အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီး၏ အကျိုးကျေးဇူးများ

ကီဝီသီးဟာ အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အတွင်းသားဟာ ချိုချဉ်ပြီး စူးရှပါတယ်။ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးဟာ နေရာဒေသမျိုးစုံမှာ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကီဝီသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံ ဖြစ်ပါတယ်။ ၁။ ပန်းနာရင်ကျပ်ကို သက်သာစေခြင်း ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် အထောက်အကူပြုပါတယ်။ ကီဝီသီးကို ပုံမှန်စားသုံးခြင်းဟာ အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကျိုးပြုတယ်လို့ သုတေသနအချို့အရ သိရပါတယ်။ ၂။ အစာကြေစေခြင်း ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာချေစနစ်ကို အထောက်အကူဖြစ်စေပါတယ်။ ကီဝီသီးမှာ actinidin လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ်ဟာ လူ့ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တမျိုးဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အမျှင်ဓာတ်ကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးရဲ့ အဆိုအရ ၂၀၀၀ ကယ်လိုရီခန့် စားသုံးသူတစ်ဦးဟာ အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက်အရွယ်၊ ကျား/မ ကွဲပြားမှုတွေအပေါ် မူတည်ပါသေးတယ်။ အသက် ၅၀ အောက် အမျိုးသမီးအနေနဲ့ တစ်ရက်ကို အမျှင်ဓာတ် ၂၁ မှ ၂၅ ဂရမ်ထိ စားသုံးသင့်ပြီး အသက် ၅၀ အောက် အမျိုးသားဆိုရင် တစ်ရက်ကို ၃၀ မှ ၃၈ ဂရမ်ထိ စားသုံးသင့်ပါတယ်။ အသက်တစ်နှစ်မှ ၁၈ နှစ်အကြားဆိုရင် တစ်ရက်ကို အမျှင်ဓာတ် ၁၄ မှ ၃၁ ဂရမ်ကြား […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ Helloဆရာဝန် ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက် လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။ ချဉ်ပေါင်ရွက် ဆိုတာ ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမြင်မယ် ထင်ပါတယ်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ပါ။ ချဉ်ပေါင်ရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ........ စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာလူး နဲ့ ကျန်းမာရေး

ပြုတ်ပဲ စားစား၊ ကြော်ပဲကြော်ကြော်၊ အသားတို့၊ ဘဲဥတို့နဲပဲ တွဲချက်ချက်၊ ထောင်းပဲစားစား။ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲ လုပ်စားစား အရသာရှိပြီး စိတ်တိုင်းကျစေတဲ့ အာလူးလေးက ဘယ်လိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးနေသလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ အာလူးလေး ကပေးတဲ့ အာဟာရ အရွယ်တော် အာလူးတစ်လုံးမှာ ကယ်လ်လိုရီ အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B6 ပိုတက်ဆီယမ် မဂ္ဂနိ့ မဂ္ဂနီဆီယမ် Phosphorus Niacin Folate တို့ ပါဝင်နေပါတယ်။ အာလူး ကပေးတဲ့ ကျန်းမာရေး သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ကျန်းမာရေးအတွက် အကျိုးများသလို နေထိုင်မှု ပုံစံကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လိုစားစား အရသာရှိတဲ့ အာလူးလေးကတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆားအကြောင်း အကောင်းအဆိုး

အိမ်သုံးဆားနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ ကောင်းကျိုးဆိုးကျိုးတွေကို သိပါသလား။ ဆားအကြောင်း အကောင်းအဆိုး တွေကို ပြောပြပေးချင်ပါတယ်။ အများစုကတော့ အစားအစာများကို ချက်ပြုတ်ရာမှ မရှိမဖြစ် အသုံးပြုရတဲ့ ပစ္စည်းအနေနဲ့၊ လွန်ကဲစွာ စားသုံးမိရင် သွေးတိုး နဲ့ နှလုံးရောဂါဖြစ်စေမယ့် ပစ္စည်းအနေနဲ့ သိကြပါတယ်။ ဆားအကြောင်း အကောင်းအဆိုး ဆားအကြောင်း အကောင်းအဆိုး လေ့လာလိုက်ရအောင်နော်။ ဆားကို ဓာတုဗေဒအရ ဆိုဒီယမ်ကလိုရိုဒ် (NaCl) လို့ ခေါ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်း၊ ကလိုရိုဒ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တကယ်တော့ ဆားဟာ လူ့ကိုယ်ခန္ဓာရဲ့ မရှိမဖြစ်ဓာတ်ဆား (electrolyte) ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေ ဟန်ချက်ညီမျှတဖို့၊ အာရုံကြောများ လျှပ်ကူးခြင်း ကောင်းမွန်စေဖို့၊ ကြွက်သားများ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ ရှေးယခင်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

သစ်သီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီး လို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။ နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။ ချဉ်စော်ခါးသီး အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊ သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။ ဘယ်လို အာဟာရကြွယ်လဲ ........ ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........

ဗီတာမင် C က ကိုယ်ခံအား ကောင်းစေသလို အနာကျက်မြန်စေတဲ့ အာနိသင်ကြောင့် ဗီတာမင် C ကို စားသုံးဖို့ လိုမယ် ဆိုတာက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်ပါ။ လူတော်တော်များများက ဗီတာမင် C လို့ ပြောလိုက်ရင် လိမ္မော်သီး စားရမယ်ဆိုတာပါ။ တကယ်က လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ ဟင်းသီးဟင်းရွက်တွေ ရှိနေပါတယ်။ ဘာတွေများ ဖြစ်မလဲ...... လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေက ဘာတွေများလဲ.......... လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွ ဟင်းသီးဟင်းရွက်တွေက မာလကာသီး မာလကာသီးက စားရတာ အရသာရှိပြီး အရည်ရွှမ်းသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် မာလကာသီးမှာ ကယ်လ်လိုရီ ၃၇ ဂရမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးဖျော်ရည် သောက်ကြမယ်

ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။ သရက်သီးဖျော်ရည်မှာ ဘယ်လို အာဟာရဓာတ်တွေပါဝင်နေလဲ....... သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း အကျိုးပြု ကိုလက်စထရော ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် phosphorus သံဓာတ် selenium ဆိုဒီယမ် တို့ ပါဝင်ပါတယ်။ သရက်သီးဖျော်ရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင် ကင်ဆာ ကာကွယ်ပေးတယ် သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

အဆီဆိုတာနဲ့ လူအတော်များများဟာ မကောင်းတဲ့ဖက်က မြင်ကြပါတယ်။ ဒါပေမယ့် အဆီဓာတ်ဟာလည်း ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်ဖို့ စတဲ့လုပ်ငန်းတွေအတွက် အဆီဓာတ်ကို လိုအပ်ပါတယ်။ အဆီဓာတ်တွေအကြောင်း ပြောတော့မယ်ဆိုရင် ‌ မကောင်းတဲ့ဆီနဲ့ ကောင်းတဲ့ဆီတွေ ဖြစ်တဲ့ ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ ဆိုတာကို သိဖို့ လိုပါတယ်။ ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ နောက်ပိုင်းမှာ စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များနဲ့ သကြားများကို အဆီနေရာမှာ အစားထိုးသုံးလာကြရာမှာ ကယ်လိုရီအများအပြား ပါဝင်လာတဲ့အပြင် အာဟာရဓာတ်လည်း မယ်မယ်ရရ မရှိပါဘူး။ ပြည့်ဝဆီ ဆိုတာဘာလဲ ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) နှစ်ခုနဲ့ မဟုတ်ဘဲ တင်းကြပ်စွာပူးကပ်နေတဲ့ အဆီဓာတ်တွေကို ပြည့်ဝဆီလို့ခေါ်ပါတယ်။ များသောအားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲအနေနဲ့ တွေ့ရပါတယ်။ ပြည့်ဝဆီရဲ့ရင်းမြစ်တွေကတော့ - အမဲသား၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တွေများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား.............. သံပုရာသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C သံဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B6 Thiamine ပိုတက်ဆီယမ် niacin folate phosphorus riboflavin မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ကတော့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း