၂။ မလိုင်ဖယ် နွားနို့ (Skim Milk)
လူတစ်ယောက်ရဲ့ အရသာ ခံနိုင်စွမ်း မတူညီတဲ့အတွက် အဆီလျှော့ထားတဲ့ နွားနို့နဲ့ ယှဉ်လိုက်ရင် အရသာ အလေး၊ အပေါ့က မတိမ်းမယိမ်း ဖြစ်နေတတ်ပါတယ်။ ကယ်လိုရီဓာတ်နဲ့ အဆီဓာတ် ပမာဏ အနည်းဆုံး ပါဝင်တာကြောင့် နှလုံး မကောင်းသူတွေ၊ သွေးတိုး၊ ဆီးချိုသမားတွေလည်း သောက်ပေးနိုင်တယ်။ ကယ်လ်စီယမ် ပါဝင်မှုနှုန်းကတော့ အများဆုံး ဖြစ်တာကြောင့် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ အရိုးပါးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်ပေးနိုင်ပါတယ်။
၃။ အဆီလျှော့ နွားနို့ (Low Fat Milk)
ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Omega-3 ၊ ကယ်လ်စီယမ်ဓာတ် အစရှိတဲ့ အာဟာရဓာတ် ပါဝင်မှုနှုန်းသည် အလယ်အလတ်မှာ ရှိနေပါတယ်။ သူ့မှာ ဗီတာမင် ဒီ ဓာတ်ကတော့ ပါဝင်မှု အများဆုံး ဖြစ်တာကြောင့် အရိုးနဲ့ သွားကို ကျန်းမာစေပြီး ဆယ်ကျော်သက်အရွယ်တွေကို အရပ်ပိုရှည်ထွက်စေနိုင်ပါတယ်။ Diet လုပ်နေတဲ့ အမျိုးသမီးတွေဆိုရင် အဆီလျှော့ နွားနို့ကို သောက်ပေးလို့ ရပါတယ်။
များသောအားဖြင့် ကျန်းမာရေးအတွက် သီးသန့် သောက်ပေးတဲ့ သူတွေအနေနဲ့ နွားနို့ အမျိုးအစားကို အရမ်း ရွေးချယ်နေစရာ မလိုပါဘူး။ အဓိက နွားနို့ရဲ့ အားသာချက်သည် အရည် ဖြစ်တဲ့အတွက် အမာစာတွေထက် ကိုယ်ခန္ဓာက အာဟာရဓာတ်ကို လျင်မြန်စွာ စုပ်ယူနိုင်စေဖို့ ကူညီပေးတယ်။ ပရိုတင်းဓာတ်က ကြွက်သားတက်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ အရိုး၊ သွားကို ကြံ့ခိုင်စေတယ်။ နှလုံးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။ ကလေးအရွယ်မှာကတည်းက နွားနို့ကို တစ်နေ့ တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် တခြားကလေးတွေထက် ကြီးထွားဖွံ့ဖြိုးမှုနှုန်း လျင်မြန်စေလို့ မိဘတွေအနေနဲ့ အအေး ဖျော်ရည်တွေအစား နွားနို့ကို ရွေးချယ်ပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။