အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ

ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။ သင်္ကြန်လည်မယ်ဆို ဘာတွေသတိထားရမလဲ သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ်ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ မသန့်တဲ့ရေ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ တားမြစ်ဆေးဝါးတွေ အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ သင်္ကြန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ သင်္ကြန်မှာ ထိခိုက်စေမယ့်အရာတွေကရေတစ်ခုတည်းမကပါဘူး။နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သင်္ကြန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။ အရေပြားထိခိုက်နိုင်တယ် မျက်လုံးထိခိုက်နိုင်တယ် နားထိခိုက်နိုင်တယ် ဆံသားထိခိုက်နိုင်တယ် ခြေသည်းလက်သည်းတွေထိခိုက်နိုင်တယ် မတော်တဆထိခိုက်မိတာမျိုးတွေဖြစ်နိုင်တယ် ဆီးအောင့်ထားတာကြောင့် ဆီး နဲ့ဆိုင်တဲ့ပြဿနာတွေတက်နိုင်တယ် သန့်ရှင်းမှုအားနည်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အကျီၤလက်ပြတ်လေးတွေ ဝတ်ပြီး ရှိုးထုတ်ချင်ကြမှာပဲလေ။ ချိုင်းသားလေးတွေက နဂိုအရောင်အတိုင်း မဟုတ်ဘဲ မည်းညစ်နေပြီဆိုရင်တော့ အများအမြင်မှာ ရှက်စရာကြီး ဖြစ်နေသလို ကိုယ့်စိတ်ထဲမှာ မလုံမလဲတွေ ဖြစ်နေမှာပါ။ ဒီဆောင်းပါးလေးကတော့ ချိုင်းသားမည်းရခြင်း အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ချိုင်းသား မည်းလာရခြင်း အကြောင်းရင်းတွေ ကျွန်တော်တို့ ကိုယ်ခန္ဓါမှာ ချွေးအလွန်ထွက်တဲ့ နေရာတော်တော်များများ ရှိပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ ဂုတ်သား အစရှိသဖြင့်ပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ ရေချိုးတဲ့အခါ အဲ့ဒီနေရာလေးတွေကို သေချာကြေးတွန်းဖို့ မေ့လျော့တာ၊ ထူလွန်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို အချိန်အကြာကြီး ဝတ်ဆင်ထားတာကြောင့် ချိုင်းသားလေးတွေမှာ ချွေးတွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတယ်။ သေချာကြေးတွန်းတိုက်ချွတ်မှု မလုပ်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။ နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဆိုတော့ ရေများများသောက်ပါ။  နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ် ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ် ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။ ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား နာကျင်မှုနဲ့အတူ နီရဲရောင်ရမ်းမှုတွေ ဖြစ်နေမယ်ဆိုရင် ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ် ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးအိတ်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကြွက်သားနာကျင်တဲ့အခါ အသုံးဝင်ပါတယ်။ ဘယ်လိုနာကျင်မှုတွေကို ဘာကပ်ရမလဲဆိုတာကို ဥပမာပေးရမယ်ဆိုရင် ဂေါက်ရောဂါကြောင့် အဆစ်တွေ ရုတ်တရက် နာလာပြီဆိုရင် ရေခဲဝတ်ကို ကပ်ပေးပါ။ အရောင်ကျစေသလို အေးတာကြောင့် နာတာတွေ ထုံသွားနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ခြင်နဲ့ သင့်ကြားမှာ သံလိုက် စက်ကွင်း တစ်ခုရှိနေပြီလား ။ ။

တူတူထိုင်နေကြတာချင်း အတူတူ သူများကိုကျ ခြင်မကိုက်ဘဲ ကိုယ့်ကိုမှ ခြင်က ရွေးပြီး မျက်စိကျတဲ့ အဖြစ်အပျက်မျိုး လူတိုင်းစီမှာ ရှိခဲ့ဖူးမှာပါ။ ကိုယ့်ကိုချောလွန်းလို့ဆိုပြီး ရွေးကိုက်တာမဟုတ်တာကတော့ သေချာတယ်လေ။ ဒါဆို ဘာကြောင့်ကိုယ့်ကျမှ ခြင်ကိုက်တာပိုခံရတာလဲ။ ခြင်နဲ့ ကိုယ်ကြားမှာ သံလိုက်စက်ကွင်းများရှိနေပြီလား ။ ။ သင့်ကိုမှရွေးပြီး ခြင်ကိုက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။ ပိုပြီးထင်သာမြင်သာရှိလိုပါ ။ ။ ခြင် တွေဟာ သူတို့ရဲ့ ကောင်းလွန်းတဲ့ အမြင်အာရုံကို အသုံးချပြီး သားကောင်ကို ရှာဖွေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မွန်းလွဲချိန်ဆို သူတို့ အမြင်အာရုံပိုစူးရှကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က အကျီၤအနက်ရောင်၊ အနီရောင်ဝတ်ထားခဲ့မိလို့ကတော့ အားလုံးထဲမှာ သင်ဟာ သူတို့အတွက် အထင်ပေါ်ဆုံး ဖြစ်နေတော့မှာပါ။ ကိုယ်သင်းနံ့။ ။ ခြင် တွေက သွေးစုပ်ပေမယ့် ငါးမန်းတွေလိုမျိုး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ရင် ရုပ်ရင့်စေတဲ့ အကြောင်းရင်း (၇) ခု

ဘီယာတွေ၊ အရက်တွေသောက်တတ်တဲ့သူတွေဟာ ကြာရှည်သောက်လေ ရုပ်ရင့်လေဖြစ်လာတာကိုတွေ့ဖူးမှာပေါ့။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ တချို့တွေကတော့ခြွင်းချက်ပေါ့လေ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျ တဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။ အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် […]


အခြေခံကျန်းမာရေး

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။ ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း