အစပ် စားပြီး အရမ်းစပ်နေရင် အစပ်ပြေအောင် ဆိုပြီး ဆိုဒါ မသောက်ပါနဲ့။ ဆိုဒါကလည်း ဂတ်စ်ပါဝင်မှု များတာကြောင့် လေပွတတ်ပါတယ်။ ဆိုဒါအပြင် စပ်နေချိန် မသောက်သင့်တဲ့အရာတွေထဲမှာ ဂတ်စ်ပါတဲ့ အချိုရည်တွေလည်း ပါပါတယ်။
ဒီတော့ ဘာစားရမလဲ ……..
ဒီတစ်ခေါက်ကတော့ ဆိုဒါအစား သောက်စရာ မသောက်ဘဲ စားတာမျိုး လုပ်ပေးရမှာပါ။ ဘာစားရမလဲဆိုတော့ ပေါင်မုန့် ဒါမှမဟုတ် ထမင်းဖြူပါ။ ဒီလို စားပေးတာက စပ်နေတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
ဆီများတာတွေ မစားပါနဲ့
စပ်နေချိန်မှာ အဆီပါဝင်မှုများတာတွေ၊ ဆီကြော်စာတွေကို မစားပါနဲ့။ စပ်တာကို သိသိသာသာ မသက်သာစေနိုင်သလို အဆီပါဝင်မှုများတာကြောင့် အစာအိမ်ကို ဝန်ပိစေတတ်ပါတယ်။
ဒီတော့ ဘာစားရမလဲ ……..
အရမ်းစပ်နေချိန်မှာ သကြားကို လျှာပေါ်တင်ထားတာက စပ်တာကို သိသိသာသာ လျော့စေနိုင်ပါတယ်။ နောက်ထပ် စားပေးလို့ရတာကတော့ ပျားရည် စစ်စစ်လေးပါ။ ပျားရည် စစ်စစ်လေးကို လျှာပေါ်တင်ထားရုံပါ။
ကဲ ….. အစပ် စားပြီးရင် ဒါတွေ မလုပ်မိဖို့ သတိထားလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။