ဂ။ အကြော်များ
ကြော်တယ်ဆိုကတည်းက အသွင်းပြောင်းဆီတွေထည့်ပြီး ကြော်တယ်လို့ ပြောစရာတောင် မလိုဘူးထင်ပါတယ်။
၃။ ပါဝင်ပစ္စည်းတွေ ကြည့်ဝယ်ပါ။
Trans Fat မပါတာတွေ ဝယ်ဖို့ ပါဝင်ပစ္စည်းကြည့်ဝယ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အမေရိကန်မှာဆိုရင် 0.5grams အောက် Trans Fat ပါခြင်းကို Trans Fatမပါဝင်ဘူးလို့ ယူဆကြပါတယ်။ Trans Fatတစ်ခုဖြစ်တဲ့ Partially Hydorgenated Vegetable Oil ပါမပါကိုလည်းစစ်ရပါမယ်။
၄။ Trans Fatစားသုံးခြင်းကို တတ်နိုင်သလောက် လျော့ချပေးပါ။
Trans Fatများ အထူးသဖြင့် ဟင်းရွက်ဆီတွေမှာပါတဲ့ စက်ရုံထုတ်အဆီမျိုးတွေဟာ ကျန်းမာရေးအတွက် ဘာအကျိုးမှမရှိပါဘူး။ Trans Fatကို တတ်နိုင်သမျှ နည်းအောင်စားဖို့ အကြံပေးထားပါတယ်။ FDAကတော့ အဒီအဆီမျိုးတွေကို အန္တရာယ်ကင်းတယ်လို့ကို အသိအမှတ်မပြုတော့ပါဘူး။ အစားအသောက်တွေမှာ Trans Fatတွေ ထည့်ချက်ခြင်းကို နောင်နှစ်အနည်းငယ်အတွင်း လုံးဝတားမြစ်ပိတ်ပင် သင့်ပါပြီ။
မိမိကျန်းမာရေးမထိခိုက်အောင် Trans Fatနဲ့ အခြားမကောင်းသောအဆီများကို သတိပြုစားသုံး သင့်ပါပြီ။ Trans Fatအစားထိုးပစ္စည်းကတော့ ပြည့်ဝဆီတွေပါ။ အဲဒါတွေကလည်း LDLကိုလက်စ်ထရောကို တက်စေပါတယ်။ ကျန်းမာတဲ့အစာစားခြင်းဆိုတာ အဆီ၃၅% အထက်ပိုမစားသင့်ပါဘူး။ အထူးသဖြင့် ပြည့်ဝဆီ ၁၀%ကို မကျော်သင့်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။