backup og meta

ကွန်ပျူတာက သင့်ကလေးမျက်လုံးတွေကိုထိခိုက်စေနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ပျူတာက သင့်ကလေးမျက်လုံးတွေကိုထိခိုက်စေနိုင်သလား

    ဒီခေတ်မှာကလေးအများစုအနေနဲ့ကွန်ပြူတာကိုနေ့စဉ်အချိန်တော်တော်ကြာသုံးနေကြတာဟာဘာမှမထူးဆန်းတော့သလိုတောင် ဖြစ်နေပါပြီ။ ကွန်ပြူတာမျက်နှာပြင်ကိုအချိန်ကြာမြင့်စွာစိုက်ကြည့်မယ်ဆိုရင်မျက်လုံးညောင်းတာ၊ပင်ပန်းနွမ်းနယ်တာနဲ့မျက်လုံးခြောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ ကွန်ပြူတာကကလေးတွေရဲ့မျက်လုံးကိုဘယ်လိုထိခိုက်စေသလဲ။ ဒါကိုဘယ်လိုကာကွယ်မလဲစတာတွေကိုဒီဆောင်းပါးလေးမှာဆွေးနွေးထားပါတယ်။

    ကွန်ပြူတာက ကလေးတွေရဲ့မျက်လုံးကိုဘယ်ပုံဘယ်နည်းထိခိုက်စေသလဲ။

    သင့်ကလေးဟာကွန်ပြူတာကိုနာရီပေါင်းများစွာသုံးကောင်းသုံးပါလိမ့်မယ်။ ဒီလိုသုံးခြင်းဟာကလေးတွေရဲ့မျက်လုံးကိုညောင်းစေပြီးအမြင်အာရုံကိုထိခိုက်စေပါတယ်။

    ကလေးတွေရဲ့မျက်လုံးအရမ်းအလုပ်လုပ်ရမယ်။

    သင့်ကလေးတွေကွန်ပြူတာမျက်နှာပြင်ကိုကြည့်တဲ့အခါသူတို့ကြည့်တာဒီမျက်နှာပြင်သာမကအဲ့ပေါ်မှာ မြင်နေရတဲ့အရုပ်၊ဗီဒီယိုစတာတွေအကုန်လုံးကိုအာရုံစိုက်နေရပါတယ်။ မျက်နှာပြင်ပေါ်ကပုံရိပ်ပြောင်းသွားရင်သူတို့ရဲ့မျက်လုံးကလည်းလိုက်ပြောင်းပြီးအာရုံစိုက်ကြည့်ရတဲ့အတွက်မျက်လုံးကြွက်သားတွေကိုအလုပ်အများကြီးလုပ်ခိုင်းနေသလို ဖြစ်နေပါတယ်။ စာအုပ်နဲ့မတူတာကကွန်ပြူတာမျက်နှာပြင်ဟာအရောင်တောက်တောက်ပပအလင်းစူးစူးတွေပါထွက်တဲ့အတွက်ပိုဆိုးစေပါတယ်။

    ကလေးတွေက ပြဿနာကို ပြဿနာမှန်းမသိကြဖူး။

    ကလေးတွေဟာသူတို့မျက်လုံးမှာ ပြဿနာဖြစ်နေတာကိုလျစ်လျူရှုထားတတ်ကြပါတယ်။ ကြည့်ရတာပိုပြီးသက်တောင့်သက်သာရှိဖို့အတွက်ကွန်ပြူတာကိုနေရာရွှေ့ထားဖို့၊မျက်နှာပြင်အနေအထားကိုပြောင်းဖို့ဒါမှမဟုတ်စားပွဲ၊ကုလားထိုင်တွေရဲ့အနေအထားကို ပြင်ဆင်ဖို့သူတို့လေးတွေမတွေးတတ်ကြပါဖူး။ ကွန်ပြုတာကြောင့်ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာအပြောင်းအလဲတွေ၊ပြဿနာတွေကိုလည်းသူတို့ကအေးအေးချမ်းချမ်းပဲလက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ဒီအပြောင်းအလဲ ပြဿနာတွေဟာပုံမှန်ပဲဖြစ်ပြီးတခြားသူတွေလည်းဒီအတိုင်းပဲ မြင်ရမှာပဲဆိုပြီးထင်မြင်ယူဆကြတဲ့အတွက် ဖြစ်ပါတယ်။

    ကလေးတွေမှာကိုယ်ပိုင်အသိစိတ်နဲ့ချုပ်ထိန်းနိုင်စွမ်းမရှိဘူး။

    သင့်ကလေးတွေဟာဘယ်အချိန်မှာမျက်စိကိုအနားပေးရမလဲသိချင်မှသိမှာပါ။ မျက်လုံးဟာကွန်ပြူတာမျက်နှာပြင်ကိုအနီးကပ်တချိန်လုံးတောက်လျှောက်ကြည့်နေရတဲ့အတွက် accommodation spasm လို့ခေါ်တဲ့မျက်လုံးကြွက်သားတွေတချိန်လုံးတင်းထား၊ညှစ်ထားရတဲ့အနေအထားကိုဦးတည်စေပါတယ်။ တကယ်တမ်းဆိုရင်မျက်စိကိုမကြာခဏဆိုသလိုခပ်ဝေးဝေးနေရာမှာရှိတဲ့အရာဝတ္ထုတွေဆီကြည့်ပေးရမှာပါ။

    ကွန်ပြူတာသုံးတဲ့အခါသင့်ကလေးတွေဟာတချိန်လုံးအားစိုက်၊အာရုံစိုက်ပြီးကြည့်နေရတာဖြစ်တဲ့အတွက်မျက်တောင်ခတ်တဲ့အကြိမ်ရေနည်းစေပါတယ်။ မျက်တောင်အခတ်နည်းရင်မျက်ရည်တွေမျက်လုံးထဲမှာနေရာအနှံ့မရောက်တော့တာကြောင့်မျက်လုံးကတဖြည်းဖြည်းစပ်လာပါတယ်။ ပုံမှန်အားဖြင့်ကွန်ပြူတာမျက်နှာပြင်ဟာစာအုပ်ဖတ်ရင်ကြည့်ရတဲ့နေရာထက်အပေါ်ရောက်ပါတယ်။ ဒါကြောင့်မျက်လုံးဟာအစိုဓါတ်ဆက်လက်ရှိနေစေဖို့အတွက်မျက်ရည်ကိုပုံမှန်ထက်ပိုပြီးလိုအပ်ပါတယ်။ ဒီလိုနဲ့ပဲမျက်စိစပ်ပြီးခြောက်လာပါတယ်။

    လူကြီးတွေရဲ့ကွန်ပြူတာကိုသုံးနေရတာ

    ကွန်ပြူတာသုံးစွဲသူအများစုဟာအရွယ်ရောက်ပြီးသားလူကြီးတွေပါ။ ဒါကြောင့်ကွန်ပြူတာကိုစီမံထားတဲ့ပုံစံအနေအထားဟာလည်းလူကြီးတွေအတွက်စီမံထားတာပါ။ ကလေးတွေအတွက်မဟုတ်ပါဖူး။ ကလေးတွေကွန်ပြူတာကိုသုံးတဲ့အခါမှာကွန်ပြူတာမျက်နှာပြင်ကို မြင်ရဖို့အတွက်ခေါင်းကိုပိုမော့ရပါမယ်။ ဒါ့အပြင် mouse ကိုင်ရတာ၊ကီးဘုတ်ကိုင်ရတာစတဲ့အနေအထားတွေကလည်းကလေးတွေအတွက်အဆင်မပြေလှပါဖူး။ ထိုင်တဲ့အခါကျောမှီတည့်တည့်ပေါ်ကျောမရောက်တာ၊ခြေထောက်ကိုကြမ်းပြင်ပေါ်ချထားဖို့မမှီမကမ်းဖြစ်တာစသဖြင့်ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့်ကလေးတွေအနေနဲ့လူကြီးတွေအလုပ်လုပ်တဲ့ကွန်ပြူတာကိုဝင်သုံးတဲ့အခါသူတို့အတွက်သက်တောင့်သက်သာမရှိလှတာကိုတွေ့ရပါလိမ့်မယ်။

    ကလေးတွေရဲ့အခန်းထဲကအလင်းကကွန်ပြူတာသုံးဖို့သင့်တော်တဲ့အလင်းပမာဏမဟုတ်တာမျိုး

    သင်ကွန်ပြူတာသုံးတဲ့အခါမီးကိုပုံမှန်ထက်တဝက်လောက်ပဲလင်းအောင်ထွန်းထားရပါမယ်။ တကယ်လို့အလင်းများလာမယ်ဆိုရင်သင့်မျက်လုံးအနေနဲ့ဒီပြောင်းလဲသွားတဲ့အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင်လိုက်ညှိရမှာပါ။

    • သင့်ကလေးရဲ့မျက်လုံးကိုကာကွယ်ပါ။
    • သင့်ကလေးရဲ့မျက်လုံးကိုကာကွယ်ဖို့အရမ်းအရေးကြီးပါတယ်။
    • ကလေးရဲ့မျက်စိကိုမှန်မှန်စစ်ဆေးပါ။

    သင့်အနေနဲ့သင့်ကလေးရဲ့အမြင်အာရုံကိုစစ်ဆေးဖို့ဆေးရုံဒါမှမဟုတ်မျက်စိရောဂါ ပြင်ပလူနာဌာနမှာ ပြသသင့်ပါတယ်။ တစုံတခု ပြဿနာရှိရင်သိနိုင်ဖို့နဲ့စောစောစီးစီးကုသနိုင်ဖို့အတွက်သင့်ကလေးရဲ့မျက်စိကိုပုံမှန်စစ်ဆေးပါ။ တချို့အခြေအနေတွေမှာစမ်းသပ်စစ်ဆေးမှုအမျိုးမျိုးနဲ့စစ်ဆေးပါတယ်။

    ကလေးကိုကွန်ပြူတာအကြာကြီးမသုံးခိုင်းပါနဲ့။

    ကွန်ပြူတာတစ်နာရီသုံးပြီးတိုင်းခဏနားဖို့သင့်ကလေးတွေကိုသတိပေးပါ။ နာရီတွေအကြာကြီးမသုံးပါစေနဲ့။ ကွန်ပြူတာမျက်နှာပြင်ရှေ့မှာထိုင်နေတဲ့အချိန်ကိုကန့်သတ်ပါ။ ဒီလိုတွေလုပ်ပေးခြင်းအားဖြင့်မျက်စိထဲကကြွက်သားတွေ (ciliary muscle)ကိုထိခိုက်မှုနည်းစေပြီး accommodative ပြဿနာဖြစ်ပွားမှုတွေကိုလျော့နည်းစေပါတယ်။

    ကွန်ပြူတာထားတဲ့အနေအထားကိုစစ်ဆေးပါ။

    ကွန်ပြူတာထားတဲ့အနေအထားနဲ့စားပွဲအနေအထားကိုဂရုတစိုက်နဲ့စစ်ဆေးပါ။ ပြီးရင်ကွန်ပြူတာမျက်နှာပြင်အနေအထား၊ကီးဘုတ်၊mouse ၊စားပွဲ၊ကုလားထိုင်တွေနေရာချထားပုံတွေကိုသင့်ကလေးနဲ့သင့်တော်အောင်ချိန်ဆပါ။ ကီးဘုတ်နဲ့mouseကိုကလေးတွေလက်လှမ်းမှီတဲ့နေရာတွေမှာထားပါ။ သူတို့ခြေထောက်လေးတွေဟာကြမ်းပြင်ပေါ်ကျနေသင့်ပြီးမမှီဖူးဆိုရင်အောက်မှာခုံပုလေးတွေထားပေးလို့လည်းရပါတယ်။

    အလင်းပမာဏကိုချိန်ဆပါ။

    မျက်နှာပြင်ကိုစူးစူးကြီးစိုက်ကြည့်မနေရစေဖို့အတွက်အခန်းထဲမှာရှိတဲ့မီးအလင်းရောင်ကိုဂရုတစိုက်ချိန်ဆပါ။ သင့်အနေနဲ့အခန်းထဲကအလင်းရောင်ပမာဏကိုလည်းလျှော့ချပေးသင့်ပါတယ်။ ကွန်ပြူတာတွေဟာသင့်ကလေးကို ပြင်ပဗဟုသုတတွေများစွာရရှိစေပေမယ့်မျက်စိလည်းထိခိုက်စေပါတယ်။ ဒါ့ကြောင့်ကလေးတွေကိုကွန်ပြူတာမသုံးနဲ့လို့ပြောမရသည့်တိုင်သူတို့လေးတွေမျက်စိထိခိုက်မှာကိုတော့ (အပေါ်မှာရေးခဲ့တဲ့အချက်လေးတွေကိုအခြေခံပြီး) ကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement