backup og meta

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အသားဓါတ် ဆိုတာ ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး။ ကိုယ်ခန္ဓါကြီးထွားဖို့ ၊ သန်စွမ်းဖို့၊ အရိုးသန်မာဖို့အတွက် ပရိုတင်းဓါတ်တွေက မရှိမဖြစ်ပါ။ ပရိုတင်းဓါတ်ဆိုတာကလည်း တကူးတက လိုက်ရှာနေစရာ မလို။ နေ့စဉ် စားလိုက်တဲ့ အသားတွေကနေ ပရိုတင်းဓါတ်ရနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ amino acid တွေက ခုခံအားေကာင်းအောင်၊ အရိုးသန်မာအောင် ၊ ကြွက်သားတွေ သန်မာကျစ်လစ်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်ကြီးတဲ့ သူတွေနဲ့ လူငယ်တွေမှာ စားလိုက်တဲ့ အစားအသောက်တွေထဲက ပရိုတင်းကို စုပ်ယူတာခြင်း မတူပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ ပရိုတင်း ပမာဏကလည်း အသက်အရွယ်နဲ့ လိုက်ပြီး ကွဲသွားပါတယ်။ ပြီးတော့အသက်ကြီးတဲ့လူတွေက လူငယ်တွေထက် ပရိုတင်းရဖို့ ပိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။

အသက်ကြီးလာရင် ပရိုတင်းတွေ ဘာကြောင့် နည်းလာရတာလဲ။

  • အသက်ကြီးလာရင် လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ စတင်ပျက်စီးလာပြီး အရသာခံနိုင်စွမ်းတွေ လျော့လာပါတယ်။ ဒါကြောင့် အသက်ကြီးလာရင် အစာစားချင်စိတ်တွေလည်းပျောက်ဆုံးလာပါတယ်။
  • သွားတွေမကောင်းတော့ အသားတွေဆို စားချင်စိတ်မရှိတာက အသားကနေရတဲ့ ပရိုတင်းဓါတ်တွေမရနိုင်တော့ဘူး။
  • အသက်ကြီးတာနဲ့ ရောဂါတွေကလည်း ဝင်ရောက်လာပြီဆိုတာ့ ကိုယ်ခန္ဓါရဲ့ ပရိုတင်းဓါတ်လိုအပ်မှုက ပိုပြီးများလာတယ်။

ဒီလိုအချက်အလက်တွေကြောင့် အသက်ကြီးတဲ့သူတွေမှာ လူငယ်လူရွယ်တွေထက် ပရိုတင်းလိုအပ်ချက်တွေမြင့်တက်လာပါတော့တယ်။ ဒါကြောင့် သာမန်အရွယ်ရောက်သူတစ်ဦး နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏ ပျမ်းမျှ ၅၆ဂရမ်ထက် လူကြီးတွေက ပိုလိုပါတယ်။

ပရိုတင်းဓါတ် လုံလောက်စွာ မရတဲ့ အတွက် ဘာတွေဖြစ်လာနိုင်လဲ။

ဒီတော့ အိုမင်းတာရယ် ရောဂါတွေများပြားလာတာရယ်ကြောင့်သက်လည်းကြီး ပရိုတင်းကလည်း လို၊ သိပ်လည်း မစားနိုင်တော့ ပရိုတင်း မလုံလောက်တဲ့ ပြဿနာတွေ စဖြစ်တော့တာပဲ။ ကိုယ်တွင်း ပရိုတင်းမလုံလောက်တဲ့ အသက်ကြီးတဲ့သူတွေမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေကတော့

  • ကျန်းမာသန်စွမ်းမှုတွေ တဖြည်းဖြည်း လျော့လာမယ်
  • ကိုယ်ခန္ဓါက ကြွက်သားတည်ဆောက်နိုင်မှုတွေ မရှိတော့ ပိန်လှီလာမယ်။
  • Amino acid တွေ လုံလုံလောက်လောက်မရှိတော့ ခုခံအား စနစ်တွေ ကျဆင်းလာမယ်။ ရောဂါတွေပိုဖြစ်လာနိုင်တယ်။
  • အနာကျက်ဖို့ အတွက်လုံလောက်တဲ့ ပရိုတင်းတွေလည်း မရှိတော့ အနာကျက်နှေးမယ်။
  • သွေးအားလည်း တဖြည်းဖြည်းနည်းလာမယ်။

ဒါဆို အသားဓါတ် ချို့တဲ့တဲ့ ပြဿနာတွေကနေ ကင်းဝေးအောင်ဘယ်လိုကာကွယ်ကြမလဲ။

  • လွယ်ပါတယ်။ အသားဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးတာဖြစ်ပါတယ်( ကြက်ဥပဲအမျိုးမျိုး၊ အသားငါး) တွေကို စားပေးပါ။
  • သွားမကောင်းလို့ မဝါးနိုင်တော့တဲ့ လူကြီးတွေအနေနဲ့ အရိုးပြုတ်ရည်၊ အသားဆန်ပြုတ်လေးတွေစားလို့ရပါတယ်။
  • ခုဆို အသက်ကြီးတဲ့သူ အစားအသောက်ပျက်နေတဲ့သူတွေအတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းဓါတ်တွေရအောင် ဖြည့်ပေးတဲ့ ဖြည့်စွက်စာတွေ အများကြီး ရှိနေပါပြီ။ ဥပမာ whey protein လိုမျိုးပေါ့။
  • Whey ပရိုတင်းဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓါတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓါလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့ လူငယ်တွေ ကြွက်သားတက်အောင် သောက်နေကြတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ Whey ပရိုတင်း က ကြွက်သားတွေ တည်ဆောက်ပေးတယ်ဆိုတော့လူငယ်တွေမှာပဲလား။ လူကြီးတွေမှာရော သူက ကြွက်သားတည်ဆောက်ပေးလား ကြည့်ရအောင်။
  • လူကြီးတွေ ရဲ့ကြွက်သားတည်ဆောက်တဲ့ နေရာမှာရော Whey ပရိုတင်းက ဘယ်လို ဆောင်ရွက်ပေးလဲ။

    ကြွက်သားတက်စေတဲ့ Whey ပရိုတင်းက လူငယ်တွေသာမက လူကြီးတွေမှာလည်း အကျိုးပြုစေပါတယ်။ Whey ပရိုတင်းက ပေါင်ဒါအမှုန့်ဖြစ်လို့ ဖျော်သောက်ရလွယ်ကူပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ amino acids (၉)မျိုး ပါပါတယ်။ ဒါ့အပြင် Whey ပရိုတင်းကို အစာအိမ်က လွယ်ကူစွာ ချေဖျက်နိုင်ပြီး စုပ်ယူရတာလည်းလွယ်ကူတဲ့ အတွက်ကြောင့် သွေးထဲကတစ်ဆင့် ကြွက်သားထဲကို လွယ်ကူစွာဝင်ရောက်နိုင်ပါတယ်။ လူကြီးတွေ အတွက်ပိုကောင်းတာကတော့ နှလုံးကြွက်သား တည်ဆောက်ခြင်းကို အားပေးပြီး နှလုံးကြွက်သားကို သန်မာစေလို့ လူကြီးတွေ နှလုံးအားနည်းမှာ စိုးရိမ်စရာ မလိုတော့ဘူးနော်။ဒါတွေအပြင် သူ့ရဲ့ကောင်းကျိုးတွေက

    ဒီအချက်တွေကြောင့်Whey ပရိုတင်းက အသက်ကြီးတဲ့ သူတွေ အဓိကထား စားသုံးသင့်တဲ့ဖြည့်စွက်စာ တစ်မျိုးပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement