အရွယ်တင်စေနိုင်တယ်
ကန်စွန်းရွက်မှာ အခြား အစိမ်းရောင် ဟင်သီးဟင်းရွက်တွေလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်ကဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အရေပြားဆဲလ်တွေကို နေရောင်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အရေးအကြောင်း မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အရေပြားရောဂါတွေ သက်သာစေနိုင်တယ်
ကန်စွန်းရွက်မှာပါတဲ့ အဖူးလေးတွေကို ပွေး၊ သဲဝဲ၊ နှင်းခူ၊ ဆိုရီရေးစစ်နဲ့ ဝက်ခြံလိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကန်စွန်းရွက်၊ ကန်စွန်းဖူးလေးတွေကို ကြိတ်ခြေပြီး အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။
အနာကျက်စေနိုင်တယ်
အရေပြားပေါ်မှာ ဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ထိခိုက်ရှနာတာကို သက်သာစေဖို့အတွက် ကန်စွန်းရွက် အုံပေးလို့ ရသလို ပိုးကောင်ကိုက်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်က အဖုအပိမ့်တွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
အဆိပ်အတောက် ဖယ်ရှားပေးတယ်
ကန်စွန်းရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသားအရေကို ကြည်လင်လှပစေပြီး အနာအဆာ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကန်စွန်းရွက်ကို စားပေးတာက အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်သလို အမဲစက်တွေနဲ့ ဝက်ခြံချိုင့်ခွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဗီတာမင် A နဲ့ ဗီတာမင် C၊ လူတင်တို့ ပါဝင်နေတာက အရေပြားကို ကျန်းမာစေပြီး glow skin လေးကို ပိုင်ဆိုင်နိုင်စေမှာပါ။
ကဲ …. အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ လို့ ဘာလို့ ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။
အစာလည်းဆေး ဆေးလည်း အစာ
ကန်စွန်းရွက်က စားလို့ ကောင်းသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များပါတယ်။ အရေပြားကိုလည်း ကျန်းမာစေဖို့ အထောက်အကူပြု ပေးနိုင်တာကြောင့် “အစာလည်းဆေး ဆေးလည်းအစာ” ဆိုတဲ့အတိုင်း ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာ နည်းလမ်းကောင်း တစ်ရပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။