝဖို့ ဓာတ်ဆားအပြင် ဒါလေးတွေ စားပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။