သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ

လူတစ်ယောက်ကျန်းမာဖို့အတွက် ကိုယ်ခံအားစနစ်ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုတာက အနေအထိုင် အစားအသောက်ပုံစံကို ဆင်ဆင်ခြင်ခြင်နေထိုင်ပေးပြီးမွေးမြူလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် ဘာတွေစားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေ။

ကိုယ်ခံအားကောင်းဖို့ ဘာတွေစားမလဲ

(၁) ဗီတာမင် C ပါတဲ့ အသီးတွေ

အချဉ်အရသာရှိတဲ့ သံပုရာသီးလိမ္မော်သီး၊ရှောက်ချိုသီးလိုမျိုး အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်ကြပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်စေသလို ကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေစားပေးပါ။

(၂) ချင်း

ချင်းကလည်း ဗီတာမင် C လိုမျိုး အအေးမိဖျားနာတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနာနေတဲ့အခါ ချင်းကို စွပ်ပြုတ်ထဲ ထည့်စားတာ၊ရေနွေးထဲထည့်ပြီးသောက်တာမျိုးလုပ်ပေးလို့ရပါတယ်။ ချင်းရဲ့ ကိုယ်ခံအားကိုကောင်းစေသလိုရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) နနွင်း

နနွင်းကို ဟင်းချက်တဲ့အခါတော်တော်များများထည့်သုံးကြပါတယ်။ အဝါရောင်ရှိပြီး အရသာက နည်းနည်းတော့ သက်ပါတယ်။ ကျန်းမာရေးအတွက်တော့တော်တော်လေးအထောက်အကူပြုပေးတဲ့ စားစရာတစ်မျိုးပါ။ နနွင်းမှာပါတဲ့curcumin ကအဖျားကျစေနိုင်ပါတယ်၊ လို့လေ့လာမှုအရသိရပါတယ်။

(၄) ဟင်းနုနွယ်

ဗီတာမင် C၊beta-carotene နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကနေရရှိတဲ့ အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝရရှိချင်တယ်ဆိုရင်တော့ အရမ်းကျက်အောင် မကြော်ဘဲစားသုံးပေးလို့ရပါတယ်။ အခြားအစိမ်းရောင် အရွက်တွေကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ C နဲ့ E တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားစရာတစ်ခုပါ။ ဒါတွေတင်မကသေးပါဘူး။ ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

(၆) ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အာနိသင်တွေများစွာပါဝင်နေပါတယ်။ မကြာသေးခင်ကလေ့လာမှုအရ ဒိန်ချဉ်မှာပါတဲ့ ဓာတ်တွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒိန်ချဉ်ကနေ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် D ကိုရရှိနိုင်ပါတယ်။

(၇) အယ်လ်မွန်စေ့

ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် E ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာနေစေမှာ အသေအချာပါ။

(၈) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့allicin ပါဝင်နေပါတယ်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးသူတွေက မစားသုံးသူတွေထက် အအေးမိဖျားနာနိုင်ခြေ ၂ ဆ ကနေ ၃ ဆလောက်အထိလျော့နည်းနေနိုင်တယ်၊ လို့လေ့လာမှု အရသိရပါတယ်။ တစ်ပတ်ကို ကြက်သွန်ဖြူ ၆ မွှာလောက်စားသုံးပေးမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

(၉) သင်္ဘောသီး

သင်္ဘောသီးကလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် Cပြည့်ဝစေဖို့အတွက်နေ့စဉ် သင်္ဘောသီးမှည့် တစ်စိတ်စားပေးပါ။ သင်္ဘောသီးမှာpapain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်ခုပါဝင်နေပါတယ်။ ဒီ အင်ဇိုင်းကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပါတယ်။ သင်္ဘောသီးမှာ ပိုတက်ဆီယမ်ဗီတာမင် Bfolate တို့လိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

(၁၀) ကီဝီသီး

ကီဝီသီးကလည်း သင်္ဘောသီးလိုပဲfolate၊ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ ဗီတာမင် C တို့လိုမျိုး ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါတင်မကပါဘူ။ ကီဝီသီးမှာပါတဲ့ အခြားအာဟာရဓာတ်တွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကောင်းစွာအလုပ်လုပ်စေနိုင်ပါတယ်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 06/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။