ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

အဝလွန်ခြင်း ၆ မျိုး

အဝလွန်ခြင်းဟာ လူကြီးတွေမှာသာ အဖြစ်များရုံကပဲ ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေမှာပါ ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ အတူ အခြားကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ သွေးပေါင်တက်ခြင်း၊ ဆီးချိုနဲ့ အချို့ကင်ဆာတွေ ဖြစ်တတ်ပေမယ့် လူအချို့က ဒီရောဂါကို လျှော့တွက်တတ်ကြပါတယ်။ အဝလွန်ခြင်းနဲ့ ပတ်သက်တဲ့ သိချင်ရင်တော့ ဒီဆောင်းပါးမှာ အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အဝလွန်ခြင်း အဝလွန်ခြင်းဟာ ကိုယ်ခန္ဓာမှာ အဆီအလွန်အကျွံ စုဝေးခြင်း ဖြစ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာက အဆီကို တိုင်းတာနိုင်တဲ့ နည်းလမ်းအများကြီးရှိပေမယ့် BMI ကတော့ အသုံးအများဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင့် BMI ဟာ ၂၅ ကနေ ၂၉.၉ အတွင်းရှိခဲ့ရင် ကိုယ်အလေးချိန်များတယ်လို့ ယူဆနိုင်ပါတယ်။ အဝလွန်ခြင်းဟာ အမေရိကမှာ အရွယ်ရောက်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံမှာ ရှိနေပါတယ်။ (ပျမ်းမျှ ၇၈.၆ သန်းဖြစ်ပါတယ်။) တစ်ချိန်တည်းမှာပဲ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျစေမယ့် အမူအကျင့် (၄) ခု

ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းပထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ကိုယ်အလေးအချိန်လျှော့ဖို့ သင်အသုံးပြုတဲ့နည်းလမ်းတွေက ကိုယ်ခန္ဓါကိုယ်နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး ပိုမိုကျန်းမာတဲ့ ခန္ဓါကိုယ်ဖြစ်စေဖို့ဆိုတာ မမေ့ပါနဲ့။ ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းတာက ရေရှည်လုပ်ဖို့တော့လိုပါတယ်။ မဟုတ်ရင် ခဏပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လိုပါတယ်။ အလားတူပဲ ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်းကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်း(၄)ခုအကြောင်း ဖြစ်ပါတယ်။   နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပါ တစ်နေ့ကို ၁၅ -၂၀ မိနစ်ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကိုယ်ခံအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အလှည့်ကျလုပ်ဆောင်ပါ။ အိပ်ရာကနေ မိနစ် ၂၀ လောက်စောထပြီးလုပ်ပါ ဒါမှမဟုတ် နေ့လည်ခင်းအချိန်မှာလည်း […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အန္တရာယ်ကင်းတဲ့အစားအစာတွေဖြစ်ဖို့ အချက် (၁၀) ချက်

အစားအသောက်ကို မှားယွင်းစွာစားသောက်ရင် အန္တရာယ်ရှိပြီး တစ်ချို့အခြေအနေတွေမှာဆို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစားအစာတွေကို ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဆိုတဲ့ အရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။   (၁) လက်ကို ဆပ်ပြာနှင့် စင်အောင်ဆေးပါ။ လက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အစားမစားမီ ဒါမှမဟုတ် အစားအသောက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ လက်ကို စင်အောင်ဆေးခိုင်းတာဖြစ်ပါတယ်။ ရေနွေးရယ် ဆပ်ပြာရယ်သုံးတာ ပိုကောင်းပါတယ်။ ရေနွေးထဲ စက္ကန့် ၂၀ လောက် စိမ်ပြီးဆေးပါ။ လက်ကိုခြောက်အောင်သေချာစွာထားပါ။   (၂) ပိုးသတ်ပါ။ ကလိုရင်း စတီးဇွန်းတစ်ဇွန်းနဲ့ ရေတစ်ဂါလံက သင်ချက်ပြုတ်မယ့် နေရာတွေကို ဆေးကြောဖို့ အကောင်းဆုံးပါ။   (၃) ရေခဲသေတ္တာကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပါ။ အနည်းဆုံးတစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စားလက်စ အစာတွေကို ရေခဲသေတ္တာထဲမှာ ၄ ရက်ထက် ပိုထားပြီး မစားသင့်ပါဘူး။ ပြုထားတဲ့အသားနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီးစားခြင်း နဲ့ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်

သစ်သီးတွေက ကိုယ်ခန္ဓါနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့် အသီးတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အသီးစားတာ နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖော်ပြသွားမှာကတော့ သစ်သီးတွေကို လွယ်လွယ်ကူကူစားဖြစ်စေမယ့် အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။ (၁) မြင်နိုင်တဲ့နေရာမှာထားပါ အသီးစားတာကို အစားအသောက်တစ်ခုစားတယ်လို့ တချို့လူတွေက မမြင်တဲ့အတွက် အသီးအစားနည်းကြပါတယ်။ စားပွဲပေါ်မှာ ကောင်တာပေါ်မှာ ရေခဲသေတ္တာထဲမှာ စတဲ့မြင်လွယ်တဲ့နေရာတွေမှာ အသီးအနှံတွေထားရင် သင်အသီးပိုစားဖြစ်မယ်လို့ ထင်ပါတယ်။ (၂) အချိုအဖြစ် အသုံးပြုပါ ကိုယ်ချက်တဲ့ဟင်းတွေထဲမှာ အချိုမှုန့် ဒါမှမဟုတ် သကြားထည့်တာထက်စာရင် ချိုမြတဲ့အရသာရှိတဲ့ အသီးတွေနဲ့ အစားထိုးစမ်းသပ်အသုံးပြုကြည့်ပါ။ သဘာဝထွက်ဇီးသီးက အရမ်းချိုတဲ့အတွက် သင့်ဟင်းလျာထဲမှာ ထည့်တာက ကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ (၃) သစ်သီးအမယ်အသစ် အပတ်တိုင်း စားကြည့်ပါ။ အပတ်စဉ် အသီးအသစ်တမျိုးမျီုးစားကြည့်တာက […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သက်လွတ်သမားများအတွက် ကျန်းမာစေမယ့် စားသောက်နည်း (၁၀) မျိုး

လူတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝဖို့ စားသောက်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတ်သတ်လွတ်သမားတွေအတွက် ဒီလို အာဟာရတော့ ပြည့်ဝအောင် စားဖို့ကတော့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျန်းမာတဲ့ သတ်သတ်လွတ်သမားဖြစ်ဖို့ အကြံပြုချက် (၁၀) ချက်ပဲ ဖြစ်ပါတယ်။ (၁) အသားဓါတ်ပါအောင်စားပါ။ သတ်သတ်လွတ်သမားတွေအတွက် အသားဓါတ်က ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေစားခြင်းဖြင့် ရနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ စားတဲ့ သတ်သတ်လွတ်သမားတွေအတွက်တော့ နို့နဲ့ဥ တွေကနေ အသားဓါတ်ကို ရရှိပါတယ်။ (၂) ကယ်ဆီယံဓါတ်ပါအောင်စားပါ။ ကယ်ဆီယံဓါတ်က ခန္ဓါကိုယ်ကြီးထွားမှုနဲ့ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ပဲနို့၊ တိုဖူး၊ အစိမ်းရင့်ရောင်အရွက်များ၊ လိမ္မော်ရည်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်ဆီယံဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် ကယ်ဆီယံဓါတ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်သောက်ဖူးတဲ့ ဆိုဒါအကြောင်း

ဆိုဒါက ကမ္ဘာနဲ့တစ်ဝှမ်း သောက်သုံးနေကြတဲ့ အရည်ဖြစ်ပါတယ်။ လူတိုင်းကြိုက်ကြပါတယ်။ ကြေးများတတ်သူတွေတောင် တခါတော့ ဆိုဒါတစ်ခွက်လောက် သောက်ဖူးမှာပါ။ ဆိုဒါအကြောင်း ဘယ်သူမှ များများစားစား မပြောကြပါဘူး။ ဝိုင်အကြောင်းကိုသာ ဂျာနယ်တွေ မဂ္ဂဇင်းစာစောင်တွေကတဆင့် ဆွေးနွေးချက်များ ရှိနေကြပြီး ဆိုဒါအကြောင်းတော့ မပြောကြပါဘူး။ ယခုသင်တို့ဖတ်ရမှာကတော့ ဆိုဒါအကြောင်းပဲ ဖြစ်ပါတယ်။ (၁) ဆိုဒါဆိုတာဘာလဲ။ သကြားရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ ပျော်ဝင်ပေါင်းစပ်ထားတာ ဖြစ်တာကြောင့် ဆိုဒါက ပူဖောင်းလေးတွေ ထနေတာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်မပါရင် ဆိုဒါက ပျင်းဖို့ကောင်းနေပါလိမ့်မယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျုးတွေက ဆိုဒါရေကနေ ပြိုကွဲလာပြီး မျက်နှာပြင်မှာ ဘူဘောင်းလေးတွေဖြစ်ပေါ်လာကာ လေထဲကို လွတ်မြောက်သွားပါတယ်။   (၂) ဆိုဒါကို ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်လား။ ရပါတယ်။ ဆိုဒါက အေးခဲနေတဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးလေးတွေရဲ့ ပြိုကွဲနှုန်းနဲပါတယ်။ ဒါကြောင့် အေးတဲ့ဆိုဒါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဒြပ်စင်တွေ ပိုပါနေတာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်ကို ပျော်ရွှင်စေမယ့် အစာ (၃) မျိုး

အစားအသောက်တွေက သင့်ခန္ဓါကိုယ် အားအင်ပြည့်ဖြိုးဖို့အတွက် မှော်ဆန်လောက်အောင် ပြုလုပ်မပေးနိုင်ပေမယ့် အစားစားလိုက်ရတဲ့အတွက် ချက်ခြင်းပျော်ရွှင်သွားတာမျိုးတော့ လုပ်နိုင်ပါတယ်။ သင်အနေနဲ့ လန်းဆန်းမှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ အစားအသောက် (၃) မျိုး စားကြည့်ဖို့ အကြံပြုပါတယ်။ (၁) အမဲရောင်ချောကလက် အမဲရောင်ချောကလက်က အန်တီအောက်စီဒန့်တွေ အများကြီးပါဝင်တဲ့အတွက် သင့်သွေးကြောတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး သွေးခုန်နှုန်း ကျန်းမာစေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်စေးပါတယ်။ သုတေသနတစ်ခုကတော့ စိတ်ဖိအားများတဲ့လူတွေအတွက် တနေ့ကို အမဲရောင်ချောကလက်တစ်အောင်စ (သို့) အောင်စဝက် စားရင် စိတ်ဖိအားများစေတဲ့ ဟိုမုန်းအဆင့်တွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီထက်ပိုပြောရရင် အမဲရောင်ချောကလက်မှာ မဂ္ဂနီဆီယံနဲ့ သတ္တုဓါတ်တွေပါတဲ့အတွက် PMS သွေးဆုံးပြီးရင် ခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းခြင်း၊ စိတ်ကျခြင်းနဲ့ ပူပန်စိုးရိမ်နေခြင်း မဖြစ်အောင် လျှော့ချပေးပါတယ်။ အမဲရောင်ချောကလက်ထဲမှာပါတဲ့ တန်ဖိုးရှိတဲ့ သဘာဝ ပစ္စည်းလေးတစ်ခုက သင့်ကို သုခဘုံတစ်ခုရောက်နေသလိုမျိုး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကစီဓါတ်နဲ့ အမျှင်ဓါတ်အကြောင်း သင်သိပါသလား

ကစီဓါတ်နဲ့ အမျှင်ဓါတ်ဆိုတာ လူတိုင်းကြားဖူးနေကြ အာဟာရဓါတ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဓါတ်တွေက လူခန္ဓါကိုယ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာကိုတော့ လူအနည်းငယ်သာ မှန်မှန်ကန်ကန်သိကြပါတယ်။ ကစီဓါတ်ဆိုတာဘာလဲ။ ကစီဓါတ်ဆိုတာ သကြားဓါတ်တစ်မျိုး၊ နှစ်မျိုး ဒါမှမဟုတ် မြောက်များစွာပါဝင်တဲ့ အစာအုပ်စုပါ။ ရိုးရှင်းတဲ့သကြားဓါတ်နဲ့ ကာဗွန်ဟိုက်ဒြိတ် ပါဝင်ပါတယ်။ သကြားဓါတ်တစ်မျိုးတည်းပါရင် ချိုတဲ့အရသာရှိပြီး ကာဗွန်ဟိုက်ဒြိတ်အရောကတော့ ကစီဓါတ်အရသာရှိပါတယ်။ နို့၊ အသီးဖျော်ရည်၊ ပျားရည်၊ အိမ်သုံးသကြား ဒါမှမဟုတ် သစ်သီးတွေကနေ ရိုးရိုးသကြားဓါတ်ရရှိနိုင်ပြီး ကာဗွန်ဟိုက်ဒြိတ်အရောကိုတော့ ပြောင်း၊နှံ နဲ့ ကစီဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကနေ ရနိုင်ပါတယ်။   ကစီဓါတ်က ခန္ဓါကိုယ်ကို ဘယ်လိုလုပ်ဆောင်ပေးလဲ။ လူတွေအစားစားပြီးတာနဲ့၊ ချေဖျက်နိုင်တဲ့ ရိုးရိုးသကြားတွေက ဂလူးကိုစ့်အဖြစ် ပြောင်းလဲသွားပြီး သွေးတွင်းအချိုဓါတ်ကို မြင့်တက်စေပါတယ်။ အလားတူပဲ အင်ဆူလင်လု့ိခေါ်တဲ့ ဟိုမုန်းတစ်မျိုးထွက်လာပြီး ဒီသကြားဓါတ်ဘယ်လောက်ကို သိမ်းထားမယ် ဘယ်လောက်ကို နေ့စဉ်လှုပ်ရှားမှုတွေအတွက် အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ အသုံးပြုပြီး ပိုနေတဲ့ ဂလူးကိုစ့်တွေကတော့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကယ်လိုရီကို ဘယ်လို ရှောင်ရှားမလဲ

ကယ်လိုရီတဖြည်းဖြည်းတက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိတောင် မထားမိလိုက်တဲ့အချိန်၊ ပုံမှန်အတိုင်းပဲ နေနေတဲ့အချိန်မျိုးမှာ တစ်ပေါင်ပြီးတစ်ပေါင် ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ သင်စားနေကျ ကျန်းမာတဲ့ အစားအသောက်တွေကနေ ကယ်လိုရီတွေက တိမ်မြုပ်ခိုအောင်းနေတာဖြစ်ပြီး ကြာလာတဲ့အခါမှာ ကယ်လိုရီအစုအဝေး ဖြစ်လာပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းမတိုးစေဖို့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ ပန်းကန်အရွယ်အစားကို ချိန်စားပါ။ သုတေသန စစ်တမ်းတွေမှာတော့ လူတွေက ပန်းကန်ကြီးကြီးနဲ့ စားမိရင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီတာပဲဖြစ်ဖြစ် မညီတာပဲ ဖြစ်ဖြစ် အများကြီး ထည့်စားတတ်မိကြပါတယ်။ ပန်းကန်ပြားအကြီးထဲမှာ အပြည့်ကြီးထည့်မယ် အားလုံးပြောင်အောင်စားမယ်။ တကယ်တော့ အနေတော်ပန်းကန်ပြားလေးနဲ့ ထည့်စားတာက ကယ်လိုရီကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မသွားခင် စားသွားပါ။ သင်က ပါတီသွားဖို့ရှိတယ်။ ဟိုမှာရှိတဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ မစားမိဖို့ဆိုရင် မသွားခင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆာပြေလေး စားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့်ခန္ဓါကိုယ်မှာရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဖြင့် နာတာရှည်ရောဂါအများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားကောင်းကျိုးတွေ အများကြီး ရရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပါဝင်တဲ့ အဟာရတွေအပြည့်အဝ ရရှိဖို့ အရေးကြီးပါတယ်။ အခုဖော်ပြသွားမှာကတော့ ဟင်းသီးဟင်းရွက်တွေကနေ အာဟာရအပြည့်အဝရအောင် ဘယ်လိုစားသောက်ရမလဲဆိုတာပါပဲ။ အလတ်ဆတ်ဆုံးကိုရွေးပါ။ လတ်ဆတ်မှလည်း ရေခဲသေတ္တာထဲမှာ အကြာကြီးခံမှာဖြစ်ပါတယ်။ အေးတဲ့နေရာမှာ ထားပါ။ ဟင်းသီးဟင်းရွက်အမျိုးအစား အားလုံးအတွက် ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုပါဘူး။ မုန်ညင်းရွက်နဲ့ တခြားအစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေက အစိုဓာတ်များတဲ့အတွက် ဟင်းသီးဟင်းရွက် ထည့်တဲ့ခွက်ထဲမှာသာ သိမ်းသင့်ပါတယ်။ ကြက်သွန်၊ အာလူးနဲ့ တခြားသော အမြစ်ပါတဲ့ အသီးအရွက်တွေကတော့ အေးပြီး စိုထိုင်းမှုမရှိတဲ့ နေရာတွေမှာ ထားနိုင်ပါတယ်။ အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲမထည့်ခင် ရေဆေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် မုန်လာဥလို အမြစ်ပါတဲ့ အသီးအနှံတွေက အပေါ်ယံ နည်းနည်းပါးပါး ပေးနေနိုင်ပါတယ်။ ဒါကို အနည်းငယ်ဖယ်ရှားလိုက်တာနဲ့ ဆဲလ်နံရံတွေပျက်ဆီးသွားပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း