အရင်ဆုံး မေးချင်တာက တစ်ပတ်ကို မိနစ် ၃၀ ထက် ပိုပြီး ဖုန်းပြောနေသလား! ဆိုတာပါ။
အရင်ဆုံး မေးချင်တာက တစ်ပတ်ကို မိနစ် ၃၀ ထက် ပိုပြီး ဖုန်းပြောနေသလား! ဆိုတာပါ။
အခုနောက်ပိုင်းခေတ်မှာ မိုဘိုင်းဖုန်း မရှိသူတွေ မရှိသလောက်ပါပဲ။ ဒီတော့ ဖုန်းကို သုံးတာကလည်း နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြစ်လို့ လာပါတော့တယ်။ ဖုန်းတွေကို ဖုန်းပြောတာအပြင် ဂိမ်းဆော့တာ ဆိုရှယ်မီဒီယာတွေကို သုံးတာတွေ လုပ်ရင်း ဖုန်းကို လက်ထဲက မချနိုင်သူတွေက ခပ်များများပါ။
ဒီလိုမျိုး ကလေးတွေအထိ ဖုန်းအသုံးများ လာချိန်မှာ လေ့လာမှု တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ တစ်ပတ်ကို မိနစ် ၃၀ ထက် ပိုပြီး ဖုန်းပြောတဲ့သူတွေက အခြားသူတွေထက် သွေးတိုးနိုင်ခြေ ပိုများတယ် ဆိုတာပါ။ ဒါကြောင့် လေ့လာမှုလေးကို သေသေချာချာလေး အတူတူ ကြည့်လိုက်ရအောင်နော်။
သွေးတိုးတယ်ဆိုတာက အပယိက ကျန်းမာရေးပြဿနာလို့ ယူဆကြပေမယ့် သွေးတိုးတာက တကယ်တော့ အသံတိတ် လူသတ်သမားပါ။ သွေးတိုးတာက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိမယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကဲ …. ပြောလက်စ စကားလေးဖြစ်တဲ့ တစ်ပတ်ကို မိနစ် ၃၀ ထက် ပိုပြီး ဖုန်းပြောနေသလား! ဆိုတာလေးကို ဆက်ပြောလိုက် ရအောင်နော်။
တစ်ပတ်တာမှာ မိုဘိုင်းဖုန်းကို မိနစ် ၃၀ ထက် ပိုအသုံးပြုသူတွေဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၂ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရပါတယ်။ တစ်ပတ်တာကို ၆ နာရီနဲ့အထက် ဖုန်းသုံးမယ်ဆိုရင်တော့ သွေးတိုးနိုင်ခြေက ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
ဒီလို သွေးတိုးတာက အသက်အန္တရာယ် ထိခိုက်စေနိုင်လောက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို များစေပါတယ်။ ဒီလေ့လာမှုကို European Society of Cardiology (ESC)က ထုတ်ပြန်ခဲ့တာပါ။
ဒီလေ့လာမှုကို တရုတ်နိုင်ငံ Guangzhou မှာရှိတဲ့ Southern Medical University က ပါမောက္ခ Xianhui Qin က ဦးဆောင်ခဲ့တာပါ။
မိုဘိုင်းဖုန်း အသုံးပြုတာက ဘာကြောင့် သွေးတိုးရတာလဲဆိုတော့ ဖုန်းက ထုတ်လွှတ်တဲ့ ရေဒီယိုသတ္တုကြွလှိုင်းတွေ ကြောင့်ပါ။ ဒါလေးတွေက ခဏလေး ထိမိရင်တောင် သွေးပေါင်ချိန်တက်စေတယ်လို့ ဆိုပါတယ်။
အရင်လေ့လာချက်တွေတုန်းကတော့ ဖုန်းပြောတာနဲ့ သွေးပေါင်ချိန်တက်တာတွေကြား ဆက်စပ်မှုကို ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းပြောတာအပြင် စာတိုပို့တာ၊ ဂိမ်းဆော့တာတွေနဲ့ အခြားသော ဖုန်းအသုံးပြုမှုတွေလည်း ပါနေတာကြောင့်ပါ။
ဒီသုတေသနမှာ အသက် ၃၇ နှစ် ကနေ ၇၃ နှစ်ကြား အရွယ် ၂၁၂၀၄၆ ဦး ပါဝင်ခဲ့တာပါ။ သူတို့မှာ သွေးတိုးရောဂါ မရှိကြပါဘူး။ လေ့လာမှုအတွင်း သူတို့ရဲ့ ဖုန်းအသုံးပြုချိန်တွေကို စစ်တမ်းရယူခဲ့ပါတယ်။
ဒီလေ့လာမှုအတွင်း လေ့လာမှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဖုန်းအသုံးပြုမှု အချိန်အတိုင်းအတာ၊ အသက်အရွယ်၊ ကျား/မ ကွာဟချက်၊ BMI နဲ့ လူမျိုး၊ သွေးတိုးမျိုးရိုး ရှိ၊ မရှိဆိုတာနဲ့ အိပ်ရေးပျက်တာမျိုး ရှိလားဆိုတာတွေကိုပါ လေ့လာခဲ့တာပါ။
ဒါတွေအပြင် ဆေးလိပ်သောက်တတ်လား၊ သွေးတွင်းအဆီ၊ သွေးတွင်းသကြားဓာတ် ပမာဏ၊ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်၊ သောက်သုံးနေရတဲ့ ဆေးဝါးတွေကိုပါ ထည့်သွင်းလေ့လာခဲ့တာပါ။ လေ့လာမှုကို ၁၂ နှစ်ကြာ လုပ်ဆောင်ခဲ့တာပါ။
ဒီသွေးတိုးနိုင်ခြေရလဒ်က အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာရော အတူတူပါပဲ။ လေ့လာမှုရလဒ်အရ သိရတာက တစ်ပတ်တာမှာ ဖုန်းကို မိနစ် ၃၀ ကနေ ၅၉ မိနစ်အတွင်း အသုံးပြုသူတွေက သွေးတိုးနိုင်ခြေ ၈ ရာခိုင်နှုန်း၊ တစ်ပတ်ကို ၁ နာရီ ကနေ ၃နာရီအထိ ဖုန်းအသုံးပြုသူတွေက သွေးတိုးနိုင်ခြေ ၁၃ ရာခိုင်နှုန်း၊ တစ်ပတ်ကို ၄ နာရီ ကနေ ၆ နာရီအထိ ဖုန်း အသုံးပြုသူတွေက သွေးတိုးနိုင်ခြေ ၁၆ ရာခိုင်နှုန်း နဲ့ တစ်ပတ်ကို ၆ နာရီနဲ့အထက် ဖုန်းအသုံးပြုသူတွေမှာ သွေးတိုးနိုင်ခြေက ၂၅ ရာခိုင်နှုန်းအထိ ပိုများနေပါတယ်။
ဒီထဲမှာ ချွင်းချက်အနေနဲ့ နှစ်အတန်ကြာ ဖုန်းသုံးတာ၊ ဖုန်းပြောတဲ့အခါ နားကျပ် ဒါမှမဟုတ် စပီကာဖွင့်ပြီး ပြောတာက သွေးတိုးတာနဲ့ သိသိသာသာကြီး သက်ဆိုင်နေတာမျိုး မရှိပါဘူး။
လေ့လာချက်ကို အကျဉ်းပြန်ချုံ့ရရင် တစ်ပတ်ကို နာရီဝက်အောက်ပဲ အသုံးပြုမယ်ဆိုရင် သွေးပေါင်ချိန်မြင့်တက်မှာ မဟုတ်ပါဘူး။ ဒီလေ့လာမှုကို အတည်ပြုနိုင်ဖို့အတွက် နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုပါသေးတယ်။ လက်ရှိအချိန်မှာတော့ နှလုံးကျန်းမာဖို့ ဖုန်းပြောတာကို လျှော့ကြဖို့ အကြံပြုထားပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။