backup og meta

ဘယ်နီကိုတင်းအစားထိုးကုထုံးက သင့်အတွက် အသင့်တော်ဆုံးလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်နီကိုတင်းအစားထိုးကုထုံးက သင့်အတွက် အသင့်တော်ဆုံးလဲ

    အခုခေတ်မှာေ ဆးလိပ်ဖြတ်နိုင်မယ့်နည်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် နည်းလမ်းအားလုံးက ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ နီကိုတင်းအစားထိုး ကုသမှုကုထုံးကလည်း ဆေးလိပ်ဖြတ်တဲ့ကုထုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ NRT (နီကိုတင်း အစာထိုးကုထုံး) က စီးကရက်မှာပါဝင်တဲ့ နီကိုတင်းပမာဏထက်နည်းပါးတဲ့ နီကိုတင်းဓါတ်ကို ထောက်ပံ့ပေးတဲ့ အစားထိုးကုထုံးဖြစ်ပါတယ်။ သည်ကုထုံးက နီကိုတင်း ငုံဆေးပြား၊ ပီကေ ၊ ပူရှိန်းပြား၊ ရှူဘူးနဲ့ စပရေး (ဖျန်းဆေး)တွေကို အသုံးပြုပြီး ဆေးလိပ်ပြတ်အောင်ကုသတဲ့နည်းလမ်းဖြစ်ပါတယ်။ NRT (နီကိုတင်းအစားထိုး) ကုထုံးကို အသုံးပြုခြင်းအားဖြင့် ဆေးလိပ်သောက်သုံးသူဟာ တဖြည်းဖြည်းချင်း ဆေးလိပ်ပြတ်လာတဲ့ လက္ခဏာတွေကိုတွေ့ကြုံခံစားလာရပြီး ဆေးလိပ်ဖြတ်ဖို့ပိုမိုလွယ်ကူတဲ့နည်းလမ်းတွေကို တွေ့ရှိလာရမှာဖြစ်ပါတယ်။ သည်မှာတော့ NRT ကုထုံးအမျိုးအစားအများအပြားရှိပါတယ်၊ ကိုယ်နဲ့အဆင်ပြေမယ့် နည်းတစ်ခုကိုတော့ရွေးချယ် ရမှာဖြစ်ပါတယ်။

    နီကိုတင်း ပီကေ -နီကိုတင်းပီကေကို ဆေးဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ်။ အထူးစီမံထားတဲ့ သည်ပီကေက နီကိုတင်းပမာဏကို လျော့ချထည့်သွင်းထား တာကြောင့် ဝါးလိုက်တဲ့အခါ ခံတွင်းအတွင်းပိုင်းနံရံက နီကိုတင်းဓါတ်ကို စုပ်ယူထားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နီကိုတင်းပီကေကို သာမန်ပီကေတစ်ခုလိုဝါးနေလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ နီကိုတင်းပီကေကို အများဆုံး ၆ လအထိစွဲသုံးလေ့ရှိပါတယ်။

    နီကိုတင်း ငုံဆေးပြား – နီကိုတင်း ငုံဆေးပြားကို နီကိုတင်းဆေးပြားလို့လည်း သိကြပါတယ်။ လည်ချောင်းနာခြင်းလို အအေးမိအခြေအနေမှာသုံးတဲ့ ငုံဆေးပြားမျိုးနဲ့ ဆင်တူပါတယ်။ ပါးစပ်ထဲထည့်ပြီး ၃၀ မိနစ် ကြာသော် အရည်ပျော်သွားပါတယ်။ လူများက ဒီငုံဆေးပြားကို ၁၂ ပတ်အထိအသုံးပြုလေ့ရှိပါတယ်။

    နီကိုတင်း ကပ်ခွာ – ဖော်ပြခဲ့တဲ့နီကိုတင်း အစားထိုးပစ္စည်းတွေ နဲ့တော်တော်လေး ကွဲပြားခြားနားတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ နီကိုတင်းကိုအခိုးအငွေ့အဖြစ်နဲ့ရှုရှိုက်ခြင်း၊ ခံတွင်းကနေတဆင့်ခန္ဓါကိုယ်ထဲကို စုပ်ယူခြင်းမျိုးအစား အရေပြားကတစ်ဆင့် နီကိုတင်းဓါတ်ကို စုပ်ယူပြီး ခန္ဓါကိုယ်ထဲကိုရောက်ရှိသွားစေတာဖြစ်ပါတယ်။ နီကိုတင်းကပ်ခွာကို ခန္ဓါကိုယ်မှာအသုံးပြုပါက ၁၆ နာရီကနေ ၂၄ နာရီကြာတဲ့အခါ နီကိုတင်းဓါတ်ကို စုပ်ယူသွားပါလိမ့်မယ်။ သည်နည်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေသလို နေရာတိုင်းလိုလိုမှာရရှိနိုင်ပေမယ့် အချို့ နီကိုတင်းကပ်ခွာတွေကို အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ဆေးညွှန်းကို လိုအပ်မှာဖြစ်ပါတယ်။

    နီကိုတင်းနှာခေါင်းတွင်းဖြန်း စပရေး – နီကိုတင်း နှာခေါင်းဖြန်းစပရေးဆိုတာက ခန္ဓါကိုယ်တွင်းထဲကို နှာခေါင်းကနေတဆင့် နီကိုတင်းဓါတ်ရောက်ရှိသွားစေတဲ့ စပရေးတစ်မျိုးဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အငွေ့ကနေတဆင့် နီကိုတင်းကိုရှုရှိုက်ရတဲ့ ရှူဘူးနဲ့ ဆင်တူပါတယ်။ တစ်ခုတည်းသော ကွာခြားချက်က သည်စပရေးမှာ စီးကရက်တွေမှာပါဝင်လေ့ရှိတဲ့အန္တရာယ်ဖြစ်စေတဲ့ အရာတွေမပါဝင်ပါဘူး။ စပရေးကို ၂ နာရီကြားတစ်ခါ အသုံးပြုပေးဖို့လိုအပ်ပါတယ်။ ၃ လလောက်ကနေ ၆ လလောက်အထိ အသုံးပြုလေ့ရှိကြပါတယ်။

    နီကိုတင်းရှူဘူး – ပုံမှန်ရှုဘူးတွေလိုပဲဖြစ်ပါတယ်။ ပန်းနာရင်ကျပ်သမားတွေ သူတို့အိတ်ကပ်ထဲမှာသယ်ဆောင်သွားလေ့ရှိတဲ့ရှူဆေးဘူးမျိုးနဲ့ ဆင်တူပါတယ်။ နီကိုတင်းရှုဘူး ရှုရှိုက်မှုကနေတဆင့် နီကိုတင်းဓါတ်ကို ခန္ဓါကိုယ်ထဲကို ရောက်ရှိစေတာဖြစ်ပါတယ်။ နီကိုတင်းရှူဘူးကို ၃ လကနေ ၆ လအထိအသုံးပြုပေးရမှာဖြစ်ပြီး ပထမရက်သတ္တပတ်အနည်းငယ်မှာ တစ်နေ့ကို နီကိုတင်းပမာဏ ၆ တောင့်လောက်အထိအသုံးပြုလို့ရပါတယ်။

    အခုအမျိုးအစားတွေကိုလေ့လာပြီးပြီဆိုတော့ ဘယ်တစ်ခုကအသင့်တော်ဆုံးဖြစ်မလဲ

    ပထမဆုံးအနေနဲ့သိထားရမယ့်အချက်တစ်ချက်က နီကိုတင်းအစားထိုးကုထုံးဟာ လူအပေါ်မှာသာမူတည်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လူတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့နည်းလမ်းတစ်မျိုးကို aရွးချယ်လို့ရပါတယ်။ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့အတွက် သည်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ အချက်တွေကိုပိုမိုသိနားလည်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

    နီကိုတင်း ပီကေ၊ ငုံဆေးပြားနဲ့ ရှုဘူးတွေမှာ နီကိုတင်းပါဝင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကို ထိန်းသိမ်းဖို့အတွက် နေ့စဉ်ခန္ဓါကိုယ်က လိုအပ်တဲ့နီကိုတင်းပမာဏကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နီကိုတင်းသုံးစွဲမှု ပမာဏတဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ပါတယ်။

    နှာခေါင်းအတွင်းကိုဖျန်း တဲ့ နီကိုတင်းဖျန်းဆေးက နီကိုတင်းတောင့်တစိတ်ကို ချက်ချင်းအစားထိုး အာနိသင်ပေးနိုင်ပါတယ်။

    နီကိုတင်းရှူဘူးက အခြေခံအားဖြင့် အငွေ့ဆိုပေမယ့်လည်း ဆေးရွက်ကြီးမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေမပါဝင်သလို ဆေးလိပ်ငွေ့လည်းမဟုတ်ပါဘူး။ အငွေ့ဆိုပေမယ့်လည်း စီးကရက်ငွေ့တော့မဟုတ်ပါဘူး။

    နီကိုတင်းဆေးပြားတွေကလည်း ၁၆ နာရီကနေ ၂၄ နာရီအထိခန္ဓါကိုယ်ထဲမှာနီကိုတင်းဓါတ်ကိုထိန်းပေးထား တာကြောင့် သည်နည်းလမ်းဟာ နာရီအနည်းငယ်ကြာတိုင်း တစ်ခါပြန်လည်လုပ်ဆောင်နေရတဲ့ အခြားနီကိုတင်းအစားထိုးကုထုံးတွေအတွက် အချိန်မပေးနိုင်သူတွေမှာ ပိုအဆင်ပြေပါတယ်။

    တကယ်လို့သင့်အနေ နီကိုတင်းရှုဘူးနဲ့ နှာခေါင်းတွင်းဖျန်းစပရေးကိုအသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ထောက်ခံ အတည်ပြုချက်လိုအပ်မှာဖြစ်ပါတယ်။

    နီကိုတင်းဆေးပြားတွေ၊ရှုဘူးတွေနဲ့နှာခေါင်းတွင်းဖျန်းတဲ့စပရေးတွေက အချို့လူတွေမှာဓါတ်မတည့်မှုတွေဖြစ်စေပါတယ်။

    ဒါ့အပြင်ကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့ နီကိုတင်းအစားထိုးကုထုံးခံယူမယ်ဆိုပါက ဆိုးကျိုးများရှိသောကြောင့် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဆရာဝန် လမ်းညွှန်မှုအတိုင်း လိုက်နာလုပ်ဆောင်တာက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံးကို ဆက်လက်အသုံးပြုသင့်ရဲ့လား ဒါမှမဟုတ် သင့်တော်အဆင်ပြေမှုရှိရဲ့လားဆိုတာကိုလည်း စဉ်းစားသင့်ပါ တယ်။ နီကိုတင်းဖြတ်တဲ့အခါ စိတ်ဖိစီးတဲ့လက္ခဏာတွေ aတွ့ကြုံရနိုင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကိုတိုက်ဖျက်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement