ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားမြှင့်တင်ပေးသော အစားအသောက်များ

လူတွေကအများသောအားဖြင့်သူတို့ရဲ့ကုန်ဆုံးသွားတဲ့စွမ်းအင်ကိုပြန်ဖြည့်ဖို့ကော်ဖီတစ်ခွက်ဒါမှမဟုတ်သကြားလုံးတွေကိုစားကြပါတယ်။ ဒီနည်းလမ်းတွေကထိရောက်ပေမယ့်အချိန်တိုပဲဖြစ်ပါတယ်။ သင့်အနေနဲ့နောက်ပိုင်းမှာစွမ်းအင်ကုန်ခန်းမှာအသေအချာပါဘဲ။ ဒါကိုရှောင်ဖို့အတွက်သင့်အနေနဲ့ပရိုတိန်း၊အမျှင်ဓါတ်နဲ့ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ ဒါတွေကသာစွမ်းအင်ကိုကြာကြာထိန်းထားနိုင်မှာပါ။ အောက်မှာပေးထားတဲ့အချက်တွေကိုစမ်းကြည့်ရအောင်။   အစေ့အဆံများ ကာဘိုဟိုက်ဒရိတ်တွေကသင့်ရဲ့ကိုယ်အတွက် လောင်စာဆီလို့တင်စားလို့ရပါတယ်။ အစားအစာတိုင်းမှာမတူညီတဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်ပါတယ်။ ပေါင်မုန့်ဖြူနဲ့အစေ့အဆံအစာအစာတွေဥပမာ - အုတ်ဂျုံမှုန့်နဲ့အစေ့အဆံပေါင်မုန့်တို့ကိုစားခြင်းကသင့်ကိုယ်အတွက်ချက်ချင်းလုံလောက်တဲ့စွမ်းအင်ရစေမှာပါ။ လေ့လာသူတွေက quinoa လို့ခေါ်တဲ့စွမ်းအားမြင့်အစေ့အဆံတစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီ quinoa မှာအမျှင်ဓါတ်အများအပြားပါဝင်တဲ့အပြင်ဗီတာမင်ဘီနဲ့ပရိုတိန်းလေးအမြောက်အမြားလည်းပါဝင်ပါတယ်။ သူ့ကိုဆန်လိုဘဲလွယ်ကူစွာချက်ပြုတ်နိုင်ပြီးပျားရည်တွေ၊တခြားအဆံတွေ၊ဘယ်ရီသီးတွေနဲ့လည်းရောပြီးအရသာရှိတဲ့မနက်စာရရှိနိုင်ပါတယ်။   အယ်လ်မွန်စေ့များ အယ်လ်မွန်စေ့တွေကအဆာပြေစားဖို့အကောင်းဆုံးရွေးချယ်မှုတွေပါ။ သူတို့ကသင့်ရဲ့ကိုယ်ကိုစွမ်းအင်ပေးရုံသာမကသူတို့မှာမဂ္ဂနီဆီယမ် နဲ့ဗီတာမင်ဘီလိုမျိုးအာဟာရဓါတ်တွေလည်းပါဝင်ပါသေးတယ်။ မဂ္ဂနီဆီယမ်က လူကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုထိန်းညှိပေးပြီးဗီတာမင်ဘီကတော့ပင်ပန်းနွမ်းနယ်ခြင်းနဲ့အာရုံမစူးစိုက်နိုင်ခြင်းကိုကာကွယ်ပေးပါတယ်။ တစ်ခါစားရင်၂၈ဂရမ်ဒါမှမဟုတ်၂၃ စေ့စားပေးခြင်းကသင့်ရဲ့ကိုယ်ခန္ဓါကိုလန်းဆန်းစေဖို့လုံလောက်ပါတယ်။ ပြောင်းဖူးပေါက်ပေါက် ပြောင်းဖူးပေါက်ပေါက်ကသင်ထောပတ်၊ဆားတွေနဲ့ရောမစားသရွေ့သင့်ရဲ့စွမ်းအင်ကိုမြှင့်တင်ပေးဖို့အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ အကြောင်းက ပြောင်းဖူးဆိုတာလည်းအစေ့အဆံတစ်မျိုးပါ။ သူကအမျှင်ဓါတ်ကြွယ်ဝတဲ့အပြင်စားရလည်းလွယ်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေကတခြားမုန့်တွေအာလူးကြော်တွေထက်အဆာပြေစေမှာပါ။ မှတ်သားထားရမှာတစ်ခုကရုပ်ရှင်ရုံမှာရတဲ့ ထောပတ်ပြောင်းဖူးပေါက်ပေါက်တွေထက်ကိုအဆီပါဝင်မှုနည်းတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကိုပဲတခြားဟင်းခတ်တွေအဆာပလာတွေနဲ့စားပါ။   လတ်ဆတ်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ သင့်ရဲ့ခန္ဓါကိုယ်ကိုစွမ်းအင်ပြည့်နေစေဖို့က ရေတွေသောက်ရမယ့်အပြင်လတ်ဆတ်တဲ့သစ်သီးနဲ့အရွက်တွေစားပြီး ရေဓါတ်ထိန်းထားဖို့လည်းလိုပါတယ်။ သစ်သီးတွေကကာဘိုဟိုက်ဒရိတ်သာမကဗီတာမင်အေနဲ့ စီကိုပါ ထောက်ပံ့ပေးပါတယ်။ သင်အချိုစားချင်တဲ့အခါသစ်သီးစားခြင်းကသင့်ကိုကျန်းမာစေပါတယ်။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့တစ်နေ့ကိုသစ်သီးဖျော်ရည်နှစ်ခွက်နဲ့တစ်ဝက်သောက်ပေးသင့်တယ်လို့အမေရိကန် သုတေသနတစ်ခုက ဆိုပါတယ်။။ ဒါ့အပြင်သင့်အစားအစာထဲကိုအသီးနဲ့ဟင်းရွက်တွေထည့်စားတဲ့အကျင့်ကိုလုပ်ပါ။   ငါးနှင့် အခွံမာရေသတ္တဝါများ အာဟာရကျွမ်းကျင်သူတွေကကျွန်တော်တို့အနေနဲ့တစ်ပတ်ကိုငါးနဲ့အခွံမာကောင်နှစ်ကြိမ်စားဖို့တိုက်တွန်းပါတယ်။ ငါးတွေကချက်ဖို့လွယ်တဲ့အပြင်အရသာရှိပါတယ်။ ပင်လယ်စာတွေကသံဓါတ်ပေါများပါတယ်။ သံဓါတ်တွေကလူကိုယ်အနှ့အောက်ဆီဂျင်တွေသယ်ပို့ရာမှာကူညီပါတယ်။ဥပမာကမာကောင်နဲ့ဂုံးကောင်တစ်ပန်းကန်စားခြင်းကသင့်တစ်နေ့သံဓါတ်လိုအပ်မှုရဲ့၃၀ကနေ၅၀ရာခိုင်နှုန်းကိုရစေပါတယ်။ ဒါ့အပြင်ဆယ်လမွန်ငါးမှာပါတဲ့ပရိုတိန်းနဲ့အိုမီဂါ သရီးဖက်တီးအက်ဆစ် တွေကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံကသင့်ဇီဝကမ္မဖြစ်စဉ်တွေနဲ့ဦးနှောက်လုပ်ငန်းစဉ်တွေကိုပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့စွမ်းအင်နဲ့စိတ်ခံစားမှုအပေါ်လည်းသက်ရောက်မှုရှိပါတယ်။“တစ်နေ့ပန်းသီးတစ်လုံးစားခြင်းကဆရာဝန်ကိုအဝေးရောက်စေတယ်” ဆိုတဲ့ဆိုရိုးကအလကားပြောထားတာတော့မဟုတ်ပါဘူး။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကျန်းမာစွာ စားသောက်ခြင်း

ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

ချောကလက်က ခေါင်းတခြမ်းကိုက်တာ ဒါမှမဟုတ် ရိုးရိုးခေါင်းကိုက်တာကို ဖြစ်စေနိုင်တယ်လို့လူအချို့က ယူဆထားကြပေမယ့် အများအားဖြင့်တော့ ချောကလက်ဟာ သင့်ရဲ့စိတ်ခံစားမှုအနေအထားကို တိုးတက်ကောင်းမွန်စေတယ်လို့သတ်မှတ်ထားကြပါတယ်။ ချောကလက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပေမယ့် ဒါကိုအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒွိဟပွား ငြင်းခုန်နေကြတုန်းပါပဲ။ ဒီတော့ အခုဆောင်းပါးမှာ ချောကလက်ဟာ ကျွန်တော်တို့တွေရဲ့စိတ်ခံစားမှု၊ စိတ်အခြေအနေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်ရှိအများစုလက်ခံထားကြတဲ့အချက်အလက်နဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ ချောကလက်က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်ကို ဘယ်လိုမျိုးပြောင်းလဲစေနိုင်သလဲ။ ချောကလက်က ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ပြောရမှာပါပဲ။ တချို့လူတွေဟာ ဝမ်းနည်းတဲ့အခါ၊ စိတ်ဓါတ်ကျတဲ့အခါ ချောကလက်ကို တမ်းတကြပြီး ချောကလက်လေးစားလိုက်တော့မှ စိတ်အခြေအနေပိုကောင်းလာတယ်၊ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွစေတဲ့ အာနိသင်ဟာ ခဏသာဖြစ်ပြီး အာနိသင်ကုန်ရင်တော့ ခုနကစိတ်ဖိစီး၊ စိတ်ဓါတ်ကျတဲ့အခြေအနေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ချောကလက်မှာ ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် tryptophan ဓါတ်တွေ ဦးနှောက်ထဲဝင်ရောက်နိုင်တဲ့နှုန်းကို ပိုများစေ၊ […]


အဝလွန်ခြင်း

စောစီးစွာ ကြီးကောင်ဝင်တာနဲ့ အဝလွန်တာ ဆက်စပ်မှု ရှိသလား

လေ့လာချက်တွေအရ သားသမီးတွေကြီးကောင်ဝင်ချိန်ဟာမိဘတွေတုန်းကထက်စောလာနေတယ်လို့သိရပါတယ်။ ဒါ့အပြင်ဒီဘက်နှစ်တွေထဲမှာအဝလွန်တဲ့ကလေးတွေလည်းပိုပိုများလာပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့လူပျိုဖော်/အပျိုဖော်အဝင်စောတာဆက်စပ်မှုရှိသလားလို့တွေးချင်စရာ ဖြစ်လာပါတယ်။ သင့်သားသမီးတွေရောဒီလိုဖြစ်နိုင်ချေရှိနေသလား။ ကြည့်ကြရအောင်။ အဝလွန်တာနဲ့ စောစီးစွာကြီးကောင်ဝင်တာ မိန်းကလေးငယ်တွေမှာ အပျိုဖော်စောဝင်တာဟာ အဝလွန်တာကြောင့် အဓိကဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ယောက်ျားလေးတွေမှာတော့ ဒီလိုမျိုးဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တဲ့ သက်သေသာဓကတွေမရှိပါဖူး။ အဆီဆဲလ်တွေကနေ leptinဆိုတဲ့ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးကောင်ဝင်ဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ leptinဓာတ် လုံလောက်စွာ ရှိဖို့လိုပါမယ်။ ဒါကြောင့် အဝလွန်တဲ့မိန်းကလေးတွေ (leptinဓာတ်ပမာဏများနေမယ့်မိန်းကလေးတွေ)ဟာ အပျိုဖော်ဝင်တာ စောဖို့ အခွင့်အလမ်းများနေပါတယ်။ ဒါတင် မကသေးပါဖူး။ အဆီဆဲလ်တွေက estrogen ဆိုတဲ့ မဟော်မုန်းကိုလည်းထုတ်ပေးနိုင်ပါသေးတယ်။ ဒီဟော်မုန်းက ရင်သားကြီးထွားတာနဲ့ကြီးကောင်ဝင်တာကို ဖြစ်စေနိုင်တဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာရင်သားကြီးလာပြီးဓမ္မတာစလာတဲ့အချိန်ကလည်းပုံမှန်ထက်ပိုစောနေပါလိမ့်မယ်။ လေ့လာမှု တချို့က ဘယ်လိုဆိုပြန်လည်းဆိုတော့ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုးကို ကာလကြာရှည်ထိတွေ့ကိုင်တွယ်နေရရင်လည်းစောစီးစွာကြီးကောင်ဝင်တာကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်ကအဆီဆဲလ်တွေဟာဓာတုဗေဒပစ္စည်းအချို့ကိုသိုလှောင်နိုင်စွမ်းရှိတဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာကြီးကောင်ဝင်ဖို့အခြေအနေပိုတိုးလို့လာရပြန်ပါတယ်။ တချို့ အဝလွန်တဲ့ ကလေးတွေရဲ့ ရင်သားမှာ အဆီတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာတဲ့အတွက် ဆရာဝန်တွေအနေနဲ့ စောစီးစွာကြီးကောင်ဝင်တာနဲ့မှားတတ်ကြပါသေးတယ်။ ဘာတွေစိုးရိမ်ရလဲ။ အပျိုဖော်ဝင်တာ […]


အဝလွန်ခြင်း

စောစောအိပ်ရာဝင်စေခြင်းဖြင့် ကလေးအဝလွန်ခြင်းကို ရှောင်ကြဉ်ကြပါစို့

ကလေးတွေကို ကောင်းမွန်စွာ အိပ်စက်တတ်တဲ့ အကျင့်လုပ်ပေးခြင်းမှာ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ဒီအကျင့်တွေဟာ ကလေးတွေဟာ သူတို့ဘဝနောက်ပိုင်းမှာ အဝလွန်ခြင်းကိုတောင် ကာကွယ်ပေးနိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ထားတဲ့ အမေရိကန်သုတေသန တစ်ခုက ဆိုပါတယ်။ ကလေးဘဝ အဝလွန်ခြင်းရဲ့ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ကလေးဘဝ အဝလွန်ခြင်းဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း ကလေးငယ်တွေမှာ နှစ်ဆနဲ့ ကြီးကောင်ဝင်ချိန်တွေမှာ လေးဆ ပိုများလာပြီဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို လောလောဆယ်မထိခိုက်သေးပေမယ့် အသက်ကြီးလာရင်တော့ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော ပမာဏ များခြင်း သွေးပေါင်တက်ခြင်း ဆီးချို အမျိုးအစား ၂ ပန်းနာရင်ကျပ် အိပ်နေရင်း ရုတ်တရက် မကြာခဏ အသက်ရှူရပ်ရပ်သွားခြင်း ကလေး အသက် ၅-၁၇ နှစ်တွေကို လေ့လာခဲ့ရမှာ ၆၀ ရာခိုင်နှုန်း လောက်သော ကိုယ်အလေးချိန်များတဲ့ကလေးတွေမှာ အနည်းဆုံး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း

Trans Fat (အသွင်ပြောင်းဆီ) ဆိုတာ အဆိုးဝါးဆုံးအဆီတစ်မျိုး လို့လေ့လာတွေ့ရှိရပါတယ်။ Trans fatty acidလို့လဲ ခေါ်နိုင်ပါသေးတယ်။ အဲဒါက ကောင်းတဲ့ကိုလက်စထရော(HDL)ကို နည်းစေပြီ းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို သွေးထဲမှာ များလာစေပါတယ်။ HDLနည်းပြီး LDLများနေတဲ့လူဟာ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါကို ခံစားနိုင်ခြေ ပိုများလာပါမယ်။ ၁။ Trans Fat ဆိုတာဘာလဲ။ တချို့အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာ၀ Trans Fat အနည်းငယ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့လည်း Trans Fatကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ကာ အခန်းအပူချိန်တွင်တောင် အခဲအဖြစ်ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေ သက်တမ်းကြာကြာခံအောင် အဲဒီဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်တွေမှာ အဆီတွေကို ခဏခဏပြန်လဲစရာ မလိုအောင် Trans Fatတွေကို ပြန်ကြော်ဆီအဖြစ် သုံးပါတယ်။ ၂။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ နွားနို့ကို လတ်ဆတ်သော နို့ရည်ပုံစံမှစပြီး အခြောက်ခံထားတဲ့ (သို့) အမှုန့် ပြုလုပ်ထားတဲ့ အသင့်သောက် နို့မှုန့်ပုံစံ အထိ ပုံစံ အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးနွားနို့က ပိုကောင်းသလား၊ နို့မှုန့်က ပိုကောင်းသလား ဆိုတာနဲ့ ပတ်သတ်ပြီး မဝေခွဲနိုင် ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် တွေကတော့ နို့ရည်နဲ့ နို့မှုန့်တို့ရဲ့ အာဟာရပါဝင်မှု နွားနို့ နှင့် နို့မှုန့် နှစ်ခုလုံးမှာ လူသားတွေ လိုအပ်ချက် အတွက် မရှိမဖြစ် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

ဒါက သွားရင်းလာရင်း မနက်စာအတွက် အဆင်ပြေပါတယ်။ သင့်အနေနဲ့ ဒီချက်နည်းအညွှန်းကို သင်ဆန္ဒရှိလျှင် zucchini (ဘူးသီးနွယ်ဝင် အသီးငယ်တစ်မျိုးဇူချီနီ) ပေါင်မုန့်အလုံးလုပ်လည်းရပါတယ်။ ချက်တဲ့အချိန်ကိုသာ မိနစ် ၅၀-၆၀ အထိသာ တိုးပေးပါ။ အစားအစာအမျိုးအစား။ ။ အဆာပြေမုန့် ပြင်ဆင်ချိန်။ ။၁၅မိနစ် ပါဝင်သောပစ္ခည်းများ • muffin ဖျန်းဆေးဘူး spray • muffin (မက်ဖင်)ခွက်၁၂ခု • Splendaသကြားညိုခွက်ရဲ့သုံးပုံတစ်ပုံ • အချိုမပါတဲ့ပန်းသီးဆော့စ်ခွက်တစ်ဝက် • Canola ဆီခွက်ရဲ့ လေးပုံတစ်ပုံ • ကြက်ဥလေးလုံး • ဗနီလာလက်ဘက်ရည်ဇွန်းတစ်ဇွန်း • ဂျုံတစ်ခွက် • Old fashioned rolled oats တစ်ခွက် • မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း • မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း • ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် • သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း • စွံပလွန်သီးလှီးပြီးသားခွက်ရဲ့ လေးပံတစ်ပုံ • Zucchini (ဇူချီနီ) နုတ်နုတ်စင်းပြီးသား ခွက်နှစ်လုံး အာဟာရ အချက်အလက်များ Muffin (မက်ဖင်၊ ပေါင်မုန့်ငယ်) တစ်လုံးမှာ • ၁၄၅ကယ်လိုရီ • ကာဗွန်ဟိုက်ဒရိတ်၂၁ဂရမ် • ပရိုတိန်း၄ဂရမ် • […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး

အိုမီဂါသရီးသည် ကျန်းမာရေးနှင့်ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိသည်ဟု ဟိုးယခင်ကတည်းကပင်ဆိုခဲ့ကြသည်။ ငါးကြီးဆီစားခြင်းဖြင့် နှလုံးရောဂါကိုကာကွယ်ကုသနိုင်သည်ဟုအကြံပြုထားကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ခန္ဓါကိုယ်သည် Omega 3 fatty acids (ငါးကြီးဆီ) ကိုမထုတ်လုပ်နိုင်ပါဘူး။ လုံလောက်သော ပမာဏရနိုင်ရန်အတွက် ဖြည့်စွက်စာစားခြင်း (သို့) အစားအစာထဲတွင် ငါးအဆီထည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အိုမီဂါ သရီး (Omega-3 fatty acids) အသားတွင်ရှိသော ပြည့်ဝဆီသည် သွေးအတွင်း ကိုလက်စထရောကိုတက်စေပါသည်။ သို့သော်လည်းငါးတွင် မပြည့်ဝဆီ (ငါးကြီးဆီ) ကြွယ်ဝပါသည်။ ငါးကြီးဆီသည် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့ကျစေသည်။ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ကို လျော့ကျစေပြီး သင့်ကိုကျန်းမာစေပါသည်။ ငါးကြီးဆီလုံလောက်စွာ စားသုံးသောသူများသည် နှလုံးနှင့်ပတ်သက်သောရောဂါများ ဖြစ်ရန်အခွင့်အလမ်း နည်းပါးပါသည်။ ငါးနှင့် ငါးကြီးဆီ လုံလောက်သော ငါးကြီးဆီပမာဏ ရရန်အတွက် အဆီများသောငါးများ (ဥပမာဆော်လမွန်၊ ဆာဒင်း၊ တူနာငါး)ကို ရွေးချယ်သင့်သည်။ ပင်လယ်စာအများစုသည် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချရာ၌ ပါဝင် စားသုံးပေးသင့်သော အစားအသောက်များ

အဆီချရမှာ အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်နှင့် လေ့ကျင့်ခန်းကိုယှဉ်တွဲပြီး လုံလုံလောက်လောက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သို့သော် အချို့သော လူတွေမှာ အဆီတွေဟာ အရမ်းဖယ်ရှားရ ခက်နေတတ်ပါတယ်။ သင်ဘယ်လောက်ဖယ်ရှားရ ခက်တဲ့ အဆီတွေဖြစ်ပါစေ ကိစ္စမရှိပါဘူး။ ယခုအချိန်ဟာ သင့်ရဲ့ အဆီတွေကိုချဖို့ရာ အသုံးဝင်တဲ့ အခြားသော ပစ္စည်းတွေ၊ အစားအသောက်တွေကို ရှာဖွေရမယ့် အချိန်ဖြစ်ပါတယ်။ အဆီချရာမှာ နည်းလမ်းအားဖြင့် အမျိုးမျိုး ကွဲပြားကြသော်လည်း ရည်ရွယ်ချက်အားလုံးကတော့ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ အဆီများကို ချေဖျက်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ် ပိုမို မြန်ဆန်လာစေခြင်းနှင့် ဂလူးကို့စ်ဓါတ်ကို လျော့ချခြင်း စတာတွေကို စုပေါင်းဦးတည်ပြီး လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပါတယ်။   ကဖင်းဓာတ် ကဖင်းဓာတ်ဟာဆိုရင် အဆီလျှော့ချတဲ့အခါ လူသိအများဆုံး ဖြည့်စွက်ပစ္စည်းပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာဆိုရင် အဆီရဲ့ ဓာတ်တိုးနှုန်းကို အလွန်မြင့်မားစေပြီး ခန္ဓာကိုယ်မှာ အဆီတွေကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ရဲ့အဆီပိုတွေကို ပျောက်ကင်းသွားအောင် ပြုလုပ်ပေးမယ့် အစားအသောက်များ

သင်ဟာအဝလွန်နေသူလည်း မဟုတ်ပဲ ဘာကြောင့် အဆီပိုတွေ၊ အဖုအထစ်တွေ ခန္ဓါကိုယ်မှာ ရှိနေရသလဲ ဆိုတာ အံ့ဩနေပါသလား။ အမှန်မှာတော့ ဒါဟာ ပုံမှန်သဘာဝပဲ ဖြစ်ပါတယ်။ ပိန်သော သူတွေမှာတောင် ဒီလို အဆီပို အဖုအထစ်တွေဟာ ရှိနေနိုင်ပါတယ်။ အဆီပိုဖုတွေဆိုတာ သင့်ရဲ့ အရေပြားအောက်မှာ ကပ်တင်ကျန်ရှိနေတဲ့ ရိုးရိုးအဆီတွေပဲ ဖြစ်ပါတယ်။ အသားအရေ ချောမှု၊ ကြမ်းမှု စတာတွေနဲ့ဆိုင်တဲ့ ပြဿနာအချို့ကြောင့် အသားအရေရဲ့ တွယ်ဆက်တစ်ရှူးတွေကို ဆန့်ကျင်ပြီး အဆီပိုတွေဟာ တွန်းထွက်လာကာ သင့်ရဲ့ အရေပြားပေါ်မှာ ဖုထစ်ဖောင်းထွက်လာပါတယ်။ သင်ဟာ အချို့သောအစားအသောက် အမျိုးအစားတွေကို စားပေးခြင်းအားဖြင့် သူတို့တွေကို ပျောက်ကင်းစေအောင် လုပ်နိုင်ပါတယ်။ ၎င်းအစားအသောက်တွေက ဘာတွေလဲ။ မပြည့်ဝဆီပါဝင်မှုများသော အစားအသောက်များ ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ အဆီပိုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ အိုမီဂါ သရီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)