မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ုခဆိုပြီး ရှင်းရှင်းလေးသာ သိထားခဲ့ကြပေမယ့ိ ခုနောက်ပိုင်းမှာတော့ ဇီဝကမ္မဖြစ်စဉ် ကို ကိုယ်အလေးချိန် လျှော့ချတဲ့နေရာနဲ့ တွဲပြီး သိလာကြပါပြီ။ တစ်ချို့ပြောတာမျိုးတွေ ကြားဖူးမှာပါ။ ဇီဝကမ္မဖြစ်စဉ်နှေးလို့ ဝိတ်မချလို့ မရဘူးဆိုတာတွေပေါ့။ တကယ်တော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အဓိက ၂ ခုဖြစ်ပေမယ့် ဇီဝကမ္မဖြစ်စဉ် ကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။
ဇီဝကမ္မဖြစ်စဉ်ဆိုတာ စားလိုက်တဲ့ အစားအသောက်တွေ၊ ကယ်လိုရီ တွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်ပေးတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဒီ ဖြစ်စဉ်ကြီးဟာ လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး။ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတိုင်းမှာ ရှိပါတယ်။
အချုပ် ပြောရလို့ရှိရင် ကိုယ်အလေးချိန် ကျဖို့ဆို ကိုယ်စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီထက် လောင်ကျွမ်းတဲ့ ကယ်လိုရီက ပိုများနေဖို့လိုအပ်ပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း များများလုပ်ပေးရမှာ ဖြစ်သလို ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ် မြန်နေဖို့လည်း လိုအပ်ပါသေးတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။