လမ်းလျှောက်နှေး တာက မြန်မြန်အိုစေနိုင်သလို ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသတဲ့
MRI scans ရလဒ်အရ လမ်းလျှောက်နှေးသူတွေဟာ ဦးနှောက်အရွယ်အစား သေးကြသလို အာရုံကြော ဖွံ့ဖြိုးမှုကလည်း အားနည်းတတ်ကြပြီး အရွယ်မတိုင်ခင် အိုမင်းကြသူတွေပါ။ နောက်တစ်ချက်က လမ်းလျှောက်နှေးတာက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး၊ ကိုယ်ခံအား နဲ့ သွားနဲ့ သွားဖုံးကျန်းမာရေးထိခိုက်နိုင်ခြေက လမ်းလျှောက်မြန်သူတွေထက် ပိုများကြပါတယ်။
ကလေးဘဝကတည်းက လမ်းကို အေးအေးဆေးဆေးလျှောက်တတ်သူတွေဟာ ဘာသာစကားစွမ်းရည်၊ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိ ထိန်းချုပ်နိုင်စွမ်း နဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေက အခြားသူတွေထက် ပိုအားနည်းနေတတ်ကြပြီး အရွယ်မတိုင်ခင် အိုမင်းနိုင်ခြေကလည်း များနေကြပါတယ်။
လမ်းလျှောက်နှေးသူတွေဟာ အသက် ၇၀ ဒါမှမဟုတ် အသက် ၈၀ လောက်ရောက်တဲ့အခါ ရွယ်တူတွေထဲမှာ ခပ်စောစော သေဆုံးတတ်ကြပါတယ်၊ လို့ သုတေသီတွေက ဆိုပါတယ်။
ဒါကြောင့် အသက်ရှည်ကျန်းမာပြီး အရွယ်တင်လှပစေဖို့ဆိုရင် လမ်းကို ခပ်မြန်မြန်လေးလျှောက်ပေးဖို့လိုပါမယ်။