backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မင်းဂွတ်သီး ကျန်းမာစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မင်းဂွတ်သီး ကျန်းမာစေသလား

အသွင်အပြင်က ချစ်စရာ ကောင်းသလို အရသာလည်း ကောင်းတဲ့ မင်းဂွတ်သီးကို အသီးတွေထဲမှာ အကြိုက်ဆုံးလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ မင်းဂွတ်သီး စားရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပြောပြပေးထားလို့ပါ။

မင်းဂွတ်သီး ဆိုတာ

မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။

အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။ သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။

အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။ အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။

မင်းဂွတ်သီးမှာ ပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ ……

စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာ အာဟာရအနေနဲ့ 

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • ဗီတာမင် C
  • ဗီတာမင် B9 (folate)
  • ဗီတာမင် B1 (thiamine)
  • ဗီတာမင် B2(riboflavin)
  • မဂ္ဂနိစ်
  • ကော့ပါး
  • မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။

မင်းဂွတ်သီး ကျန်းမာစေသလား

မင်းဂွတ်သီး အသားအရေ လှစေသလား .....

မင်းဂွတ်သီးက ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

မင်းဂွတ်သီးက သွေးကြောတွေကို ပြေလျော့စေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုကြောင့် သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန် အနေအထားမှာ ထိန်းညှိပေးပြီး နှလုံးကြွက်သား အားနည်းတာ၊ ပြင်းထန်တဲ့ နှလုံးရောဂါ အခြေအနေတွေနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီတွေကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ထောက်ကူပေးပါတယ်။

ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အအေးမိတာ၊ တုပ်ကွေး နဲ့ အဆုတ်ရောင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

မင်းဂွတ်သီးမှာ အရောင်ကျစေနိုင်တဲ့ အပင်ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ xanthones ပါဝင်နေတာ​ကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်နာ၊ အရိုးအဆစ် နဲ့ ကြွက်သားတွေ နာကျင် ကိုက်ခဲတာ၊ လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။

  • ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေနိုင်တယ်
  • ဗီတာမင်  ဘီအုပ်စုဖြစ်တဲ့  flavonoids နဲ့ folate (vitamin B9)တို့ ပါဝင်နေတာကြောင့် အာရုံကြောတွေကို ကျန်းမာစေသလို ဦးနှောက်ဆဲလ်တွေထဲမှာ အနယ်တွေ စုပုံတာလိုမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။  သိမြင်မှုစွမ်းရည် ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    မင်းဂွတ်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာ​ကြောင့် အရေပြားပေါ်က ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြားဆဲလ်တွေဆီကို သွေးနဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။

    အရေပြားကို ဘက်တီးရီးယားတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်တင်ပြီး ကျန်းမာလှပနေစေမှာပါ။

    အရသာရှိလှတဲ့ မင်းဂွတ်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ခဏခဏ စားမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစားစားပြီးချိန်မှာရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဆီးချိုလက္ခဏာတွေကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။

    မင်းဂွတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B အုပ်စု နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အရေပြားဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေဖို့ ထောက်ကူပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြားကို နေရောင်ကြောင့် မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ၊ အမာရွတ်၊ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ကြည်လင် လှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    မင်းဂွတ်သီးမှာ အပင်ကနေရတဲ့ bioactive componentတွေ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးသလို ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူ နဲ့ ပန်ကရိယကင်ဆာတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    မင်းဂွတ်သီးက လူတော်တော်များများနဲ့တော့ တည့်ပါတယ်။ အလွန်အကျွံ စားတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။

    မင်းဂွတ်သီး ကျန်းမာစေသလား

    မင်းဂွတ်သီး စားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
    • နှလုံးကျန်းမာစေတယ်
    • ကိုယ်ခံအား ကောင်းစေနိုင်တယ်
    • နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတယ်
    • ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေနိုင်တယ်
    • အရွယ်တင်စေနိုင်တယ်
    • သွေးချိုကျစေတယ်
    • အသားအရေ ကျန်းမာစေတယ်
    • ကင်ဆာ ကာကွယ်ပေးတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement