စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေကရော ကျန်းမာရေးကို ထိခိုက်စေနိုင်လားဆိုတာ ကြည့်လိုက်ကြရအောင်လား။

စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ

အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီး ကြာရှည်မခံဘဲ ပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲ အလုံပိတ်ကာ လေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲ ရက်ပေါင်းများစွာ ခရီးထွက်နေရတဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။

အရင်ဆုံး စားစရာကို လိုသလို လှီးစိတ်ကာ စည်သွပ်ဘူးထဲ ထည့်ပါတယ်။ ပြီးသွားတော့မှ စည်သွပ်ဘူးထဲ ပိတ်ပြီး အပူပေးကာ မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို သတ်ပစ်ပြီး မပုပ်သိုးသွားစေဖို့ ပြုလုပ်ရပါတယ်။ စည်သွပ်ဘူးတွေဟာ ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်အခန်းအပူချိန်မှာ ထားထားရင်တောင် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅နှစ်အထိ မပျက်စီးဘဲ သိမ်းဆည်းထားနိုင်ပါတယ်။ အများစုကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ချက်ပြီးသားအသားဟင်းတွေ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ အသား၊ ပင်လယ်စာတွေကို ထုပ်ပိုးသိမ်းဆည်းတတ်ကြပါတယ်။

အာဟာရတန်ဖိုးပြောင်းလဲမှုရှိသလား။

စည်သွပ်ဘူးထဲ အလုံပိတ်ထားတဲ့အခါ ပရိုတင်းဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတဲ့ အာဟာရတန်ဖိုးဟာ လျော့နည်းသွားခြင်းမရှိပါဘူး။ ဗီတာမင် ဘီ နဲ့ ဗီတာမင် စီလိုမျိုး ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓါတ်တွေကတော့ ပြင်းထန်စွာ အပူပေးလိုက်တဲ့အခါ အနည်းငယ်လျော့သွားနိုင်ပါတယ်။ ဒီတော့ အာဟာရတန်ဖိုးဟာ ပြောင်းတာလည်း ရှိသလို မပြောင်းလဲဘဲ နဂိုအတိုင်း ရှိနေတာမျိုးလည်း ရှိနိုင်ပါတယ်။

လူတွေက ဘာကြောင့် စည်သွပ်ဘူးပိတ်အစားအစာတွေကို စားသုံးမှုများလာကြတာလဲ။

၁။ လတ်လတ်ဆတ်ဆတ် အစားအစာတွေလိုမျိုး အချိန်ကုန်ခံ ချက်ပြုတ်စရာမလိုဘဲ မိနစ်အနည်းငယ်ပေးပြီး အပူပေးရုံနဲ့ နဂိုအရသာအတိုင်း စားသုံးနိုင်ပါတယ်။

၂။ ဈေးလဲသက်သာတယ်။ အခြေခံလူတန်းစားအများစုအတွက် တတ်နိုင်တဲ့ ငွေကြေးပမာဏဖြစ်တယ်။

၃။ ရေခဲသေတ္တာတင်မကဘဲ အခန်းအပူချိန်မှာ သိမ်းဆည်းထားနိုင်တယ်။

၄။ အချိန်ကြာကြာ သိမ်းဆည်းထားလို့ရတဲ့အတွက် အခုလို ရေဘေးသင့်ကာလတွေ၊ မုန်တိုင်းဒဏ်သင့်ကာလတွေမှာ လိုရမယ်ရ အိမ်မှာ ရိက္ခါသဘောအနေနဲ့ ဆောင်ထားလို့ရတယ်။

ကျန်းမာရေးအတွက် မကောင်းတဲ့ အချက်တွေက ဘာတွေလဲ။

၁။ ကြာရှည်ခံအောင် ဓါတုဗေဒနည်းစနစ်နဲ့ ပြုပြင်ထားတဲ့အစားအစာဖြစ်တာကြောင့် ရေရှည်စားမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။

၂။ အရသာထူးကဲစေဖို့ ဆား၊ သကြား၊ အချိုမှုန့်ပမာဏကို လိုအပ်သည်ထက် ပိုသုံးထားတတ်တယ်။

၃။ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပါလာနိုင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တယ်။

၄။ ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင် အာဟာရဓါတ်ပိုမိုလိုအပ်တာကြောင့် စည်သွပ်ဘူးပိတ် အစားအစာတွေကို မစားသုံးသင့်ပါဘူး။

ဒါကြောင့် တတ်နိုင်ရင်တော့ အစားအစာတွေကို ကိုယ်တိုင်ဝယ်ယူချက်ပြုတ်ပြင်ဆင်ပြီး စားပေးပါ။ စည်သွပ်ဘူးပိတ်အစားအစာတွေကို တစ်ခါတလေမှပဲ စားပါ။ အခုလို မိုးဘေး၊ လေဘေးရာသီမျိုးမှာ အိမ်မှာ စည်သွပ်ဘူးအနည်းငယ် ဝယ်ပြီး ဆောင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတိုင်း အလွယ်လမ်းကိုပဲ လိုက်မယ်ဆိုရင်တော့ အရင်ဆုံးထိခိုက်မှာ ကိုယ့်ရဲ့ကျန်းမာရေးပဲဆိုတာ ဂရုပြုဆင်ခြင်ဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဘေဘီလေးကို ရေညှိကျွေးရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

လက်ကောက်ဝတ် ခေါင်းစည်းကြိုး လက် အာရုံကြော ဆံပင် သွေးလည်ပတ်မှု ဆိုးကျိုး ရောဂါပိုး ကူးစက်ရောဂါ သန့်ရှင်းမှု လက်ဆေးခြင်း အရေပြားကျန်းမာရေး အလှအပ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

အယ်လ်ကိုဟော အရက် ဘီယာ ဝိုင် အရက်သောက်ခြင်း ရုပ်ရင့်ခြင်း ရင့်ရော်ခြင်း အသားအရေ အဆိပ်အတောက် ကျန်းမာရေး ဆိုးကျိုး အကြောင်းရင်း ထိခိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ထုံးတမ်းစဉ်လာအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ အရပ်ပြောစကားအရ ကလေးလေးတွေကို ဆံပင် ရိတ်ပေးလေ့ ရှိကြပါတယ်။ ဒီလို ရိတ်တာ လုပ်သင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read
ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား............

ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 17, 2020 . 1 min read
အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 1 min read
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 1 min read