backup og meta

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ်

နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့အစားအစာတွေ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား။ ကိုယ်စားသုံးနေတဲ့အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့  လက္ခဏာရပ်တွေနဲ့ ပြည့်စုံရဲ့လားဆိုရင်တာသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ် တွေက ဘာတွေလဲ…………………..နေ့စ​ဉ်စားသုံးနေတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ရပ်ဖြစ်ဖို့ဆိုရင် ဒီလက္ခဏာရပ်တွေနဲ့ပြည့်စုံဖို့လိုပါမယ်။

ထိုက်သင့်တဲ့ပမာဏရှိရမယ်

ကျန်းမာရေးနဲ့ညီညွတ်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အစားအစာတွေပြင်ဆင်တဲ့အခါ လိုအပ်တဲ့အာဟာရတွေ အချိုးအစားကျနစွာပါဝင်နေဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ထမင်းက ၅၀ ရာခိုင်နှုန်း၊ အသားက ၂၅ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်က ၁၅ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၀ ရာခိုင်နှုန်းစသဖြင့်ပေါ့။ ဒါမှ ခန္ဓာကိုယ်ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တော့မှာပေါ့။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ရာရောက်မှာပါ။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေပါပါစေ

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကလေးကို သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန်ကျွေးပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသလို၊ အသက်အရွယ်ရလာတဲ့အခါ နာတာရှည်ရောဂါတွေမခံစားရအောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေစားတတ်တဲ့ အကျင့်လုပ်ပေးပါ။

သန့်ရှင်းလတ်ဆတ်မှုရှိပါစေ

အစားအသောက်တွေက လတ်ဆတ်လေလေ အာဟာရတန်ဖိုးမြင့်လေလေပါ။ ဒါကြောင့် ကလေးကို အာဟာရပြည့်ဝစွာရရှိစေဖို့ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးဖို့မမေ့ပါနဲ့။  ဒီလိုလုပ်ပေးတာက အာဟာရပြည့်ဝစေရုံတင်မဟုတ်ဘဲ မလိုလားအပ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့်အစားအစာတွေကိုရွေးချယ်တဲ့အခါ သန့်ရှင်းလတ်ဆတ်မှုကိုလည်း ဂရုစိုက်ပေးပါ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေကို ကန့်သတ်ပါ

အဆီဆိုတိုင်း ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ မဆိုသာပါဘူး။ အချို့အဆီတွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုပါတယ်။ ဒါကြောင့် ကလေးစားသုံးမယ့်အစားအစာတွေကို ပြည့်ဝဆီတွေနဲ့ အသွင်ပြောင်းအဆီတွေ မပါဝင်ဖို့ ဂရုစိုက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက သွေးတွင်း ကိုလက်စထေရော များတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အမျိုးအစား -၂ ဆီးချိုမဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ငါး၊ သံလွင်ဆီ၊ ထောပတ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။

ကောက်နှံတွေ

ကောက်နှံကနေ ထုတ်လုပ်တဲ့ အစားအစာတွေ ဖြစ်တဲ့ အုတ်ဂျုံ၊ ဆန်လုံးညို၊ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားသုံးပေးပါ။ ဒီလို စားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာ ရောက်သလို လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာတွေ မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ သွားဖုံးရောဂါ၊ သွားပျက်စီးတာ၊ သွေးတိုးတာနဲ့ ရောင်ရမ်းနာကျင်တာ၊ အူမကြီးကင်ဆာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ပြုပြင်ထားတဲ့အစားအစာတွေကိုလျှော့စားပါ

ပြုပြင်ထားတဲ့ အစားအစာတွေက ဆိုဒီယမ် ပါဝင်မှု မြင့်တာကြောင့် သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးတာနဲ့အတူ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေက အချိုကဲ အငန်ကဲသလို တာရှည်ခံပစ္စည်းတွေ ပါဝင်နေမှုက ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ဆီးချို၊ အဝလွန်တာလိုမျိုး ရောဂါတွေ မဖြစ်စေဖို့ဆိုရင် အသင့်စားဖို့ ပြုပြင်ထားတဲ့ အစားအစာတွေကိုလျှော့စားပေးပါ။

အခုကစပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်လိုက်တော့နော်….Helloဆရာဝန်ပရိသတ်ကြီးရေ…………

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Five Important Characteristics of Healthy Eating https://healthyeating.sfgate.com/five-important-characteristics-healthy-eating-5892.html Accessed Date 5 December 2019

Healthy Eating https://kidshealth.org/en/parents/habits.html Accessed Date 5 December 2019

Healthy eating – school lunches https://www.betterhealth.vic.gov.au/health/HealthyLiving/healthy-eating-school-lunches Accessed Date 5 December 2019

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး

ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် နေ့တိုင်းစားပေးသင့်တဲ့ အစားအစာအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement