
- ရေအစားထိုး အရည်တွေ သောက်ပေးပါ။
တစ်နေ့တာ ရေလိုအပ်ချက်ကို ရိုးရိုးရေ သောက်တာအပြင် တခြားအရည်တွေနဲ့လည်း ဖြည့်လို့ရပါတယ်။ ဥပမာ အုန်းရည်၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ ဟင်းရည်၊ အရည်ရွှမ်းတဲ့ သစ်သီး စတာတွေနဲ့ပါ။ ဒါကြောင့် ရေသောက်တာအပြင် ဒီအရည်တွေလည်း သောက်ပေးပါ။ ထမင်းစားရင် ဘေးမှာ ဟင်းချိုရည် ပန်းကန်လုံးတစ်ခွက်စာလောက် သောက်ပေးပါ။
ရှောင်ရမှာက ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွေပါ။ သူတို့က တစ်ခွက်သောက်ရင် နှစ်ခွက်စာလောက် ဆီးသွားတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဆိုဒါပါတာ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှ လျှော့သင့်ပါတယ်။ အေးအေးလေးနဲ့ သောက်လို့ ကောင်းပေမယ့် သကြားပါဝင်မှု များတာကြောင့် အဝလွန်စေနိုင်လို့ပါ။
- အပြင်သွားတိုင်း ရေသယ်သွားပါ။
အပြင်ထွက် အလုပ်လုပ်ရသူတွေက ရေဘူးအသေးလေးကို အိတ်ထဲထည့်ထားပါ။ ဆာတဲ့အချိန် တန်းပြီးသောက်နိုင်သလို လိုအပ်ရင် ရေပြန်ဖြည့်ဖြည့်ပြီး သောက်နိုင်ပါတယ်။ ရေဝယ်ရတဲ့ ဒုက္ခလည်း ကင်းသွားပါတယ်။
- တစ်နေ့တာ လိုအပ်ချက်ကို ကြိုတွက်ထားပါ။
ဒီနေ့တော့ ရေ ၂လီတာလောက် ဝင်အောင် သောက်မယ်လို့ တွက်ထားတယ်ဆိုရင် အိပ်ချိန် ၈နာရီနဲ့ အိပ်ခါနီး အချိန် ၂-၄ နာရီလောက်ကို ဖယ်ထားလိုက်ပါ။ ဒါဆို ကျန်တဲ့ ၁၀-၁၄ နာရီအတွင်းမှာ ရေ ၂လီတာကို ဝင်အောင် သောက်ရမှာ ဖြစ်ပါတယ်။ ဒါဆို တစ်နာရီကို ရေ ၂၀၀ မီလီလီတာလောက် ဝင်အောင် သောက်ပေးရမှာပါ။
ဒီအချက်လေးတွေကိုတော့ ပြင်ဆင်ထားပါ။
- ထမင်းစားခါနီးနဲ့ အိပ်ခါနီးမှာ ရေသောက်တာကို လျှော့ပေးပါ။ ကျန်တဲ့အချိန်တွေ ရေပိုသောက်ပါ။
- ရေဘူးကို ပုံမှန်ဆေးကြောပါ။ အထူးသဖြင့် သစ်သီးစိတ်လေးတွေ ထည့်ထားရင် နေ့တိုင်းဆေးဖို့ လိုပါတယ်။
- ညအိပ်ခါနီးရင် နောက်နေ့စာအတွက် ရေဘူးကို ရေအသစ်ဖြည့်ပြီး အိပ်ရာနားမှာ ထားထားပါ။ ညဘက် ရေဆာရင် သောက်လို့ရသလို မနက်အိပ်ရာနိုးနိုးချင်းမှာ ရေတဝသောက်ဖို့ လွယ်ကူစေပါတယ်။
- ရေအစား ရေနွေးကြမ်းသောက်မယ်ဆို ထမင်းစားချိန်နဲ့ ဝေးဝေး သောက်ပါ။ အထူးသဖြင့် အမျိုးသမီးတွေပါ။ လက်ဖက်က သံဓာတ်စုပ်ယူမှုကို တားဆီးတာကြောင့် ထမင်းစားချိန်နဲ့ ရှောင်ပြီး သောက်သင့်ပါတယ်။
တစ်နေ့တာ ရေဓာတ်ပြည့်ဝနေစေဖို့
ရေဓာတ်လုံလောက်မှုက ကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ဖြစ်ပါတယ်။ ရေဓာတ်လုံလောက်ဖို့ဆို တစ်နေ့တာမှာ ကိုယ့်ကိုယ်ကို မကြာမကြာ ရေသောက်ဖို့ သတိပေးသင့်ပါတယ်။
ဒါ့ပြင် ရေဆာတာနဲ့ တန်းပြီး သောက်နိုင်အောင်၊ ရေသောက်ချင်စိတ်ဖြစ်အောင် စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတွေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။