backup og meta

မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု

    ရုတ်တရက် မူးလဲတယ်၊ သတိလစ်တယ်ဆိုတာ အဖြစ်များကြပါတယ်။ ဦးနှောက်ကိုသွေးရောက်ရှိမှုနည်းတဲ့အခါ(အောက်ဆီဂျင်မလုံလောက်တဲ့အခါ) ရုတ်တရက်သတိမေ့သွားတာဖြစ်ပါတယ်။ စိတ်ထိခိုက်သွားလို့လား၊ အားနည်းသွားလို့လား၊ ဘာလို့မူးလဲရတာလဲ ဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးက အဖြေပေးပါလိမ့်မယ်။ မူးလဲရတဲ့အကြောင်းရင်းက –

    (၁) ရေဓါတ်မလုံလောက်လို့

    ရေလုံလောက်အောင်မသောက်ရင်၊ အရည်ဓါတ်တွေအများကြီးဆုံးရှုံးထားရရင်ရေဓါတ်ခန်းခြောက်နိုင်ပါတယ်။ ဒါဆိုသွေးပေါင်တွေကျပြီး အာရုံကြောစနစ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ သတိလစ်မေ့မျောသွားနိုင်ပါတယ်။ အကောင်းဆုံးကရေကို လုံလောက်အောင်သောက်ပါ၊ အထူးသဖြင့် အပြင်မှာ အပူချိန်ပြင်းတဲ့အခါ ပိုဂရုစိုက်ပါ။ ဆီးက မကြည်ဘဲနောက်နေတယ်ဆိုရင်ရေပိုသောက်သင့်တဲ့ လက္ခဏာပါ။

    (၂) သကြားဓါတ်ကျခြင်း

    သွေးတွင်းသကြားဓါတ်ကျဆင်းတဲ့အခါခေါင်းမူးတာ၊ တုန်ရီတာ၊ နုံးတာ၊ အမြင်အာရုံဝေဝါးတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ အချိုရည် ဒါမှမဟုတ် သကြားလုံးတွေနဲ့ အမြန်ဖြေရှင်းလိုက်သင့်ပါတယ်။ မဟုတ်ရင် မူးလဲနိုင်ပါတယ်။

    ဆီးချိုတက်တဲ့အခါမှာလည်းမူးတတ်တာကြောင့် မူးမေ့တဲ့အခါသွေးဖိအားကိုပုံမှန်ထိန်းပေးတဲ့ အာရုံကြောတွေကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့်မူးလဲတဲ့အခါသွေးပေါင်တအားကျသွားတာမျိုးဖြစ်စေနိုင်လို့ အန္တရာယ်ရှိပါတယ်။

    (၄) ဆေးဝါး

    သွေးကျဆေးနဲ့ ဆီးချိုဆေးတွေလို သောက်သုံးနေရတဲ့ ဆေးဝါးတချို့ကြောင့်လည်း မူးလဲနိုင်ပါတယ်။ ဥပမာသွေးပေါင်ကျနေချိန်မှာသွေးကျဆေးသောက်မိတာမျိုး၊နေ့လယ်စာမစားဘဲ ဆီးချိုဆေးတွေသောက်မိတာမျိုး။ အသက်ကြီးတဲ့လူတွေမှာဆိုပိုဆိုးပါတယ်။

    (၅) ရုတ်တရက် ထရပ်လိုက်လို့

    ထိုင်နေရာကဖြစ်ဖြစ် အိပ်နေရာဖြစ်ဖြစ် ရုတ်တရက်အမြန်ထလိုက်တဲ့အခါ postural orthostatic tachycardia syndrome (POTS)လို့ခေါ်တဲ့ အခြေအနေဖြစ်စေနိုင်ပါတယ်။ မတ်တတ်ရပ်လိုက်တဲ့အခါသွေးခုန်နှုန်းပိုတိုးစေတာပဲဖြစ်ပါတယ်။ မူးနေမယ်၊ တုန်ရီမယ်၊ချွေးတွေထွက်မယ်၊ နှလုံးစည်းချက်မမှန်တော့ဘဲ မိုက်ခနဲလဲကျနိုင်ပါတယ်။ ဒီလိုဖြစ်တတ်ရင် အရည်များများသောက်၊ ကဖင်းနဲ့ အရက်တွေရှောင်၊ လှုပ်ရှားရင် ဝုန်းခနဲမလုပ်ဘဲဖြည်းဖြည်းချင်း လှုပ်ရှားသင့်ပါတယ်။

    နှလုံးကြွက်သားပျက်စီးခြင်း၊ သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနဲ့ တခြားနှလုံးနဲ့ဆိုင်တဲ့ရောဂါတွေက ဦးနှောက်ကိုအောက်ဆီဂျင်ပမာဏ အလုံအလောက်မရောက်ရှိနိုင်တဲ့နေအထားတွေဖြစ်စေပါတယ်။ ဒါတွေကို နှလုံးခုန်မူမမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောဟိုက်ခြင်းနဲ့တခြားလက္ခဏာတွေနဲ့ သတိထားမိနိုင်ပါတယ်။

    (ရ) ရှော့ခ်ရခြင်း

    သွေးတွေမြင်လိုက်ရတာ၊ ရုတ်တရက်ပြင်းထန်တဲ့စိတ်ခံစားချက်(ပျော်တာ၊ဝမ်းနည်းတာ)၊ ထိတ်လန့်မှုတွေကြောင့် ခန္ဓါကိုယ်ရဲ့ လွန်ကဲတဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် နှလုံးခုန်နှုန်းကနှေးသွားပြီးခြေထောက်မှာပဲသွေးတွေရောက်နေကာ ဦးနှောက်ကို မရောက်တော့ပါဘူး။ အဲဒီအချိန်မှာ လူကအေးစက်နေမယ်၊ဖြူဖျော့နေမယ်၊ မအီမသာဝေဒနာတွေခံစားရနိုင်ပါတယ်။ ရှော့ခ်ရလို့ မူးလဲတဲ့အခါ လှဲနေပြီးခြေထောက်ကိုမြှင့်ထားပါ။

    (၈) လှောင်ပိတ်နေလို့

    အသက်ရှူမဝဘူး၊လှောင်ပိတ်နေတယ်လို့ခံစားရတဲ့အခါ ပိုပြီးမြန်မြန်အသက်ရှူဖို့ကြိုးစားပါတယ်။ အဲဒီအခါ ဦးနှောက် သွေးကြောတွေက ကျုံ့သွားပြီးအောက်ဆီဂျင်မလုံလောက်တော့ဘဲ မူးမေ့လဲတဲ့အထိဖြစ်စေနိုင်ပါတယ်။ တချို့ဆို ဘတ်စ်ကားကျပ်ရင် မူးလဲသွားတာမျိုးဖြစ်ကြပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement