အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။
တစ်နေ့တာအတွက် ဘီယာ သင့်တော်တဲ့ပမာဏဖြစ်တဲ့ (လေဒီလေးတွေက ၃၅၄ မီလီလီတာ/ အမျိုးသားတွေက ၇၀၉ မီလီလီတာ) ပဲ သောက်သုံးမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကြောင့် နှလုံးထိခိုက်တာ၊ လေဖြတ်တာမျိုး မဖြစ်ဖို့ ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောများပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
လေ့လာမှုရလဒ်တွေအရ ဘီယာ သောက်သုံးတာက ဆီးချို (အထူးသဖြင့် အမျိုးအစား -၂ ဆီးချို) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။
ဘီယာမှာ အရိုးတွေကို ကြံ့ခိုင်စေနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း နဲ့ ဆီလီကွန် ပါဝင်နေပါတယ်။ ဒါကြောင့် အရိုးတွေကို ကျန်းမာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဘီယာထဲမှာ ပါတဲ့ အက်ဆစ် တစ်မျိုးက အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အရေပြားကို ညစ်ညမ်းမှုတွေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဘီယာမှာ ဓာတ်တိုးပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ကင်ဆာကို ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဘီယာကို အလွန်အကျွံသောက်မယ်ဆိုရင်တော့
- အသက်သေဆုံးနိုင်ခြေ များပါတယ်။
လေ့လာချက်တွေအရ ဘီယာအလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ပါတယ်။
ခဏခဏ သောက်မယ်၊ များများသောက်မယ်ဆိုရင်တော့ အရက်စွဲသလို စွဲတတ်ပါတယ်။
- စိတ်ကျရောဂါ ဖြစ်နိုင်ပါတယ်။
လေ့လာချက်တွေအရ ဘီယာကို အလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ များပါတယ်။
ဘီယာဆိုတာလည်း အယ်ကိုဟော ပါဝင်တာကြောင့် များများသောက်မယ်။ ခဏခဏသောက်မယ်ဆိုရင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။
- တချို့ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။
သင့်တင့်တဲ့ ပမာဏ မဟုတ်ဘဲ အလွန်အကျွံသောက်မယ်ဆိုရင်တော့ လည်ချောင်းနဲ့ ခံတွင်းကင်ဆာတွေ ဖြစ်နိုင်ခြေကို များစေမှာပါ။
ဘီယာသောက်မယ်ဆိုရင်
ဒါကြောင့် ဘီယာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာက သင့်တင့်တဲ့ ပမာဏကို ရံဖန်ရံခါ သောက်မှပါ။ အလွန်အကျွံနဲ့ မကြာခဏသောက်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။