backup og meta

ဇင့်ဓါတ် နှင့် သွေးပေါင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇင့်ဓါတ် နှင့် သွေးပေါင်

    ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ zinc ဓါတ် နည်းလွန်းခြင်း၊ များလွန်ုးခြင်းတို့ဟာ ခန္ဓါကိုယ်ကို သက်ရောက်မှုများရှိပါတယ်။ အသေးစိတ်သိလိုပါက အောက်ပါ ဆောင်းပါးကို ဖတ်ကြည့်နိုင်ပါတယ်။

    ဇင့် ဓါတ်နှင့် သွေးပေါင်

    ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ ခန္ဓါကိုယ်ထဲတွင် သံဓါတ်ပြီးလျှင် အများဆုံးတွေ့ရသော ဓါတ်တစ်မျိုးဖြစ်သည်။ ဆဲလ်တိုင်းလိုလိုတွင် တွေ့ရပါတယ်။ အစားအစာ အတော်များများတွင် ပါဝင်ပါတယ်။

    ခန္ဓါကိုယ် တွင် ဇင့် ဓါတ်နည်းပါက အသက်အရွယ်ကြီးလာသော အခါ နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။

    ခန္ဓါကိုယ် တွင် ဇင့် ဓါတ်များပါက လည်း နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ပိုလျှံသော zinc များဟာ သွေးတိုးစေနိုင်ပါတယ်။

    ဇင့် ဟာ အခြားသော ဓါတ်များနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဥပမာ- zinc ဓါတ်အများကြီး စားမိပါက ခန္ဓါကိုယ်ထဲ ကော့ပါးဓါတ်များ နည်းစေပါတယ်။ ကော့ပါးနည်းပါက နှလုံးနှင့် သွေးကြောများကို ထိခိုက်စေပါတယ်။ zinc နှင့် ကော့ပါး ဓါတ်မညီမျှပါက လည်းသွေးတိုးတက်ပါတယ်။

    ဇင့် ကို ဆီးချို၊ ရင်ကြပ်၊ ညဘက်မျက်လုံးမမြင်ခြင်း၊ ဝက်ခြံ၊ အက်ဇီးမား၊ ပြင်းထန်ခေါင်းထိခိုက်ခြင်း၊ အယ်လ်ဇိုင်းမား၊ Down syndrome, Sickle cell disease တို့အတွက် အသုံးပြုနိုင်ပါတယ်။

    အခြား သွေးကျဆေးများနှင့် ဓါတ်ပြုခြင်း

    ဇင့် သည် ACE inhibitors များ နှင့်ဓါတ်ပြုနိုင်ပါတယ်။ ထိုဆေးများသည် ခန္ဓါကိုယ်ထဲရှိ zinc ပမာဏကို နည်းစေပါတယ်။ ACE inhibitors များဟာ benazepril(Lotensin), enalapril(Vasotec), moexipril(univasc),quinapril(accupril) တို့ပဲဖြစ်ပါတယ်။

    ထို့ပြင် ဇင့် သည် thiazide ဆီးဆေးများ နှင့်လည်း ဓါတ်ပြုပါတယ်။ ထိုဆီးဆေးများသောက်ပါက ဇင့် များကို ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်ပြီး သွေးတွင်း ပမာဏနည်းစေပါတယ်။ သင်ဟာ ထိုဆီးဆေးများ သောက်နေပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

    ဇင့် ဟာ သင့်တော်သော ပမာဏအတိုင်း စားသုံးပါက စိတ်ချရပါတယ်။ လူကြီးများ အနေဖြင့် zinc ကိုတစ်နေ့လျှင် ၈-၁၁ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။ ကလေးများ အနေဖြင့် တစ်နေ့ကို ၂-၉ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။

    သင့်ဆရာဝန်က ညွှန်ကြားသည့်အတိုင်း လည်း သောက်သုံးနိုင်ပါတယ်။

    ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ပိန်ခြင်း၊ သွေးနှင့် ပက်သက်သော ရောဂါများ ဖြစ်ခြင်း၊ ရင်ကြပ်ခြင်းနှင့် ပက်သက်သော ရောဂါများ ဖြစ်ခြင်း၊ သိုင်းရွိုက် ဂလင်းပြဿနာများ ဖြစ်ခြင်း၊ ကိုလက်စထရော ပမာဏပြောင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ကော့ပါးပမာဏကို ပါထိခိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ ခံတွင်းများ ခြောက်ခြင်း၊ ခေါင်းမူးခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကင်ဆာဖြစ်နိုင်ချေများခြင်း၊ အန်ခြင်း၊ ပင်ပန်းခြင်း များ ဖြစ်တတ်ပါတယ်။ ထို့ပြင် သွေးယိုခြင်းများကို လည်းဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် သွေးခဲခြင်း ပြဿနာရှိသူများအတွက် အန ္တရာယ်ရှိနိုင်ပါတယ်။ ဇင့် ဟာ သွေးတွင်း သကြားဓါတ်ပမာဏကို နည်းစေပါတယ်။

    သင့်ခန္ဓါကိုယ်တွင်း ရှိသော zinc ပမာဏသည် သင့်သွေးပေါင် အပေါ်သက်ရောက်မှုရှိပါတယ်။ နည်းခြင်း၊ များခြင်း တို့ဟာ သွေးပေါင်တက်ခြင်းနှင့် နှလုံးသွေးကြောပြဿနာများကို ဖြစ်စေနိုင်သဖြင့် ပုံမှန်ပမာဏအတိုင်း ထိန်းထားဖို့ အရေးကြီးပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement