သနပ်ရွက် နဲ့ ကျန်းမာရေး
ထမင်းမြိန်စေနိုင်တဲ့ ရာသီစာ သနပ်ရွက်လေးက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
သနပ်ရွက်က ချောင်းဆိုးတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာ၊ လည်ချောင်း ယားယံတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
ပိုးကောင်ကိုက်တာ၊ ထိခိုက်ရှနာနဲ့ အခြားသော အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ သနပ်ရွက်ကို စားပေးလို့ရသလို အရွက်ကို ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။ အရေပြားရောဂါတွေ ကင်းဝေးစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေနိုင်ပါတယ်။
သနပ်ရွက်က ဓာတ်တိုးမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
သနပ်ရွက်က ဆီးရွှင်စေနိုင်သလို ဆီးချိုသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
သနပ်ရွက်က ခန္ဓာကိုယ်မှာ ပူလွန်းအေးလွန်းတာမျိုး မဖြစ်စေဖို့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
သနပ်ရွက်က အသည်းကို သန့်စင်ပေးပြီး အသည်းကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းရောဂါတွေ သက်သာစေဖို့ စားပေးလို့ ရပါတယ်။
ကိုယ်တွင်းအနာတွေကို သက်သာစေနိုင်တယ်။
သနပ်ရွက်က ခံတွင်းထဲက အနာတွေကို သက်သာစေနိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အနာတွေကို သက်သာစေနိုင်ပါတယ်။
အဆစ်ရောင်ရောဂါ၊ လေးဖက်နာနဲ့ ဂေါက်ရောဂါတွေကြောင့် အဆစ်နာတာတွေကို သက်သာစေဖို့အတွက်လည်း သနပ်ရွက်ကို စားပေးလို့ ရပါတယ်။ ဆေးဝါးတွေလို ထိထိရောက်ရောက် မသက်သာနိုင်ပေမယ့် အထိုက်အလျောက်တော့ သက်သာစေနိုင်ပါတယ်။
ကဲ …… ထမင်းမြိန်စေတဲ့ သနပ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ။
သနပ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။
- ကိုယ်ဝန်ဆောင်တွေ
- နို့တိုက်မိခင်တွေ
- ရောဂါအခံရှိသူတွေ
- ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။