backup og meta

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

ဆောင်းရာသီက အေးအေးလေးနဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့ သန့်ရှင်းနေပေမယ့် အေးလွန်းတာက ဗိုင်းရပ်စ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တာကို ကာကွယ်ဖို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ အကြောင်း ပြောပြပေးမှာဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

သစ်တော်သီး

သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး အလွန်အကျွံ မစားမိစေဖို့လည်း ထောက်ကူပေးပါတယ်။

နာနတ်သီး

နာနတ်သီးမှာ အခြား အချဉ်ဓာတ်ရှိတဲ့ အသီးတွေလိုပဲ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရောင်ကျစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အာရုံကြောတွေနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

Cranberries

အရောင်ရဲရဲလေးနဲ့ ချစ်စရာကောင်းတဲ့ ခရင်မ်ဘယ်ရီသီးလေးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

တည်သီး

လိမ္မော်သီး

ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးက အမျှင်ဓာတ်လည်း ကြွယ်ဝစေပြီး ကိုယ်ခံအား ကောင်းစေသလို ဆောင်းရာသီ အအေးကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

Grapefruitကလည်း ဗီတာမင် C ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆောင်းတွင်းမှာ ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

သလဲသီး

သလဲသီးမှာ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ဖျားနာမှုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။

ကီဝီသီး

ကီဝီသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို ကျန်းမာစေပြီး ဆောင်းအအေးဒဏ်ကြောင့် ဖျားနာတာကို သက်သာစေနိုင်သလို အအေးဒဏ်ကြောင့် အရေပြား ခြောက်သွေ့တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကဲ …….  ဆောင်းအေးအေးမှာ ကျန်းမာစေတဲ့ သစ်သီးလေးတွေ စားရင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement