(၄) ဆရာဝန်နဲ့တိုင်ပင်ပါ
မေမေဖေဖေတို့ကရောဂါတစ်ခုခုခံစားနေရတာဆိုရင် ခရီးမသွားခင်မှာပြနေကျဆရာဝန်နဲ့ ခရီးသွားတဲ့အခါ ဘာတွေသတိထားရမလဲဆိုတာနဲ့ ဘာတွေဆောင်သွားဖို့လိုမလဲဆိုတာတွေကို တိုင်ပင်ပါ။
(၅)သောက်နေကျဆေးတွေထည့်သွားပါ
ဆီးချို၊နှလုံး၊သွေးတိုးနဲ့ကျောက်ကပ်လိုမျိုးနာတာရှည်ရောဂါတစ်ခုခုခံစားနေရာတာမျိုးကြောင့်ဆေးပုံမှန်သောက်နေရတာဆိုရင်သောက်နေကျဆေးတွေကို မမေ့မလျော့ထည့်သွားပါ။ ဆေးကို အချိန်မှန်တိုက်မိစေဖို့လည်း သတိထားပါ။
(၆) ခရီးစဉ်အသေးစိတ်ကို သိအောင်လုပ်ပါ
ကိုယ်ပိုင်ကားနဲ့သွားတာက အကြောင်းသိပ်မရှိပေမယ့် ခရီးသွားကားနဲ့သွားတာမျိုးဖြစ်မယ်ဆိုရင်တော့ ခရီးစဉ်အသေးစိတ်ကို သိထားဖို့လိုပါမယ်။ ဒါမှ ဘယ်နေရာမှာနားမယ်ဆိုတာကို သိပြီး အပေါ့အပါးသွားတာ၊ စားတာသောက်တာ၊အညောင်းပြေအညာပြေ လမ်းလျှောက်တာမျိုးလုပ်နိုင်ဖို့ ကြိုသိထားပြီးပြင်ဆင်ပေးနိုင်မှာပါ။
(၇) သွားမယ့်ခရီးစဉ်တလျှောက်မှာရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုဌာနတွေကိုသိအောင်လုပ်ပါ
အသက်ရလာပြီဖြစ်တဲ့မေမေဖေဖေတို့နဲ့ခရီးသွားမှာဖြစ်တဲ့အတွက် အရေးပေါ်အနေအထားတွေကို ကြိုတင်သတိထားလိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် သွားရမယ့်ခရီးစဉ်တလျှောက်နဲ့ ကိုယ်သွားလည်မယ့်နေရာနဲ့ အနီးဆုံးမှာရှိတဲ့ ကျန်းမာရေးဌာနကို သိအောင်လုပ်ထားပါ။
(၈) လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေယူသွားဖို့မမေ့ပါနဲ့
ဆီးချိုရှိတယ်ဆိုရင်သွေးချိုတိုင်းတဲ့ကိရိယာ၊သွေးတိုးရှိတယ်ဆိုရင်သွေးပေါင်ချိန်စက်လိုမျိုး လိုအပ်အသုံးတည့်မယ့် ကျန်းမာရေးစောင့်ရှောက်မှုကိရိယာတွေကို တစ်ပါတည်းယူသွားဖို့ မမေ့ပါနဲ့။ ဒါတွေအပြင် ယူသွားရမှာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အသက်ရလာတဲ့မိဘတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်မယ့် ပစ္စည်းလေးပေါ့။ လူကြီးတွေက အသက်ရလာေလေ ဆီးထိန်းနိုင်စွမ်းနည်းလာလေလေပါ။ အရင်က ဒီပြဿနာကိုဖြေရှင်းဖို့ ခရီးသွားတဲ့အခါ ဆီးအိုးတွေယူသွားတတ်ကြပါတယ်။ အခုတော့ ဒီလိုလုပ်ဖို့မလိုအပ်တော့ပါဘူး။ ဒီပြဿနာကိုဖြေရှင်းပေးဖို့အတွက် အခုဆိုရင်ဈေးကွက်ထဲမှာ သက်တောင့်သက်သာလည်းရှိ၊ အသုံးပြုရလွယ်ကူပြီး ဝတ်ထားမှန်းတောင် မသိသာတဲ့လူကြီးသေးခံတွေရှိနေပါပြီနော်။ ဒီတော့ခရီးလည်းသွားချင်တယ် မေမေဖေဖေတို့က ဆီးမထိန်းနိုင်တာမျိုးဖြစ်နေမယ်ဆိုရင် အရည်အသွေးကောင်းတဲ့ လူကြီးသုံးသေးခံလေးတွေက အဆင်ပြေစေမှာပါ။
(၉) အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေယူသွားပါ
ခရီးသွားတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ဖုန်းထဲထည့်မှတ်သွားတာဖြစ်ဖြစ် စာအုပ်ထဲမှာရေးမှတ်သွားတာဖြစ်ဖြစ်လုပ်ပေးပါ။ ဖုန်းကိုဘေလ်ဖြည့်သွားဖို့လည်း မမေ့ပါနဲ့။
(၁၀) မကြာခဏ အဆင်မပြေတာရှိလားမေးပါ
ခရီးစဉ်တလျှောက်မှာ ၅ မိနစ်တစ်ခါလောက်တော့မေးခိုင်းတာမဟုတ်ပါဘူး။ အနည်းဆုံး ၄၅ မိနစ်တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ အဆင်ပြေရဲ့လား၊ သက်တောင့်သက်သာရှိရဲ့လား ဘယ်နေရာကများနေလို့မကောင်းဘူးလဲဆိုတာကို ဂရုတစိုက်လေးမေးပေးပါ။မေမေဖေဖေတို့က အားနာပြီး အပေါ့အပါးသွားချင်တာမျိုးဖြစ်ဖြစ်ခေါင်းမူးနေတာမျိုးကိုဖြစ်ဖြစ် မပြောဘဲနေနေနိုင်တာကြောင့်ပါ။
ကဲ ဒီအချက်လေးတွေကို လက်တွေ့အသုံးချပြီးမေမေဖေဖေတို့နဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုကို ဖန်တီးလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။