အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရွှေငှက်ပျောသီးမှာ သဘာဝ အချိုဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေသလို ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝနေစေဖို့လည်း ထောက်ကူပေးပါတယ်။ မနက်စာ စားလို့ အဆင်ပြေတဲ့ ငှက်ပျောသီး တစ်မျိုးပါ။
ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေတဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတိုးကျစေဖို့ရော နှလုံးသွေးကြောရောဂါ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝမှုက ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေလွယ်သလို သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် ဆီးချို ရှိသူတွေနဲ့ သင့်တော်ပါတယ်။
ရွှေငှက်ပျောသီးမှာ Lutein နဲ့ beta carotenoids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ရွှေငှက်ပျောသီးက အခြားငှက်ပျောသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးဖြူဥတွေကို ထုတလုပ်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ လေပွတာမျိုး၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးပါတယ်။
သွေးသန့်စေပါတယ်
ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
ကဲ …. ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ …..
ရွှေငှက်ပျောသီး က ကျန်းမာရေးအတွက် ကောင်းသလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ ဒါပေမယ့် ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း သတိပေးပါရစေ။
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား …… ဆိုတော့
- ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
- အင်အားပြည့်ဝစေတယ်
- သွေးပေါင်ချိန် ထိန်းညှိပေးတယ်
- ဆီးချို ထိန်းညှိပေးတယ်
- အမြင်အာရုံ ကောင်းစေတယ်
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- အစာခြေစနစ် ကျန်းမာစေတယ်
- သွေးသန့်စေပါတယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။