ဖော်မလင်ဆိုတာ ဓါတု ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်သွားဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့်လည်း မသိလိုက်မိလို့ အစားအသောက်ကနေတစ်ဆင့်ကိုယ်တွင်းဝင်သွားတဲ့ ဖော်မလင်ဟာ သ့င်ကို ကင်ဆာဖြစ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖော်မလင် ပမာဏ ၁၅ ppm လောက်ကို ၂ နှစ်လောက် မသိလိုက်ဘဲ စားမိနေတဲ့သူတွေမှာ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ အသည်းခြောက်တာ ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို ကြောက်ဖို့ကောင်းတဲ့ ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ဘယ်လို သိနိုင်မှာလဲ။ ။
ငါး – ငါးက လှုပ်ရှားမှု မရှိဘဲ ဒီအတိုင်းတောင့်တောင့်ကြီးဖြစ်နေမယ်။ ကိုင်လိုက်ရင် အသားတွေက ပျော့ပျောင်းမနေဘဲ အကြေးခွံတွေက မာနေမယ်။ ပါးဟက်ကလည်း နီနေမယ်။
ပြည်ကြီးငါး – ကိုင်လိုက်တာနဲ့ နူးညံ့မနေဘဲ ရာဘာတုံးကြီးကိုင်ရသလို မာမာကြီးဖြစ်နေမယ်။ သာမာန် ပြည်ကြီးငါးတွေဆို လက်နဲ့ဖျစ်လိုက်ရုံနဲ့ အသားတွေ ကွဲသွားပေမယ့် ဖော်မလင်ထိုးထားတဲ့ ပြည်ကြီးငါးတွေကျတော့ ဓါးနဲ့လှီးမှ ပြတ်တယ်။
ငါးခြောက်- ဖော်မလင် ထည့်ထားတဲ့ ငါးခြောက်တွေဟာ အမြဲတမ်းတောင့်နေတာကြောင့် ရောင်းရတာ မျက်နှာပန်းလှတဲ့အတွက် စီးပွားရေးပညာရှင်တွေက သုံးကြပါတယ်။ ကြော်ကြော် ချက်ချက် ပြုတ်ပြုတ် တောင့်မြဲတောင့်ဆဲပါ။
တို့ဖူး – ဖော်မလင်ထည့်ထားတဲ့ တို့ဖူးဟာ ပုံမှန်ထက်ပိုပြီး မာတောင့်တောင့်ကြီးဖြစ်နေတတ်ပြီး ၂၄ နာရီ အတွင်း လုံးဝကို သိုးမသွားတတ်ပါဘူး။
မသိလိုက်လို့ ဝယ်လိုက်မိတဲ့ အစားအသောက်က ဖော်မလင်တွေကို ဘယ်လို ဖယ်ရှားကြမလဲ ။ ။
- ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို ရေသေချာဆေးပြီး မချက်ခင် ၁နာရီလောက် ရေအေးထဲ ထည့်စိမ်ထားပါ။ ဖော်မလင် အကုန်လုံး မဟုတ်တောင် ၆၀ ရာခိုင်နှုန်းလောက် တော့ ထွက်သွားပါလိမ့်မယ်။
- ဖော်မလင် ၉၀ ရာခိုင်နှုန်းလောက် သန့်သွားစေချင်တယ်ဆိုရင်တော့ ဆားရည်ထဲကို ငါးတွေ အသီးအရွက် တွေ ၁ နာရီလောက် ထည့်စိမ်ထားပါ။
- နောက်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်နဲ့ ငါးတွေ အသီးအနှံတွေကိုဆေးပြီး ရေသန့်နဲ့ ပြန်ဆေးတာပါ။ ဖော်မလင် ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားပါလိမ့်မယ် ။ ။
- ရှာလကာရည်တစ်ခွက်နဲ့ ရေတစ်လီတာကို ရောပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေနဲ့ သေချာပြန်ဆေးပါ။ ဒီနည်းနဲ့ ဖော်မလင် ၉၈ ရာခိုင်နှုန်းလောက် ထွက်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။