backup og meta

ကြက်မောက်သီး ကြိုက်သူတွေအတွက် သတင်းကောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်မောက်သီး ကြိုက်သူတွေအတွက် သတင်းကောင်း

    ပုံစံဆန်းဆန်းလေးကြောင့် ငယ်ငယ်ကလေးဘဝကတည်းက နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တဲ့ သစ်သီးလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာလေးက ကတုံးဆံပင်ပေါက်လေးလိုလို ချစ်စရာကောင်းတဲ့ ကြက်မောက်သီး ပါ။ အခွံကို နွှာပြီး အထဲက အဖြူရောင်အသီးရဲ့ အသားလွှာချိုချိုလေးကလည်း စားရတာ အတော်လေး အရသာရှိပါတယ်။

    သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးက ကြက်မောက်သီးလေးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    ကြက်မောက်သီး ဆိုတာ

    ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။

    ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာပါ။ အပေါ်ခွံကို  နွှာပြီး အထဲက အသီးရဲ့ အသားလွှာလေးကို စားရတာပါ။ အစေ့ကို ဖယ်ပစ်ရပါမယ်။

    လိုင်ချီးသီး၊ သကြားသီးတို့နဲ့ မျိုးရင်းတူပါတယ်။ အသားလွှာပုံစံချင်း တူသလို ချိုတဲ့အရသာချင်းလည်း ပါတယ်။

    ကြက်မောက်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

    စားရတာ အရသာရှိတဲ့ ကြက်မောက်သီးလေးမှာ

  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Niacin (ဗီတာမင် B3)
  • ဗီတာမင် B6
  • ဗီတာမင် C
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • မဂ္ဂနိစ်
  • ဖော့စဖရပ်
  • ပိုတက်ဆီယမ်
  • ကယ်ဆီယမ်
  • ဇင့်တို့ ပါဝင်နေပါတယ်။
  • ကြက်မောက်သီး က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲ

    ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲ

    အသွင်အပြင်လေးက ချစ်စရာကောင်းသလို အရသာလည်း ကောင်းတဲ့ ကြက်မောက်သီးလေးက ကျန်းမာရေးကို အခုလို ထောက်ကူပေးနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ကြက်မောက်သီးက ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သံဓာတ် စုပ်ယူမှု ကောင်းစေပြီး သွေးလည်ပတ်မှု ကောင်းစေသလို သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်စေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    နှလုံးကျန်းမာစေတယ်

    ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။

    ကြွက်တက်တာ သက်သာစေတယ်

    ကြက်မောက်သီးမှာ ကြွက်သားတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ ဒီလို မဂ္ဂနီဆီယမ် ပါဝင်နေတာက ကြွက်သားတွေ နာကျင်တာကို သက်သာစေပြီး ကြွက်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခြေထောက်ကိုက်တာ၊ နာတာ၊ ကြွက်တက်တာတွေ သက်သာစေဖို့ စားပေးလို့ ရပါတယ်။

    ဝမ်းချုပ်တာ သက်သာစေတယ်

    ကြက်မောက်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ အစာခြေဖျက်နိုင်စွမ်း ကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ အစာမကြေတာကိုလည်း သက်သာစေနီုင်ပါတယ်။

    အရိုးတွေ သန်မာစေတယ်

    ကြက်မောက်သီးမှာ အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ ကယ်လ်ဆီယမ် ပါဝင်နေတာကလည်း အရိုးတွေကို အားဖြည့်ပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေသလို အရိုးတွေကို ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဆီးလမ်းကြောင်း ပိုးဝင်တာ (UTI) ကို သက်သာစေနိုင်တယ်

    ဗီတာမင် C ပါဝင်နေတာကြောင့် ဆီးအိမ်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆီးနဲ့ကျောက်ကပ် ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

    ကြက်မောက်သီးမှာ သံဓာတ်ပါဝင်နေသလို သံဓာတ် စုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးနေတဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းတာမျိုး မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ကြက်မောက်သီးက လူတိုင်းနဲ့ တည့်ပေမယ့်

    • ရောဂါအခံရှိသူတွေ
    • ကလေးငယ်လေးတွေ
    • ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ
    • နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲ

    အသွင်အပြင်လေးက ချစ်စရာကောင်းသလို အရသာလည်း ကောင်းတဲ့ ကြက်မောက်သီးလေးက
    • ကိုယ်ခံအား ကောင်းစေတယ်
    • နှလုံးကျန်းမာစေတယ်
    • ကြွက်တက်တာ သက်သာစေတယ်
    • ဝမ်းချုပ်တာ သက်သာစေတယ်
    • အရိုးတွေ သန်မာစေတယ်
    • ဆီးလမ်းကြောင်း ပိုးဝင်တာ (UTI) ကို သက်သာစေနိုင်တယ်
    • သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

    # ကြက်မောက်သီးစေ့ စားလို့ရလား!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement