backup og meta

DHA အကြောင်း ဘာတွေသိထားသင့်လဲ..........

DHA အကြောင်း ဘာတွေသိထားသင့်လဲ..........

ကျန်းမာရေး ဗဟုသုတတွေ များလာတဲ့အတူ ကျန်းမာရေးကို လိုက်စားသူတွေ အရင်ကထက် များလာကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ကြတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လာကြတယ်။ ဒီလို ကျန်းမာအောင် နေထိုင်မှုက နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကျန်းမာနေစေ ဖို့အတွက် အာဟာရပြည့်အောင် စားသုံးတဲ့အထဲမှာ သတိလက်လွတ် ဖြစ်နေတတ်တဲ့အချက် တစ်ခုရှိပါတယ်။ ဒီအကြောင်းလေးကို အခု ဆောင်းပါးလေးထဲမှာ ပြောပြပေးထားပါတယ်။

ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်ချက်တစ်ခု (သို့မဟုတ်) DHA

ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့  အများကြီးပေါ့။ ဒီအထဲမှာမှ ပရိုတင်းကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို နားထောင်ရင်းနဲ့မှ သတိထားမိလာကြတာပါ။

DHA ဆိုတာ ဘာလဲ……….

DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။

ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး နှလုံးရောဂါ လိုမျိုး နာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA က ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။

DHA ဘာတွေ လုပ်ပေးလဲ………

DHA က အဓိကအားဖြင့် ဆဲလ်အမြှေးပါးတွေထဲမှာ ရှိတတ်ပြီး ဆဲလ် တစ်ခုနဲ့တစ်ခုကြားမှာ အရည်အဖြစ်နဲ့ ရှိနေတတ်ပါတယ်။ ဒီလို တည်ရှိမှုက အာရုံကြောဆဲလ်တွေဆီကို electrical signals ပေးပို့ ရောက်ရှိမှုကို မြန်ဆန်လွယ်ကူစေပါတယ်။ ကိုယ်တွင်းမှာ DHA များလေလေ အာရုံကြောဆဲလ်တွေ အချင်းချင်း ဆက်သွယ်မှုကို မြန်ဆန် လွယ်ကူ ထိရောက်စေတယ်။ မျက်လုံး နဲ့ ဦးနှောက်ကြားမှာ ချိတ်ဆက်မှု အားနည်းလာတဲ့အခါ မျက်လုံးမှုန်တာ၊ ဦးနှောက် လုပ်ဆောင်မှု အားနည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာရေးအတွက် DHA

DHA က ဦးနှောက် နဲ့ အမြင်အာရုံကို ကျန်းမာစေဖို့ အဓိက ထောက်ပံ့ပေးတာပါ။ DHA ကို ပြည့်ဝလုံလောက်စွာ ရရှိမှုက

  • ဦးနှောက် တစ်ရှူးတွေကို ကြီးထွားစေပြီး ဦးနှောက် ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေး ပါတယ်။
  • အသက်အရွယ်ကြောင့် ဖြစ်တဲ့ ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • သတိမေ့တာလိုမျိုး ဦးနှောက် နဲ့ မှတ်ဉာဏ် ဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေး နိုင်တယ်။

အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းမှာ DHA ပမာဏ နည်းလာလေလေ ဖြစ်ပြီး ခဏခဏမေ့တာ အပါအဝင် ဦးနှောက်နဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် လိုအပ်တဲ့ DHA ပမာဏ ပြည့်ဝဖို့ လိုမှာပါ။

DHA ရဲ့ ကျန်းမာရေး အကျိုးအာနိသင် အချို့

DHA က ဦးနှောက် ကျန်းမာရေးတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြားကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပေးပါသေးတယ်။

တစ်နေ့တာမှာ လိုအပ်မယ့် DHA ပမာဏ

  • ကျန်းမာတဲ့ အရွယ်ရောက်သူ တစ်ယောက်အနေနဲ့ တစ်နေ့တာမှာ DHA နဲ့ EPA နှစ်ခုပေါင်း အနည်းဆုံး ၂၅၀ mg ကနေ ၅၀၀ mg လိုအပ်မှာပါ။ လေ့လာမှုတွေအရ တစ်နေ့ကို DHA ပမာဏ ၁၀၀ mg လိုအပ်မှာပါ။
  • မွေးစကနေ ၂ နှစ်အထိ ဘေဘီလေးတွေ အနေနဲ့ကတော့ တစ်နေ့တာမှာ DHA ပမာဏ ၄.၅ mg ကနေ ၅.၅ mg အထိ လိုအပ်မှာပါ။ ၂ နှစ်အထက် ဘေဘီလေးတွေ အနေနဲ့ကတော့ တစ်နေ့တာမှာ DHA ပမာဏ ၂၅၀ mg လိုအပ်မှာပါ။
  • ကိုယ်ဝန်ဆောင် ဒါမှမဟုတ် နို့တိုက်မိခင် တစ်ယောက်အနေနဲ့ ဆိုရင်တော့ တစ်နေ့တာမှာ DHA ပမာဏ ၂၀၀ mg  အနည်းဆုံး လိုအပ်မှာပါ။
  • မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိတဲ့ ကလေးတွေအနေနဲ့ကတော့ တစ်နေ့မှာ DHA ပမာဏ ၅၀၀ ကနေ ၁၇၀၀ mg  လိုအပ်နိုင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ နနွင်းမှာပါတဲ့ curcumin ဒြပ်ပေါင်း က ခန္ဓာကိုယ်ရဲ့ DHA စုပ်ယူမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ဘာတွေကနေ ရရှိနိုင်လဲ……………

ကျန်းမာပျော်ရွှင်ဖို့ လိုအပ်တဲ့ DHA ကို ဖြည့်စွက်အာဟာရတွေမှာ အတွေ့ရများပေမယ့်

  • ဥအမျိုးမျိုး
  • မိခင်နို့
  • နွားနို့
  • ပင်လယ် ရေညှိ
  • အဆီပါဝင်မှုများတဲ့ တူနာ၊ ဆယ်လ်မွန် တို့လိုမျိုး ပင်လယ်ငါးတွေ
  • ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးမှုမရှိတဲ့ တိရစ္ဆာန်တွေရဲ့ အသားတွေ ကနေ ရရှိနိုင်ပါတယ်။

ကဲ…… ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်ကျော်ဖို့ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးများတဲ့ DHA ကို သတိထား ဖြည့်စွက်ပေးပါနော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Health Benefits of DHA (Docosahexaenoic Acid) https://www.healthline.com/nutrition/dha-benefits Accessed Date 27 February 2020

DHA (Docosahexaenoic Acid): A Detailed Review https://www.healthline.com/nutrition/dha-docosahexaenoic-acid Accessed Date 27 February 2020

Omega-3-rich foods: Good for your heart https://www.health.harvard.edu/heart-health/omega-3-rich-foods-good-for-your-heart Accessed Date 27 February 2020

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်

အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement