ရောဂါဆိုတာက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ဖြစ်လာပြီဆိုရင်ဆေးသောက်ရမယ်၊ အနေအထိုင်ဂရုစိုက်ရတယ်။ စိတ်ရှိတိုင်းလုပ်လို့မရတဲ့ အချက်တွေကတော်တော်လေးတော့များသွားပြီပေါ့။ အရာရာကို သတိထားရပြီလေ။ ခံစားရတဲ့ရောဂါက နာတာရှည်ဆိုနေ့စဉ်နဲ့အမျှ သတိထားနေထိုင်ရတဲ့ ပုံစံကို မဖြစ်မနေမွေးမြူရပြီလေ။ ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ ခံစားရများလာတဲ့ အသည်းရောဂါအကြောင်းလေးပြောပြပေးချင်ပါတယ်။