backup og meta

နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

    အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ဟာ နုပျိုလှပနေဖို့ပါပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကြီးလာပြီး အသားအရေတွေဟာလည်း လျော့ရဲလာပါတယ်။ အရေးအကြောင်းတွေကလည်း စတင်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဓာတ်စာတွေက နောက်နှစ်အနည်းငယ်လောက်အထိ ပြန်လည်နုပျိုစေဖို့ အကူအညီပေးနိုင်မှာပါ။ နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ က ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

    နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

    နုပျိုစေတဲ့ အစားအစာများ ကတော့

    ထောပတ်သီးဟာ ကျန်းမာရေးကို အကျိုးပြုရုံသာမက အသားအရေ လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မလိုင် အရသာရှိတဲ့ ထောပတ်သီးမှာ ဗီတာမင် အီးနဲ့ B complex တို့ပါဝင်ပြီး သူတို့က အသားအရေကို အားဖြည့်ရာမှာ အကူအညီ ပေးပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြေဝင်းလက်စေတဲ့ ဖက်တီးအက်စစ် ပါဝင်ပြီး ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဗီတာမင် စီလည်း ပါဝင်ပါသေးတယ်။

    ထောပတ်သီးကို နည်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ အစိမ်းပဲဖြစ်ဖြစ်၊ ဖျော်ရည် လုပ်သောက်ပြီးဖြစ်ဖြစ်၊ အသုပ်ထဲ ထည့်စားတာပဲဖြစ်ဖြစ်ပေါ့။ ဒါကတော့ အသားအရေ နုပျိုလှပနေစေဖို့ စားသင့်တဲ့ အသီး တစ်မျိုးပဲ ဖြစ်ပါတယ်။

    ၂။ ဆော်လမွန်ငါး

    ရာစုနှစ် ပေါင်းများစွာ ကတည်းက ဆော်လမွန်ငါးဟာ ငယ်ရွယ်နုပျိုမှုကို ဆွဲဆန့်ချင်သူတွေအတွက်နဲ့ အရေးအကြောင်း ကင်းတဲ့ အသားအရေကို လိုချင်သူတွေကြားမှာ လူသိများပါတယ်။ ဒီငါးမှာ အိုမီဂါသရီး နဲ့ ဖက်တီးအက်စစ် ပါဝင်ပြီး အိုမီဂါဟာ အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဒါ့အပြင် ဆော်လမွန်ငါးဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးမှာ ပါဝင်တဲ့ အိုမီဂါသရီးဟာ အက်စ်ရက်ဇန်သင်း လို့ခေါ်တဲ့ အရေးအကြောင်းကို ဆန့်ကျင်ပေးတဲ့ အားဖြည့်ဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဓာတ်ဟာ ငါးကို ပန်းနုရောင်သန်းနေစေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ အသားအရေ ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

    ဘလူးဘယ်ရီသီးဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးဖြစ်ပြီး အရေးအကြောင်းကို စိုးရိမ်နေသူတွေအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပါတယ်။ အန်သိုဆိုင်နင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ ဘလူးဘယ်ရီသီးဟာ အသားအရေကို ငယ်ရွယ်နုပျိုပြီး ဝင်းပစေပါတယ်။ အန်ဇိုင်းတွေဟာလည်း ဖရီးရယ်ဒီကယ်တွေကြောင့် ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြန်ကောင်းစေပါတယ်။

    ဒါ့အပြင် အန်သိုဆိုင်နင်ဓာတ်အား ဖြည့်ပေးထားတဲ့ ဗီတာမင် စီ နဲ့ အီးလည်း ပါဝင်ပါတယ်။ ဆော်လမွန်ငါးလိုပဲ ဘလူးဘယ်ရီသီးဟာ သင့်တော်တဲ့ သဘာဝဓာတ်စာ ဖြစ်ပါတယ်။

    ၄။ လက်ဖက်စိမ်း

    လေ့လာချက်တွေအရ လက်ဖက်စိမ်းဟာ အရေးအကြောင်းတွေကို တိုက်ဖျက်ရာမှာ အရမ်းကောင်းတယ်လို့ သက်သေ ပြခဲ့ပြီးပါပြီ။ လက်ဖက်စိမ်းမှာပါတဲ့ ကွန်ပေါင်းဓာတ်ဟာ အသားအရေကို ပြန်လည်နုပျိုစေပြီး ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။

    Chitinဓာတ်တွေ လျော့လာတာကို ရပ်တန့်စေဖို့ လက်ဖက်ရွက်နဲ့ လုပ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကို တော်ရုံလောက်ပဲ နှပ်ပြီး သောက်သုံးဖို့ သတိပေးပါရစေ။ အားလုံးသိတဲ့အတိုင်း ကျန်းမာပျော်ရွှင်ဖို့က အရာရာ ညီမျှနေဖို့ အရေးကြီး ပါတယ်။

    ဒီဓာတ်စာတွေနဲ့ နုပျိုလှပနေကြပါစေ။

    ရေးသားသူ- Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement