backup og meta

ပဲသီးလေး နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲသီးလေး နဲ့ ကျန်းမာရေး

    မုန့်ဟင်းခါးထဲပဲ ထည့်စားစား၊ ချဉ်ရည်ဟင်းထဲပဲ ထည့်ချက်ချက်၊ ပဲဟင်းထဲရောချက်ချက်၊ ဘဲဥ၊ ပုစွန်ခြောက်၊ ပုစွန်ဆိတ် သေးသေးလေးတွေနဲ့ပဲ ရောကြော်ကြော် စားလို့ကောင်းတဲ့ ပဲသီးလေးကို ကြိုက်တဲ့သူ ရှိလား…. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ပဲသီးက ဘယ်လို အကျိုးကျေးဇူးတွေပေးလဲဆိုတာကို သိရှိနိုင်တာပေါ့။

    ပဲသီးလေးကပေးတဲ့ ကျန်းမာရေး

    နေ့စဉ်နီးပါး တစ်မျိုးမျိုးနဲ့ စားသောက်နေမိတဲ့ ပဲသီးလေးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီးလေးကို စားသုံးပေးမယ်ဆိုရင်

    ပရိုတင်း ရရှိစေမယ်

    ပဲသီး ၁၀၀ ဂရမ်မှာ ပရိတင်း ၈.၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ပဲသီးကို နေ့စဉ် စားသုံးပေးတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်တင်းရာ ရောက်ပါတယ်။

    ဗီတာမင် B Complex ပါဝင်နေတယ်

    ပဲသီး ၁၀၀ ဂရမ်မှာ ဖောလိတ် ၃၇ ရာခိုင်နှုန်း၊ thiamin ၁၄ ရာခိုင်နှုန်း၊ riboflavin ၄ ရာခိုင်နှုန်း၊ pantothenic acid ၄ ရာခိုင်နှုန်း၊ niacin ၃ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ပဲသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B အုပ်စု ပြည့်ဝစွာ ပါဝင်နေပါတယ်။ 

    ဗီတာမင် B complex က စွမ်းအင်ထုတ်လုပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အာရုံကြောတွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ​ဗီတာမင် B အားနည်းတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ အားအင်ကုန်ခမ်းတာမျိုး ခံစားရနိုင်ပါတယ်။

    အမျှင်ဓာတ် ပါဝင်မှုများတယ်

    ပဲသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီး ၁၀၀ ဂရမ်မှာ အမျှင် ၄ ဂရမ်အထိ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။

    ကယ်လ်ဆီယမ် ပါဝင်နေတယ်

    ပဲသီး ၁၀၀ ဂရမ်မှာ ကယ်လ်ဆီယမ် ၄၂ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းပါ။ ကယ်လ်ဆီယမ်က အရိုးတွေ နဲ့ သွားတွေကို သန်မာစေနိုင်သလို အာရုံကြော နဲ့ ကြွက်သားတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေပါတယ်။

    သံဓာတ် ပါဝင်နေတယ်

    ပဲသီး ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၆ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ သံဓာတ် လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်းပါ။ သံဓာတ်က သွေးနီဥဆဲလ်တွေ၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    မဂ္ဂနီဆီယမ် ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ မဂ္ဂနီဆီယမ် ၉၈ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ မဂ္ဂနီဆီယမ် လိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းပါ။ အရိုးနဲ့သွားတွေ ကြံ့ခိုင်စေဖို့ အားဖြည့်ပေးသလို ကြွက်သားနဲ့ အာရုံကြောတွေ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်တွင်းက အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။

    Manganese ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ Manganese ၀.၅ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ Manganese လိုအပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်းပါ။ Manganese က အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေသလို ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ အဆစ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 

    Phosphorus ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ phosphorus ၁၈၁ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ phosphorus လိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်းပါ။ ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။

    Copper ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ copper ၀.၂ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ copper လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းပါ။ copper က အရေပြား ကျန်းမာရေးကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ရောဂါတွေကိုလည်း ခုခံပေးပါတယ်။ 

    ပိုတက်ဆီယမ် ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၃၁၅ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်ရဲ့ ၉ ရာခိုင်နှုန်းပါ။ ပိုတက်ဆီယမ်က အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းစေသလို ကြွက်သားတွေကို သန်မာစေပါတယ်။

    ဇင့် ပါဝင်တယ်

    ပဲသီး ၁၀၀ ဂရမ်မှာ ဇင့် ၁.၁ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ဇင့် လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းပါ။ ဇင့်က သွေးနီဥဆဲလ်တွေ နဲ့ အရိုးတွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။

    Selenium ပါဝင်ပါတယ်

    ပဲသီး ၁၀၀ ဂရမ်မှာ selenium ၂.၈ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ selenium လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းပါ။ selenium က အင်ဇိုင်းတွေ လုပ်ဆောင်မှု ကောင်းစေဖို့ အားဖြည့်ပေးသလို ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ 

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement