အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် […]


အခြေခံကျန်းမာရေး

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။ ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် […]


အခြေခံကျန်းမာရေး

မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက် ပြောချင်တာက မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အကြောင်းလေး ပြောပြပေးချင်တာပါ။ မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများ ဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။ အစားအစာတွေဟာ ယေဘုယျအားဖြင့် […]


အခြေခံကျန်းမာရေး

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။ တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ အသားအရေကို တင်းရင်းစေခြင်း အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း အနာကျက်လွယ်စေခြင်း ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။ လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

နည်းစနစ်မှန်မှန် ရေသောက် ကြမယ် .......  ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ် မှတ်ဉာဏ်ကောင်းစေတယ် အသားအရေစိုပြည်လှပစေတယ် ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ် အရေပြားပြဿနာကင်းစေနိုင်တယ် ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ် အစာခြေစနစ်ကျန်းမာစေနိုင်တယ် သွေးသန့်စေနိုင်တယ် ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ် ကျောက်ကပ်သန့်စင်စေနိုင်တယ် သွေးသန့်စေနိုင်တယ် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ် ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် ကိုယ်အပူချိန်ကျစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဆီများနေတာက ဆိုးကျိုးကြီးပဲတော့မဟုတ်ဘူးနော်

အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလို လှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ အဝလွန်တာနဲ့ ပတ်သက်လို့ အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊ နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့ အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလို စိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။ အဆီများတာက ဒီလိုအားသာချက်ရှိပါတယ်နော် အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။   ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေမှုက ကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက […]


အခြေခံကျန်းမာရေး

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။ ဘာကြောင့် လျှာတွေဖြူ ရတာလဲ။  လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာ သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

Ultrasound ( အာထရာဆောင်း ) ဆိုတာဘာလဲ ။ ။ Ultrasound ဆိုတာ သူ့နာမည်အတိုင်းပဲ ultra အဆင့်မြင့်နည်းပညာနဲ့ sound အသံလှိှုင်းတွေကို သုံးထားတဲ့ ပုံရိပ်ဖော်နည်းပညာ ဖြစ်ပါတယ်။ အာထရာဆောင်းကို ဘာအတွက် အသုံးပြုကြတာလဲ ။ ။ ဓါတ်မှန်ရိုက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်တွေ ဗိုက်ထဲက ရင်သွေးလေး ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာသိဖို့၊ ကလေးဖွံ့ဖြိုးမှုကို သိဖိုနဲ့ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိဖို့အတွက် အာထရာဆောင်းကို သုံးကြပါတယ်။ ကိုယ်ဝန်သည်တွေ အတွက် အာထရာဆောင်းက စိတ်အချရဆုံးပါ။ ဒါ့အပြင် အသည်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဆီးလမ်းကြောင်း နဲ့ မျိုးပွားအဂါၤဆိုင်ရာ ရောဂါတွေကို အာထရာဆောင်း နဲ့ စမ်းသပ်စစ်ဆေးကြည့်လို့ရပါတယ်။ အာထရာဆောင်းက ပုံရိပ်ကို ဘယ်လိုပုံဖော်ပေးတာလဲ ။ ။ အဆင့်မြင့် အသံလှိုင်းတွေကိုယ်တွင်းကိုဖြတ်တဲ့အခါ လမ်းမှာရှိတဲ့ ကိုယ်တွင်းကလီစာ တစ်ခုခုကို ထိသွားမိပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်။ ။

ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။ ဖော်မလင်ဆိုတာဘာလဲ ။ ။ ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း