ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်ကောင်းကြိုက်တဲ့သူတွေသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ငရုတ်ကောင်းရဲ့ အံ့မခန်းကျန်းမာရေး အကျိုးကျေးဇူးများ ။ ။ ငရုတ်ကောင်းဆိုတာ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး အမွှေးအကြိုင်တစ်ခုပါ။ မွှေးပျံ့ပြီး ပူစပ်လှတဲ့သူ့ရဲ့ အာနိသင်ကြောင့် အနံ့ကလေးရတာနဲ့တင် သင့် အစားအစားချင်စိတ်ကို သူကဆွပေးနေတာပါ. ။ ဟင်းပွဲတော်တော်များများရဲ့ မွှေးရနံ့နဲ့ အရသာကို တာဝန်ယူထားရတဲ့ ဒီငရုတ်ကောင်းဟာ သင့်ကျန်းမာရေး ကောင်းမွန်ဖို့အတွက်လည်း တာဝန်ယူထားတဲ့ အရာတစ်ခုဆိုရင်မှားပါဘူး။ ငရုတ်ကောင်းက ပေးစွမ်းတဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက ဘာတွေလဲ ။ ။ အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ။ ငရုတ်ကောင်းစားလိုက်ပြီဆိုတာနဲ့ အစာခြေရည်နဲ့ အစာခြေ အင်ဇိုင်းတွေကို အစာအိမ်ထဲက ပိုထွက်စေတဲ့အပြင် အစာခြေတဲ့နေရာမှာ ကူညီပေးတဲ့ ပန်ကရိယက အင်ဇိုင်းတွေကိုလည်း ပိုထွက်စေတာကြောင့် ငရုတ်ကောင်းက အစာခြေစနစ်ကို အားပေးတဲ့ အရာတစ်ခုဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ငရုတ်ကောင်းဟာ လေလည်စေဖိုက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်အလေးချိန် တက်လိုသူတွေအတွက်

ကိုယ်အလေးချိန် တက်ချင်တယ်။ ဘာစားလို့ စားရမလဲ မသိဘူးဆိုပြီး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုယ်အလေးချိန် တက်ဖို့ ဘာတွေစားရမလဲ ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် တက်လာဖို့ ဆိုရင်တော့ နို့ ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးပါ။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ကြွက်သားတက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ပရိုတင်း Shake ကိုယ်အလေးချိန်တက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။လေ့ကျင့်ခန်းလုပ်ရင်းပရိုတင်း Shakeသောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကြွက်သားတွေတက်ပြီး ကိုယ်အလေးချိန်တိုးလာမှာပါ။ ထမင်း ထမင်းတစ်ပန်းကန်စာမှာ ကယ်လ်လိုရီ ၂၀၀လောက်ပါဝင်နေပါတယ်။ ထမင်းကကိုယ်အလေးချိန်တက်စေဖို့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ရရှိစေနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။ အနီရောင်အသား အနီရောင်အသားစားသုံးတာက ကြွက်သားတက်စေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း တက်စေနိုင်ပါတယ်။ အဆီမပါတဲ့ အနီရောင်အသား စားသုံးပေးလို့ ရပါတယ်။ အခွံမာသီးတွေ အခွံမာသီးတွေပုံမှန်စားသုံးပေးတာက ကိုယ်အလေးချိန်တက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်ခင်းကို ဒီအရာတွေမစတင်ပါနဲ့

မနက်ခင်းအစပြုမှုက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အကောင်းဆုံးစတင်ဖို့ မနက်ခင်းမှာ ဒီအရာတွေနဲ့ မစတင်ဖို့ပြောပါရစေ။ မနက်စာအဖြစ်မစားသင့်တဲ့အရာတွေ   လိမ္မော်ရည် လိမ္မော်ရည်ဆိုတဲ့နေရာမှာ အသီးစစ်စစ်ကိုဖျော်ထားတာမဟုတ်ဘဲ လိမ္မော်အချိုရည်မျိုးကိုပြောတာပါ။ ဒီအချိုရည်တွေက သကြားပါဝင်မှုများပြီးသွေးတွင်းသကြားဓါတ်ကို တက်စေနိုင်တာကြောင့် မနက်ခင်းမှာ အချိုဓါတ်ပါဝင်မှုများတဲ့ လိမ္မော်ရည်ကို မသောက်ဖို့ပြောပါရစေ။ သကြားဓါတ်ပါဝင်မှုများတဲ့ ကွေကာအုတ် မနက်ခင်းမှာ ကွေကာအုတ်စားတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဆိုပေမယ့် သကြားပါဝင်မှုများရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သကြားပါဝင်မှုများတဲ့ ကွေကာအုတ်တွေကို မစားပါနဲ့။ ဒီလိုစားသုံးမှုကသွေးတွင်း ဂလူးကို့စ်ကိုမြင့်တက်စေနိုင်ပြီး ခဏတာတော့ အားပြည့်သလိုခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အားအင်ကုန်ခမ်းသွားသလို ခံစားရနိုင်ပါတယ်။ ကော်ဖီ မနက်ခင်းကို ကော်ဖီလေးတစ်ခွက်နဲ့ စတင်လိုက်တာက အကောင်းဆုံးလိုပ ယူဆနေသူတွေရှိနေနိုင်ပါတယ်။ တကယ်တော့ မနက်စာအနေနဲ့ ကော်ဖီတစ်ခွက်သောက်တာက နေ့လည်စာအထိခွန်အားတွေရှိနေအောင် သင့်ကို အားမဖြည့်ပေးနိုင်ပါဘူး။ နောက်တစ်ချက်က အချိုဓါတ်တွေနဲ့ နို့၊နို့မှုန့်တို့ရောစပ်ထားတဲ့ ကော်ဖီတွေက အစာခြေစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အစားမစားခင် ကော်ဖီသောက်တာမျိုးမလုပ်ပါနဲ့။ ကော်ဖီကြိုက်တတ်ရင်လည်း ဗိုက်ပြည့်တာအရာတစ်ခုခုနဲ့တွဲစားပေးတာအကောင်းဆုံးဖြစ်မှာပါ။ ငှက်ပျောသီး အချို့က မနက်စာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆီကြော်နဲ့ကျန်းမာရေး

ထမင်းစားတဲ့အခါ အကြော်လေးတစ်ခွက်၊ ဆီပြန်လေးတစ်ခွက်၊ အရည်ဟင်းလေး၊ ငပိရည်၊တို့စရာလေးနဲ့မှ ခံတွင်းမြိန်တယ်ဟုတ်။ တစ်ခါတလေ ဘာစားရမှန်းမသလို့ ငါးလေးပဲကြွပ်ကြွပ်ကြော်စားလိုက်တယ်၊ ကြက်သားလေးပဲကြော်စားလိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဟုတ်။ မုန့်ဟင်းခါးစားစား၊ အသုပ်စားစား အကြော်လေးထည့်စားရမှာ ခံတွင်းတွေ့တဲ့သူတွေရှိနေတယ်မှတ်လား။ ဒါဆိုရင်တော့ ဆီကြော်တွေအကြောင်းနည်းနည်းလောက်ပြောကြရအောင်နော်။ လူတော်တော်များများကကြော်ထားတဲ့အရာတွေကို စားသုံးရတာ ခံတွင်းတွေ့ကြပါတယ်။ အာလူးချောင်းကြော်၊ ကြက်ကြော်၊ ငါးကြော်၊ အသားကြော်တွေ အပြင် အမျိုးမျိုးသော အကြော်တွေကို ခံတွင်းတွေ့စွာနဲ့ စားသုံးကြပါတယ်။ကြော်ထားတာတွေက တာရှည်ခံသလို စားသုံးရတာလည်း အဆင်ပြေ အရသာတွေ့တာကြောင့် ဆီကြော်တွေစားသုံးမှုက တစ်နေ့တခြားစားသုံးမှုများလာခဲ့ပါတယ်။ တကယ်တော့ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေက ကယ်လ်လိုရီပါဝင်မှုများသလို အသွင်ပြောင်းအဆီတွေပါဝင်မှုလည်းတော်တော်လေးများပါတယ်။ ဒါကြောင့်ဆီကြော်အစားအစာတွေကို စားမယ်ဆိုရင် ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော်တော်လေးများပါတယ်။ မနက်စာကနေစလို့ ညအိပ်ရာမဝင်ခင်အထိ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေက မပါမဖြစ်ပါဘဲ။ ဒီအစားအစာတွေက အစာခြေစနစ်အပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်စေနေတာပါ။ ဆီကြော်ဆိုလို့ မနက်စာစားလေ့ရှိတဲ့ စမူဆာ၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Diet လုပ်ခြင်းနဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့အရာတွေ

၂၁ရာစု တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မကြာခဏ ကြားနေရတဲ့ စကားတစ်ခွန်းကတော့ “ငါ diet လုပ်တော့မယ်” ဆိုတာပါပဲ။ ကိုယ်အလေးချိန် ကျချင်ပြီး ပိန်သွယ်လျ လှပချင်တဲ့ မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားတာကတော့ Diet လုပ်ခြင်းပါပဲ။ ဒီတော့ Diet ဆိုတာဘာလဲ။ Diet လုပ်တာနဲ့ ပတ်သက်ပြီး လူတွေ မှားသိထားတဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ Diet ဆိုတာဘာလဲ။ အလွယ်ပြောရမယ်ဆိုရင်တော့ နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရကို ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ပြောင်းလဲပစ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ ကိုယ်အလေးချိန်ကျဖို့ သက်သက် မဟုတ်ပဲ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ရရှိဖို့ ကိုယ်နေ့စဉ် စားသောက်နေရတဲ့ အစားအစာမှာ ဆီ၊ ဆား၊ သကြား၊ ကယ်လိုရီ၊ ကိုလက်စထရော၊ ကစီဓာတ် များနေလား ဆိုတာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ

အရက်နာကျတဲ့ ခံစားချက်က တော်တော်ဆိုးဝါးတယ်ဆိုတာ ကြုံဖူးတဲ့သူတွေပဲ သိကြမှာပါ။ ဒီဘက်ခေတ်ကြီးမှာ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အရက်ေသာက်လာကြပါတယ်။ အပေါင်းအသင်းတွေနဲ့ ဆုံခိုက်၊ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံနေချိန်မှာ အနည်းဆုံးတော့ အရက်လေး ဝင်လိုက်ရမှ အာလေး၊ လျှာလေး သွက်လာပြီး ပိုပျော်ဖို့ကောင်းလာတာပေါ့။ ကျန်းမာရေးအရ အရက်ဆိုတာ မကောင်းတဲ့အရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေဆိုတော့ ဒါတွေကို ဂရုမစိုက်ပဲ သောက်ကြတာပါပဲ။ ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ အရက်ကို ပမာဏတစ်ခုထိ ကျော်လွန်ပြီး သောက်တာကြောင့်ရော အရက်သောက်နည်း မမှန်တာကြောင့် မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ လက္ခဏာကို ကြုံရပါတယ်။ အရက်နာကျနေမှန်း သိနိုင်မယ့် လက္ခဏာများ မောပန်းတာ၊ အားနည်းတာ ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ ခေါင်းမူး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။

အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။ တချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။ ။ အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။ အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့ ၁ - L-carnitine ပါဝင်မှု အများဆုံးပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်အစားအစာတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ ကြက်သွန်မြိတ်

တရုတ်ဆိုင်တွေ သွားစားရင် အရံဟင်းရည်ထဲ အမြဲပါတယ်၊ ကြက်သွန်မြိတ်။ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်စားမလား ကြက်သွန်မြိတ်ပါတယ်။ ကြက်သားဆန်ပြုတ် ဘာညာဆိုလည်း ကြက်သွန်မြိတ် ခတ်တယ်။ ဆီချက်ဆိုလည်း ကြက်သွန်မြိတ်ပါမှ၊ ဖက်ထုပ်စားမလား ကြက်သွန်မြိတ်နဲ့ အသားနဲ့ ထုပ်တာ။ တရုတ်အစားအစာတင်လား ဆိုတော့မဟုတ်ဘူး။ ရှမ်းအစားအစာတွေမှာလည်း ကြက်သွန်မြိတ်အသုံးများပါတယ်။ ရှမ်းအစားအစာ ဟင်းထုပ်လေးတွေမှာလည်း ကြက်သွန်မြိတ်နဲ့လေ။ ဒါဆို အနံရော အရသာရော အရမ်းထူးမသွားဘဲ ဘာလို့ ဒီလောက်သုံးကြတာလဲ။ ပရိသတ် အယောက်တစ်ရာရဲ့အဖြေက ... ကြက်သွန်မြိတ် ရဲ့ ကျန်းမာရေး ကောင်းကျိုး အစာကြေစေတယ် သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက ကြက်သွန်ဖြူလိုပဲ အလားတူအာနိသင်တွေ ပေးနိုင်ပါတယ်။ အစာမကြေဖြစ်တာတွေကို သက်သာစေနိုင်တယ်လေ။ ပြီးတော့ ကြက်သွန်မြိတ် ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ အာနိသင်ကြောင့် ဘက်တီးရီးယား အတော်များများကို ရှင်းလင်းနိုင်တယ်ဆိုတော့ အစာအိမ်အူလမ်းကြောင်းစနစ်ကို ဒုက္ခပေးနိုင်တဲ့ salmonella ဘက်တီးရီးယားနွယ်ဝင်တွေ ကာကွယ်နိုင်တာပေါ့။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

ဟင်းထုပ် ၊ ဟင်းထုပ်ဆိုပြီး ရှမ်းဆိုင်တွေမှာ ဝယ်စားကြပါတယ်။ နာမည်အရသာ ဟင်းထုပ်လို့ ခေါ်တာပါ။ ဆန်မှုန့်ရယ်၊ ကြက်သွန်မြိတ်ရယ် ရောစပ်ပြီး ပြုလုပ်တဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ ရှမ်းပြည်နယ်ရဲ့ နေရာဒေသ အမျိုးမျိုးမှာ ဟင်းထုပ်ပါဝင်ပစ္စည်းတွေ၊ ပြုလုပ်နည်းတွေ နည်းနည်းစီ ကွဲပြားကြပေမယ့် အခြေခံအားဖြင့်တော့ ဒီနှစ်မျိုးကအဓိကပါ။ ကြက်သွန်မြိတ်နဲ့ ဆန်(ထမင်း) ရဲ့ အာဟာရတန်ဖိုးတွေကြောင့် ရှမ်းပြည်ရဲ့ ဝိသေသဆောင်တဲ့ အင်းလေး ဟင်းထုပ် က အာဟာရလည်းဖြစ်၊ ဆေးဖက်လည်း ဝင်တာ ဖြစ်ပါတယ်။ ဆန်မှုန့်ကနေ ကယ်လိုရီ လုံလောက်စေမှာဖြစ်လို့ ခွန်အားလည်း ပြည့်မယ်၊ ဘေးလည်းမရှိဘူး၊ ကြက်သွန်မြိတ်အစွမ်းနဲ့ အစာကြေလွယ်စေမယ်၊ အသားဓာတ် ထပ်လိုချင်ရင် ငါး သို့မဟုတ် ကြက်/ဝက်တစ်မျိုးမျိုးထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။ အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ ကြက်သွန်မြိတ်က - အစာကြေစေတယ် နှလုံးအတွက် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ

လေဒီေတာ်တော်များများရဲ့ စိတ်ကူးက ကျစ်လျစ်သွယ်လျလှပတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့မြင်သူငေးလောက်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာများပါတယ်နော်။ အခုနောက်ပိုင်းမှာ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက်လေဒီလေးတွေက Diet လုပ်တာ၊ Gymဆော့တာတွေကိုလုပ်လာကြပါတယ်။ ဒီလိုတွေလုပ်တဲ့အခါမှာလည်း သူများတွေကျ ပိန်သွားလိုက်တာ ငါ့ကျမှဘာလို့ မပိန်ရတာလဲလို့တွေးနေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိနေလား။ ဒါဆိုရင် ဒီနည်းလေးက အသုံးတည့်မယ်ထင်ပါတယ်။ သွေးအမျိုးအစားအလိုက် Diet လုပ်ကြမယ် သွေးအမျိုးအစားအလိုက်လုပ်ရတဲ့ Diet ဆိုလို့ နည်းနည်းများထူးဆန်းသွားလား။ ဒီနည်းလမ်းကို ၁၉၉၆ ခုနှစ်ကPeter D’Adamo ဆိုတဲ့ ဆရာဝန်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို စားသုံးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို ဝိတ်ကျချင်သူတွေအတွက်လည်း အသုံးတည့်တယ်၊လို့တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူများတွေပိန်ပေမယ့် ကိုယ်မပိန်တာက အများပြောသလို ငါကရေသောက်လည်း ဝ၊လေရှုလည်း ဝဖြစ်နေတာမဟုတ်ပါဘူး။ ကိုက်ညီတဲ့ ဓါတ်စာကို မစားမိသေးတာလည်းဖြစ်နိုင်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း