သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

    အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

    လူအများသိထားကြတဲ့ အဝလွန်တာ၊ သွေးတိုးရောဂါနဲ့ အထိုင်များတဲ့နေထိုင်မှုပုံစံတို့လို အန္တရာယ်အချက်တွေကြောင့်ချည်းပဲ ဆီးချို ဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။

    စိတ်ဖိစီးမှုဟာလည်း အမျိုးသမီး တွေရဲ့ ဆီးချိုသွေးချိုဖြစ်ပွားမှုမှာ အရေးပါတဲ့သက်ရောက်မှုရှိနေတာကို သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။

    ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍကွန်ဖရင့်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

    အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီး တွေမှာ ဆီးချိုအန္တရာယ် ပိုများ

    ဒီသုတေသနအရ စိတ်ဒဏ်ရာဖြစ်စေတဲ့ကိစ္စတွေကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ အိမ် ဒါမှမဟုတ် အလုပ်ခွင်မှာ ကြာရှည်ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေမှာ အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။

    ဆီးချိုကာကွယ်ရာမှာ စိတ်ဖိစီးမှုအန္တရာယ်ကိုလည်း တခြားအချက်တွေလိုပဲ အလေးထား ဖြေရှင်းသင့်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေက သတိပေးခဲ့ပါတယ်။

    ပုံမှန်အားဖြင့်တော့ ကိုယ့်မှာ –

    • မိဘ၊ မောင်နှမသားချင်းတွေထဲက တစ်ယောက်ယောက်မှာ ဆီးချိုရှိနေရင်၊
    • ဆီးချိုရောဂါနဲ့ ချိတ်ဆက်နေတဲ့ ရောဂါတချို့ ရှိနေရင်၊
    • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခဲ့ဖူးရင် ၊
    • ဆီးချိုရောဂါအစပျိုးအဆင့်မှာရှိနေရင်၊
    • သွေးတိုးရောဂါရှိရင်၊
    • သွေးတွင်းကိုလက်စထရောနဲ့ တခြားအဆီတွေများနေရင်
    • ကိုယ်အလေးချိန်များနေရင်၊ အထူးသဖြင့် ဗိုက်အဆီများနေရင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေပိုများလေ့ရှိပါတယ်။

    ဒါပေမယ့် ဒီတခါ သုတေသနအသစ်မှာတော့ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေးနဲ့ ဆီးချိုအန္တရာယ် တို့ ကြားက ဆက်နွှယ်မှုကို ဦးစားပေးလေ့လာခဲ့တာပါ။

    American Heart Association ရဲ့ လေ့လာချက်အရ

    စိတ်ဖိစီးတဲ့အမျိုးသမီးတွေက ဆီးချိုအန္တရာယ် ရှိတယ်ဆိုတဲ့ အကြောင်းကိုAmerican Heart Association ရဲ့ သိပ္ပံကဏ္ဍကွန်ဖရင့်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

    အရင်သုတေသနတွေက အလုပ်ခွင် သို့မဟုတ် စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းလက္ခဏာတွေလို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတစ်ခုချင်းကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။

    ဒီလေ့လာမှုမှာတော့ အမျိုးသမီးတွေမှာ ကာလတာရှည် စိတ်ဖိစီးနေစေတဲ့အရာတွေအားလုံးရဲ့ ချိတ်ဆက်မှုကို နားလည်အောင် အဖြေရှာခဲ့တာဖြစ်ပါတယ်။

    နှလုံးရောဂါမရှိတဲ့ ပျမ်းမျှအသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၂၂၇၀၆ ဦးရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပြီး ခဏတာနဲ့ ကာလတာရှည် စိတ်ဖိစီးစေတဲ့အရာတွေကို စစ်တမ်းကောက်၊ သုံးနှစ်အချိန်ယူ စောင့်ကြည့်ခဲ့ပါတယ်။

    စိတ်မကောင်းဖြစ်ရတဲ့ ဒါမှမဟုတ် စိတ်ဒဏ်ရာဖြစ်ရတဲ့ဘဝဖြစ်ရပ်တွေ က ခဏတာ စိတ်ဖိစီးမှု ဖြစ်စေပြီး အလုပ်၊ မိသားစု၊ အချစ်ရေး၊ ငွေကြေးကိစ္စ၊ ခွဲခြားဆက်ဆံခံရခြင်း စတာတွေနဲ့ ဆက်နွှယ်ရင်တော့ ကာလတာရှည်စိတ်ဖိစီးမှုထဲ ပါဝင်ပါတယ်။

    လေ့လာမှုအရ ခဏတာရော၊ ကာလတာရှည် စိတ်ဖိစီးမှုအခြေအနေ အမြင့်ဆုံးအမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေ နှစ်ဆနီးပါးပိုများနေတာတွေ့ရပါတယ်။

    နောက်တစ်ဆင့်အနေနဲ့တော့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ်လျှော့ချနိုင်ဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို ရည်ရွယ်ဦးတည်တဲ့ ဖြေရှင်းမှုဗျူဟာတွေကို ရှာဖွေအတည်ပြုနိုင်ဖို့ လုပ်ရမယ်လို့ သုတေသီတွေက ဆိုပါတယ်။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 01/03/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။