သံဓာတ်များပြီး အဆိပ်သင့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

သံဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဦးနှောက်၊ ကြွက်သားများနဲ့ သွေးနီဥဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ သံဓာတ်လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်နည်းခြင်းနဲ့ ဆက်နွယ်ပြီး သွေးအားနည်းခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို သံဓာတ်ဟာ များလွန်းရင်လည်း ဘေးဥပဒ်ဖြစ်စေတတ်ပါတယ်။ သံဓာတ်များလွန်းလာရင် ကိုယ်ခန္ဓာကနေ ဇီဝဖြိုခွဲခြင်းဖြစ်စဉ် မလုပ်နိုင်တော့ပါဘူး။ မဖြိုခွဲနိုင်တော့လို့ ပိုလျှံလာတဲ့ သံဓာတ်များဟာ အစာအိမ်အူလမ်းကြောင်းတလျှောက် စုပုံလာပါတယ်။ ဒီနည်းနဲ့ အဆိပ်သင့်တဲ့ အဆင့်ကိုရောက်ရှိလာပါတယ်။

သံဓာတ် အဆိပ်သင့်ခြင်း လက္ခဏာများ

သံဓာတ်ဟာ အဆိပ်အတောက်ဖြစ်လောက်တဲ့ ပမာဏရောက်လာပြီဆိုရင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ သွေးအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ သံဓာတ်များတာကြောင့် ဝမ်းအရောင်ဟာ အမည်းရောင်နဲ့ သွေးရောင်ဖြစ်သွားတတ်ပါတယ်။ ဒီကနဦးလက္ခဏာတွေဟာ ခြောက်နာရီအတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။

ကနဦးလက္ခဏာတွေပေါ်လာပြီး ၄၈ နာရီအတွင်းမှာ ဆိုးရွားတဲ့ အခြားနောက်ဆက်တွဲပြဿနာများ ပေါ်လာတတ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့

– မူးဝေခြင်း

သွေးပေါင်ချိန်ကျခြင်း၊ သွေးခုန်နှုန်း အားနည်းသွားခြင်း

ခေါင်းကိုက်ခြင်း

– ဖျားခြင်း

အသက်ရှူကြပ်ခြင်း၊ အဆုတ်အတွင်း အရည်စုခြင်း

– အသားအရေ ပြာခြင်း

– အသားဝါဖြစ်ခြင်း

– တက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်တတ်သလဲ

ကိုယ်ခန္ဓာထဲမှာ သံဓာတ်တွေ လိုအပ်တာထက်များလာရင် ဖြစ်တတ်ပါတယ်။ သွေးအားနည်းခြင်းကို ကုသဖို့ မကြာခဏ သွေးသွင်းခြင်း၊ သံဓာတ်ပါတဲ့ဆေးတွေ သောက်နေရခြင်း စတာတွေ ဖြစ်ပါတယ်။ ရုတ်တရက်အဆိပ်သင့်ခြင်းကတော့ ကလေးတွေမှာဖြစ်တာများပြီး သံဓာတ်အားဆေးတွေ၊ ဗီတာမင်ဆေးပြားတွေ သောက်မိတဲ့အတွက် ဖြစ်တတ်ပါတယ်။

သံဓာတ်အဆိပ်သင့်ခြင်းကို မကုသဘဲထားလိုက်ရင် ရက်အနည်းငယ်အတွင်း အသည်းပျက်စီးလာနိုင်ပါတယ်။ သွေးယိုခြင်း၊ သွေးခဲခြင်းပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အသည်းပျက်စီးခြင်း မဖြစ်ရင်တောင် အစာအိမ်အူလမ်းကြောင်း အမာရွတ်ဖြစ်လာပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပေးပါတယ်။ အသည်းတစ်ရှူးတွေ အမာရွတ်ဖြစ်သွားရင်တော့ အသည်းခြောက်တဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။

သံဓာတ်အဆိပ်သင့်ခြင်းကို အချိန်မီကုသခဲ့ရင် အမြဲတမ်းထိခိုက်ပျက်စီးခြင်းမျိုး မကြုံရပါဘူး။ သံဓာတ်အများအပြား စားသုံးမိပြီးချိန်မှာ ချက်ချင်းကုသမှုခံယူရင် ဝေဒနာတွေဟာ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ

ဖော်ပြပြီးခဲ့တဲ့ သံဓာတ်အဆိပ်သင့်ခြင်းလက္ခဏာတွေ ကြုံတွေ့လာရင် ပြသသင့်ပါတယ်။ သံဓာတ်အဆိပ်သင့်ခြင်းကို သေချာစေဖို့ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း ပြုလုပ်ပါလိမ့်မယ်။ ဆရာဝန်နဲ့ တွေ့ဆုံချိန်မှာ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း၊ အားဖြည့်ဓာတ်စာတွေအကြောင်း ပြောပြသင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

သံဓာတ်အပါအဝင် တခြားဗီတာမင် အာဟာရဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်သုံးပါနဲ့။ သံဓာတ်အားဖြည့်ဆေးတွေကို ကလေးများမှ မတော်တဆစားသုံးမိခြင်း မရှိအောင် လက်လှမ်းမီရာမှာ အလွယ်တကူထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ over-the-counter ဆေးဝါးများကလွဲလို့ ကျန်ဆေးဝါးတွေကို နားလည်တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်မပါဘဲ သောက်သုံးခြင်းကို ရှောင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

နဂါးမောက် နဂါးမောက်သီး အာဟာရတန်ဖိုး သွေးတိုးရောဂါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျှင်ဓာတ် ဝမ်းချုပ်ခြင်း ကိုလက်စထရော နာတာရှည်ရောဂါ နှလုံးရောဂါဖြစ်နိုင်ခြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

သဘာဝနည်းလမ်းတွေ ခေါင်းကိုက်ခြင်း ရေသောက်ပါ ရေဓာတ် ယောဂ ကဖင်းဓာတ် စိတ်ဖိစီးမှု အိပ်ရေးဝပါစေ အရက်လျှော့သောက်ပါ ဓာတ်တိုးပစ္စည်းတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

အမျိုးသမီး သွေးဆုံးပြီ သွေးဆုံးကိုင်ဝေဒနာ ခေါင်းကိုက်ခြင်း သားဥအိမ် မိန်းမကိုယ် ရာသီလာ သားဥပြွန် မမျိုးဥ နှလုံး သွေးကြောကျဉ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည်၏ အာနိသင် ၆ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read