သြဇာသီး လို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။