အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
ဗီတာမင် C ကြွယ်ဝမှုကြောင့် ကော်လာဂျင်ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ဆံသားနဲ့ အရေပြားကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။
ကြက်သွန်နီမှာ သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တဲ့ quercetin နဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အမျိုးအစား -၂ ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။
နို့နဲ့နို့ထွက်ပစ္စည်းတွေကပဲ အရိုးတွေကို သန်မာစေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ ကြက်သွန်နီကလည်း အရိုးတွေကိုသန်မာစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးသိပ်သည်းဆ လျော့ကျမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရိုးပွရာဂါ အရိုးပါးတာတွေကို ကာကွယ်လိုသူတိုင်း နေ့စဉ်ကြက်သွန်နီစားပေးသင့်ပါတယ်။
အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
အမျှင်ဓါတ်နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရတွေပါဝင်နေမှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ကျန်းမာမှုနဲ့အတူ ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရောဂါတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ကြက်သွန်နီစားပါလို့ပြောရတဲ့ အကြောင်းအရင်း
ကြက်သွန်နီစားပါလို့ပြောရတဲ့ အကြောင်းအရင်းကတော့
- ကင်ဆာ ကာကွယ်ပေးတယ်
- နှလုံးကျန်းမာစေနိုင်တယ်
- အိပ်ပျော်စေနိုင်တယ်
- အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
- သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ်
- အရိုးတွေသန်မာစေနိုင်တယ်
- အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်