backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ဒါမှမဟုတ် ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအမျိုးအစားတစ်မျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း၊ ဒီအန်အေပျက်စီးမှုကို ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ပေးပါတယ်။

သင့်ရဲ့အစားအသောက်တွေထဲမှာ ဖောလိတ်ဓာတ် အလုံအလောက်မရှိရင် ဖောလိတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေဟာ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

ဖောလိတ်ဓာတ်ကို လုံလောက်စွာ မစားသောက်မိရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ချို့ယွင်းမှုလက္ခဏာတွေ ပြတတ်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းခြင်းဆိုတာ သွေးနီဥဆဲလ်တွေ နည်းပါးသွားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ သွေးနီဥတွေဟာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတာကြောင့် သွေးအားနည်းတဲ့အခါ တစ်သျှူးကနေ အောက်ဆီဂျင်များ နည်းပါးသွားပါတယ်။

ဖောလိတ်ဟာ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ချို့တဲ့ရင် မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးသင့်ပါတယ်။

ဖောလိတ်ချို့တဲ့ခြင်း လက္ခဏာများ

ဖောလိတ်ဓာတ်ချို့တဲ့ရင် အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

– ပင်ပန်းနွမ်းနယ်ခြင်း

– ဆံပင်ဖြူခြင်း

– ပါးစပ်အနာပေါက်ခြင်း

– လျှာရောင်ရမ်းခြင်း

– ဖွံ့ဖြိုးကြီးထွားမှု ပြဿနာများကြုံတွေ့ရခြင်း

ဖောလိတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းရဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း

– အားနည်းခြင်း

– နုံးခွေခြင်း

– အသားအရေဖျော့တော့ခြင်း

– အသက်ရှူမြန်ခြင်း

– သည်းမခံနိုင်ဖြစ်ခြင်း

ဖောလိတ်ချို့တဲ့ခြင်းဘာကြောင့်ဖြစ်သလဲ

အစားအသောက် လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းခြင်းဟာ ဖောလိတ်ချို့တဲ့ရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ အစားအစာများကို အလွန်အကျွံချက်ပြုတ်ခြင်းဟာလည်း ဗီတာမင်တွေကို ပျက်စီးစေပါတယ်။

ရောဂါ။ အစာအိမ်အူလမ်းကြောင်းကနေ အာဟာရဓာတ်များ စုပ်ယူခြင်းကို ထိခိုက်စေတဲ့ ရောဂါများဟာ ဖောလိတ်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါရောဂါများကတော့ ခရွမ်းရောဂါ၊ စီးလိယတ်ရောဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေ ဖြစ်ပါတယ်။

မျိုးရိုးဗီဇ လူတချို့မှာ မျိုးရိုးဗီဖောက်ပြန်ခြင်းကြောင့် ကိုယ်ခန္ဓာကနေ ဖောလိတ်ဓာတ်ကို အသုံးချနိုင်စွမ်း လျော့နည်းသွားပါတယ်။

ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ။ ဆေးဝါးအချို့ဟာ ဖောလိတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးဝါးတွေကတော့ phenytoin (Dilantin)၊ trimethoprim-sulfamethoxazole၊ methotrexate နဲ့ sulfasalazine စတာတွေ ဖြစ်ပါတယ်။

အရက်သောက်ခြင်း။ အယ်လ်ကိုဟောဟာ ဖောလိတ်စုပ်ယူခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးကနေတဆင့် ဖောလိတ်စွန့်ထုတ်ခြင်းကို ပိုမိုမြင့်မားလာစေပါတယ်။

ဘယ်လိုကာကွယ်မလဲ

ဖောလိတ် သို့မဟုတ် ဖောလစ်အက်ဆစ်သောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးနိုင်ပါတယ်။ အဆိုပါအစားအစာတွေကတော့

– ပန်းပွင့်စိမ်း၊ ဟင်းနုနွယ် စသော အစိမ်းရင့်ရောင် အသီးအရွက်များ

– ငှက်ပျောသီး၊ ဖရဲသီး စသော အသီးအနှံများ

– ပဲအမျိုးမျိုး

– ခရမ်းချဉ်သီး

– ကညွတ်

– ကြက်ဘဲ၊ ဝက်သား

– အခွံမာရေသတ္တဝါများ

– ပေါင်မုန့်၊ cereal စတာတွေဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement