backup og meta

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်

အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့် ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်မှုတွေ များလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးရော လူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေ တိုးတက်လာတာကြောင့် နေ့စဉ် အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ရေ၊ လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။ ဒီတစ်ခေါက်တော့ လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လို သက်ရောက်နေလဲ ဆိုတာကို ပြောပြပေးမယ်နော်။

လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေး အပေါ်မှာ တော်တော်လေး သက်ရောက်မှု ရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး ကျန်းမာရေး ထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။

ဒီအချက်တွေကြောင့်လေထုညစ်ညမ်းနိုင်ပါတယ်

  • မြို့ပြဒေသတွေမှာ လူနေ ထူထပ်လာမှုတွေ၊
  • စွမ်းအင်တွေ အမြောက်အမြား အသုံးပြုမှု၊
  • လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊
  • သွားလာ ပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေ အသုံးပြုမှု
  • ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု
  • တောမီးလောင်မှု
  • စက်ရုံ အလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့် လေထုညစ်ညမ်းမှုက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာပါတယ်။

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး တော်တော်လေး ထိခိုက်နိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံး ခံစားရမယ့် လက္ခဏာတွေကတော့

လေထုညစ်ညမ်း တဲ့အခါ လေထု ထဲမှာ ရှိနေတဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့ အရာတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကို ရောက်ရှိသွားနိုင်သလို အသက်ရှူလမ်းကြောင်းစနစ်၊ သွေးလည်ပတ်မှုစနစ်တွေထဲကို ရောက်ရှိပြီး အဆုတ်၊ နှလုံး နဲ့ ဦးနှောက်တို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

လေထုညစ်ညမ်းမှုကြောင့် –

  • နှလုံးသွေးကြောဆိုင်ရာရောဂါ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
  • ခေါင်းကိုက်တာ
  • စိတ်ဖိစီးတာ
  • လည်ချောင်းတွေစပ်တာ
  • အဆုတ်ထိခိုက်တာ
  • မောပန်းလွယ်တာ
  • မအီမသာဖြစ်တာ
  • အသက်ရှူလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေ ပျက်စီးတာ ဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းမှုကို ကာလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –

  • အဆုတ်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တာမျိုး ဖြစ်နိုင်တယ်
  • အဆုတ်ရောင်ရောဂါ ခံစားရနိုင်တယ်
  • ပန်းနာရင်ကြပ်ရောဂါ ခံစားရနိုင်တယ်
  • လေပြွန်ရောင်ခြင်း ဝေဒနာ ခံစားရနိုင်တယ်
  • အဆုတ်ကင်ဆာ ခံစားရနိုင်တယ်
  • အရွယ်မတိုင်ခင် သေဆုံးတာမျိုး ဖြစ်နိုင်တယ်
  • နှလုံး ထိခိုက်နိုင်တယ်
  • နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရနိုင်တယ်
  • အသည်းထိခိုက်တာ ခံစားရနိုင်တယ်
  • ပန်ကရိယ ထိခိုက်နိုင်တယ်
  • သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေ ဝင်ရောက်နိုင်တယ်
  • အာရုံကြောစနစ် ထိခိုက်နိုင်တယ်
  • ကိုယ်ခံအား နည်းတာကြောင့် ရောဂါဝင်လွယ်လာမယ်။

ဘယ်သူတွေကအထိခိုက်နိုင်ဆုံးလဲ

  • နှလုံးရောဂါ ရှိသူတွေ
  • ဆီးချို ရှိသူတွေ
  • ပန်းနာရင်ကျပ်ရောဂါ ရှိသူ
  • အဆုတ်ရောဂါ ရှိသူ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • ပြင်ပမှာ အလုပ်လုပ်ရသူတွေ
  • အသက်အရွယ် ကြီးရင့်သူတွေ
  • ကလေးငယ်တွေ
  • အားကစားသမားတွေက လေထုညစ်ညမ်းမှုဒဏ်ကို အခြားသူတွေထက် ပိုခံစားရနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

THE EFFECTS OF AIR POLLUTION ON HUMAN HEALTHhttps://www.activesustainability.com/environment/effects-air-pollution-human-health/ Accessed Date 27 December 2018

Overall Health Effectshttp://www.sparetheair.com/health.cfm Accessed Date 27 December 2018

How air pollution is destroying our healthhttps://www.who.int/air-pollution/news-and-events/how-air-pollution-is-destroying-our-health Accessed Date 27 December 2018

ယခုပုံစံ

18/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု

အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement