backup og meta

ကျောက်ကပ်ရောဂါရှိသူများ သိထားသင့်တဲ့ စားသောက်မှုပုံစံ


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်ရောဂါရှိသူများ သိထားသင့်တဲ့ စားသောက်မှုပုံစံ

    ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

    ကျောက်ကပ်ရဲ့ တာဝန်

    ကျောက်ကပ်က အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာအများစုကို တာဝန်ယူထားတာပါနော်။ကျောက်ကပ်က

    • စားသုံးလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ အဆိပ်အတောက်တွေနဲ့ အကျိုးမပြုတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ပေးတယ်။
    • သွေးပေါင်ချိန်ထိန်းညှိဖို့ လိုအပ်တဲ့ဟော်မုန်းကို ထုတ်ပေးတယ်။
    • ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးတယ်။
    • ဆီးသွားစေတယ်။ ဒါတွေအပြင် အခြားသောခန္ဓါကိုယ်အတွက်အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါသေးတယ်။

    ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အချက်များ

    ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အချက်တွေကမနည်းပါဘူး။ကျောက်ကပ်ကို အများဆုံးထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ နဲ့သွေးတိုးဝေဒနာပါ။ အဝလွန်တာ၊ဆေးလိပ်နဲ့ အရက်သောက်သုံးမှုတွေကြောင့်လည်းကျောက်ကပ်ထိခိုက်နိုင်ပါသေးတယ်။ မျိုးရိုးရှိတာ၊ အမျိုးသား၊အမျိုးသမီးကွာခြားတာ နဲ့ အသက်အရွယ်တွေကြောင့်လည်းကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

    သွေးချိုကိုသေချာမထိန်းတာ၊သွေးတိုးကိုသေချာထိန်းညှိမှုမရှိတာတွေကြောင့်ကျောက်ကပ်တွင်းသွေးကြောလေးတွေထိခိုက်လာပြီးကေျာက်ကပ်ပျက်စီးနိုင်ပါတယ်။ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အနယ်အနှစ်တွေများလာပြီး ခန္ဓါကိုယ်မှာရောဂါတွေဝင်လာနိုင်ပါတယ်။

    ကျောက်ကပ်ကျန်းမာနေစေဖို့ အဓိကလိုက်နာရမယ့်အချက် ၃ ချက်

    နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။ ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။

    ဆိုဒီယမ် (အငန်)လျှော့ပါ – အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။ အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ ဆိုဒီယမ်စားသုံးမှုများတာကကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ကေျာက်ကပ်ထိခိုက်သွားတဲ့အခါ ကိုယ်တွင်းက ဆိုဒီယမ်တွေကို မစစ်ထုတ်နိုင်တော့ဘဲသွေးတိုးရောဂါထပ်ဝင်လာနိုင်ပါတယ်။ ကဲ ဆိုဒီယမ်လျှော့နော်။

    ပိုတက်ဆီယမ် – ပိုတက်ဆီယမ်က ခန္ဓါကိုယ်အတွက်အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ဒါပေမယ့်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ကတော့ ပိုတက်ဆီယမ်ကို အကန့်အသတ်နဲ့ပဲ လိုအပ်မှာပါ။ ဒါကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်ပဲ စားသုံးပါ။

    Phosphorus –ကျောက်ကပ်ထိခိုက်ထားတဲ့သူက ကိုယ်တွင်းက ပိုလျှံနေတဲ့Phosphorusတွေကို မစစ်ထုတ်နိုင်တော့ပါဘူး။ ဒီဓါတ်ကလည်းနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာတော်တော်လေးပါဝင်နေတဲ့ ဓါတ်တစ်ခုပေါ့။Phosphorus ပမာဏများပြားမှုက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဓါတ်ကိုလည်း တတ်နိုင်သမျှလျှော့ရပါမယ်။

    ဒါတွေအပြင်ကျောက်ကပ်ရှိသူတွေအနေနဲ့နောက်ထပ်သတိထားရမှာက ပရိုတင်းအများကြီးမစားမိစေဖို့နဲ့ ကယ်လ်ဆီယမ်ကိုလျှော့စားဖို့ပါ။

    ကျောက်ကပ်ရောဂါရှိသူတွေစားသုံးပေးသင့်တဲ့ အစားအစာများ

    ပန်းဂေါ်ဖီ

    ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် B တို့အပါအဝင် အာဟာရဓါတ်များစွာပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သလိုရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့indoles လိုမျိုးဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။ အာလူးနေရာမှာ အစားထိုးစားသုံးပေးသင့်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုနည်းတဲ့ အရန်ဟင်းလျာတစ်မျိုးပေါ့။

    စပျစ်သီး

    အရသာရှိရုံတင်မဟုတ်ပါဘူး။ အာဟာရလည်း ကြွယ်ဝပါတယ်။ ဗီတာမင် C နဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်သလို ဆီးချိုကာကွယ်ပေးပြီး သိမြင်မှုစွမ်းရည်ကျဆင်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်အတွက်အကောင်းဆုံး အချိုပွဲလေးတစ်ခုပေါ့။

    ကြက်ဥအကာ

    ကြက်သွန်ဖြူကဆေးဖက်ဝင်တယ်လို့သိထားပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူက ဟင်းလျာတွေရဲ့ အရသာကို ပိုကောင်းသွားစေနိုင်ပါတယ်။ အာဟာရကြွယ်ဝသလို မဂ္ဂနိ၊ ဗီတာမင် C နဲ့ ဗီတာမင် B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ Sulfurဒြပ်ပေါင်းပါဝင်နေပါတယ်။ကျောက်ကပ်ကောင်းဖို့ တစ်နေ့ကို အနည်းဆုံး ကြက်သွန်ဖြူ ၃ မွှာစားပေးပါ။

    ဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်မှာ ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့ အများအပြားပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပေါ့။

    အရေခွံမပါတဲ့ ကြက်သား

    ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ပရိုတင်းလျှော့စားရမယ်ဆိုပေမယ့် ခန္ဓါကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုတော့ပြည့်ဝအောင်စားရပါမယ်။ ဒါကြောင့်ကျောက်ကပ်သမားတွေရှောင်ရမယ့်ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ အရေခွံမပါတဲ့ ကြက်ရင်အုံသားကို စားသုံးပေးလို့ရပါတယ်။

    ငရုတ်ပွ

    ငရုတ်ပွက အာဟာရကြွယ်ဝပေမယ့် အခြားဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းပါတယ်။ ငရ်ုပွအရောင်တောက်တောက်လေးတွေက ဗီတာမင် A၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပြီးကျောက်ကပ်ရောဂါရှိသူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။

    ကြက်သွန်နီ

    ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ကျောက်ကပ်အကျိုးပြုဆေးဖက်ဝင်စားစရာတစ်မျိုးပေါ့။ ဗီတာမင် C၊ မဂ္ဂနိ၊ ဗီတာမင် B နဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့်ကျောက်ကပ် ကိုရော အစာခြေစနစ်ကိုပါကျန်းမာစေမှာပါ။

    မုန်လာဥဖြူ

    ကျောက်ကပ်အတွက် သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်ခုပေါ့။ ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုနည်းပြီး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ အခြားအာဟာရဓါတ်တွေတော့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့်ကျောက်ကပ်အတွက်ကောင်းဖို့ဆိုရင် မုန်လာဥဖြူစားပေးပါ။
    လိမ္မော်သီး၊ ငှက်ပျောသီးနဲ့ ကီဝီသီးတွေထက် ပိုတက်ဆီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။နောက်တစ်ချက်က နာနတ်သီးမှာ အမျှင်ဓါတ်၊ ဗီတာမင် B၊ မဂ္ဂနိ၊ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့bromelain တို့ပါဝင်နေပါတယ်။
    ရှီတာကီမှိုမှာ ဗီတာမင် B၊Copper၊ မဂ္ဂနိ နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အပ်ငကနေရတဲ့ ပရိုတင်းနဲ့ အမျှင်ဓါတ်တွေလည်း ပါဝင်နေတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်မျိုးပေါ့။

    ဒါတွေတော့ရှောင်ပါ

    • အနီရောင်အသားတွေ
    • ဘဲသား
    • ငါးခြောက်
    • နို့ထွက်ပစ္စည်း
    • ငပိ
    • ပဲအမျိုးမျိုး
    • ဆီသွတ်ဗူးတွေ
    • သစ်သီးခြောက်တွေ
    • အာလူး
    • ခရမ်းချဉ်သီး
    • ကြက်ဥအနှစ်
    • လိမ္မော်သီး
    • ငှက်ပျောသီး
    • အချိုရည်တွေ
    • အရက်
    • ဆေးလိပ်
    • ဆော်ဒါ
    • ပေါင်မုန့်

    ကဲကျောက်ကပ်ရောရှိသူတွေ အခုပြောခဲ့တဲ့အတိုင်းလေးစားသောက်နေထိုင်ရင်းကျောက်ကပ်လေးကို ဂရုစိုက်လိုက်ပါနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement