အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ

သုတေသနအချို့အရ ဘက်တီးရီးယားပိုးမွှားအချို့ဟာ သူတို့အတွက် သင့်တော်တဲ့ အပူချိန်နဲ့ အာဟာရရှိရင် မိနစ်နှစ်ဆယ်ကို တကြိမ် ပွားများနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါတချို့ဟာ ကူးစက်ခံရပြီးချိန်မှာ မြန်မြန်ဆန်ဆန်ပဲ လက္ခဏာပြလာခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လူသားတို့နေထိုင်ရာ အိမ်ဂေဟာအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာတွေ အများအပြားရှိပါတယ်။ နေအိမ်တွေမှာ ပေါက်ပွားတတ်တဲ့ ရောဂါပိုးတွေကတော့ • Staphylococcus aureus သို့မဟုတ် staph ရောဂါပိုး • မှို • Salmonella ရောဂါပိုး • E. coli ရောဂါပိုး စတာတွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ ဘယ်လိုပျံ့တတ်သလဲ ပိုးမွှားတွေဟာ လူတဦးဆီကနေ တဦးကို တိုက်ရိုက်ဖြစ်စေ၊ လူတဥိးဆီကနေ အရာဝတ္တုတခုခုရဲ့ မျက်နှာပြင်ကို တဆင့်ခံကိုင်တွယ်မိရာကဖြစ်စေ ကူးစက်နိုင်ပါတယ်။ တဆင့်ခံ ကူးစက်စေတတ်တဲ့ အရာဝတ္တုများ၊ နေရာများကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ မီးဖိုခန်း အစားအစာတွေကို သိုလှောင်ရာ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်အပေါ် ကဖိန်းရဲ့ သက်ရောက်မှု

များသောအားဖြင့် လူသားများရဲ့ တနေ့တာ စအဖွင့်မှာ ကော်ဖီဟာ မပါမဖြစ်ပါကြပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ် အဓိက ပါဝင်ပြီး သောက်သုံးသူများကို တက်ကြွလန်းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်စေတဲ့ အာနိသင်ရှိပြီး ကိုယ်ခန္ဓာအပေါ် သက်ရောက်စေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ကဖိန်းမှာ သူ့ချည်းသက်သက်ဆိုရင် အာဟာရတန်ဖိုး မရှိပါဘူး။ ဒါပေမယ့် ပမာဏနည်းနည်းပါဝင်ရုံနဲ့ သင့်ကို စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကဖိန်းများများ သောက်သုံးမိရင် မသောက်ရမနေနိုင်ဖြစ်သလို ကြုံလာရပါတယ်။ သုတေသနလေ့လာချက်များအရ အရွယ်ရောက်ပြီး ကျန်းမာသူတယောက်ဟာ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိ ဘေးကင်းစိတ်ချစွာ သောက်သုံးနိုင်ပါတယ်။ ပုံမှန် ကော်ဖီတခွက်ဆိုရင် ၈အောင်စ ပါဝင်ပါတယ်။ သင်ဟာ ကော်ဖီကို နေ့တိုင်းသောက်သွားမယ်ဆိုရင် သင့်ကိုယ်ခန္ဓာဟာ ကဖိန်းဓာတ်ကို ယဉ်ပါးသွားပါပြီ။ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအဆ၊ တကိုယ်ရေကျန်းမာရေး စတာတွေပေါ်မူတည်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ

ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ ..... ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်လည်ပတ်နိုင်စေဖို့် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးများ သန်မာကြီးထွားဖို့ လိုအပ်ပါတယ်။ အရိုးများဖွဲ့စည်းရာမှာ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ အရိုး ကြွက်သားများနဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ အလွန်အမင်း များပြားသွားရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီကိုမှာ D2 ဆိုပြီး D3 ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်။ D3 ကို နေရောင်ခြည်နဲ့ အသားစားရာကနေ ရနိုင်ပြီး D2 ကိုတော့ အပင်တွေမှာ ဖွဲ့စည်းတာပါတယ်။ […]


ရောဂါလက္ခဏာများ

ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ

လူအများစုဟာ ကိုယ်အလေးချိန်အတက်အကျမျိုးစုံကို ကြုံဖူးကြပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ နောက်ခံကျန်းမာရေး အခြေအနေများကြောင့် ဖြစ်နေတတ်ပါတယ်။ ကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ကျန်းမာရေးပြသနာကြောင့်မဟုတ်ရင် အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ အစားပိုစားခြင်း ဓမ္မတာစက်ဝန်း သွေးဆုံးခါနီး (သို့) သွေးဆုံးခြင်း အသက်ကြီးလာသည်နှင့်အမျှ ဇီဝဖြစ်ပျက်မှုနှေးကွေးလာခြင်း လှုပ်ရှားမှုနည်းလာခြင်း စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း အိပ်ရေးပျက်ခြင်း အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းများ ၁။ ဆေးဝါးများသုံးစွဲနေခြင်း ဆေးဝါးအချို့ဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ မြင့်တက်လာစေတတ်ပါတယ်။ အထူးသဖြင့် အတက်ကျဆေး၊ ဆီးချိုဆေး၊ သွေးကျဆေး၊ စိတ်ကျကုသဆေးနဲ့ စိတ်ကျန်းမာရေးဆေးဝါးများဟာ ကိုယ်အလေးချိန် တိုးစေတတ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သေစာနဲ့ ဆေးဝါးများဟာ တစ်ခါတစ်ရံမှာ ယှဉ်တွဲသောက်သုံးမိရင် အန္တရာယ်များပါတယ်။ ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ အရက်သေစာကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက တိုက်တွန်းတတ် ပါတယ်။ ဆေးဝါးများ သုံးစွဲပြီးချိန် အရက်သောက်တဲ့အခါ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမို မြင့်တက်လာတတ် ပါတယ်။ အထူးသဖြင့်တော့ အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ က မသေးလှပါဘူး။ အရက်သောက်သုံးချိန်မှာ ပဋိဇီဝဆေးတွေ သုံးစွဲသင့်လား ယေဘုယျအားဖြင့် အရက်သောက်ခြင်းကြောင့် ပဋိဇီဝဆေးတွေရဲ့ အာနိသင်လျော့ပါးမသွားပေမယ့် ဘေးထွက်ဆိုးကျိုးအချို့ကိုတော့ ပိုမိုမြင့်တက်လာစေပါတယ်။ အောက်ပါဆေးဝါးတွေကတော့ အရက်သေစာနဲ့ တွဲဖက်မသုံးစွဲသင့်တဲ့ ပဋိဇီဝဆေးတွေပဲ ဖြစ်ပါတယ်။ • cefoperazone • cefotetan • doxycycline • erythromycin • metronidazole • tinidazole • ketoconazole • isoniazid • linezolid • griseofulvin အထက်ပါဆေးဝါးများကို အရက်သေစာနဲ့ တွဲဖက်သုံးစွဲမိရင် အန္တရာယ်များပါတယ်။ Metronidazole, tinidazole, cefoperazone, cefotetan, and […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စပ်စုစိန်တွေရဲ့ လူမသိသူမသိ ကောင်းကျိုးများ

စပ်စုစိန်တွေရဲ့ လူမသိသူမသိ ကောင်းကျိုးများ အကြောင်း သိပြီးပြီလား။ နာမည်ကျော် ကာတွန်းပညာရှင်ကြီး ဝေါ့တ် ဒစ်စနေက ပြောဖူးတယ် “ခင်ဗျား စူးစမ်းစပ်စုချင်စိတ်ဖြစ်လာရင် စိတ်ဝင်စားစရာ အရာတွေအများကြီး ရှာတွေ့လိမ့်မယ်” တဲ့။ ကမ္ဘာကျော်ဆိုစကားတစ်ခုရယ်ပါ။ များသောအားဖြင့် လူအတော်များများမှာ စပ်စုတတ်တဲ့ သဘာဝရှိတတ်ပါတယ်။ ဒါပေမယ့် သူများက ကိုယ့်ကို စပ်စုရင်တော့ မကြိုက်တတ်ကြပါဘူး။ စပ်စုတတ်တဲ့ အလေ့အထကို ယျေဘုယျအားဖြင့် နှစ်လိုဖွယ်ရာ အမူအကျင့်လို့ မမြင်တတ်ကြပါဘူး။ ဟုတ်တော့လည်း ဟုတ်တယ်လေ။ စပ်စုခံရတယ်ဆိုတာ သိပ်တော့ ကောင်းလှတာမဟုတ်ဘူး။ တစ်ဖက်လူက ပြောချင်တာ၊ မပြောချင်တာ စသဖြင့် စိတ်အခြေအနေအမျိုးမျိုးရှိနေနိုင်တာကိုး။ ဒါပေမယ့် စပ်စုတတ်တဲ့သူတွေအနေနဲ့ကတော့ ဒီစိတ်လေးကို အပြစ်လို့ မမြင်ကြပါနဲ့။ စပ်စုတတ်တာက လူအမြင်ကပ်စရာချည်း၊ ဆိုးနေတာချည်းတော့လဲ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ကောင်းတဲ့ အကျိုးတွေလည်းရှိနေပါတယ်။ စပ်စုတတ်တဲ့သူတွေရနိုင်တဲ့ အကျိုးကျေးဇူးတွေက ယျေဘုယျအားဖြင့် အချက် ၁၀ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Ventilator (အသက်ရှူစက်) တွေအကြောင်းသိကောင်းစရာ

Covid-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းကို အဓိကတိုက်ခိုက်တာ လူအတော် များများသိပြီးဖြစ်မှာပါ။ Covid-19 ဝေဒနာရှင်တွေကို ကုသဖို့အတွက် ventilator ခေါ် အသက်ရှူစက် တွေရဲ့အခန်းကဏ္ဍက အရမ်းအရေးပါလာတဲ့အတွက် Ventilator (အသက်ရှူစက်) တွေအကြောင်း နည်းနည်းလောက်ပြောပြချင်ပါတယ်။ အဆုတ်ကသူ့အလိုလို လေရှူသွင်း၊ ရှူထုတ်မလုပ်နိုင်တော့ရင် Ventilator (အသက်ရှူစက်) တပ်ပြီး အသက်ရှူဖို့လိုအပ်ပါတယ်။ တစ်ခုသိထားရမှာက ဒီစက်တွေက လူတစ်ယောက်အသက်ရှူဖို့ အကူအညီပေးရုံသက်သက်ပဲဖြစ်ပြီး ရောဂါ ကုသပေးတဲ့ကိရိယာမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်အချိန်မှာ Ventilator (အသက်ရှူစက်) လိုသလဲ ပုံမှန်အတိုင်းဆို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို အဆုတ်က ရှူသွင်းပြီး  ကာဗွန်ဒိုင် အောက်ဆိုဒ်ပြန်ထုတ်ပေးပါတယ်။ အဆုတ်ပုံမှန်အတိုင်း အလုပ်မလုပ်တဲ့အချိန်မှာ Ventilator (အသက်ရှူစက်) တပ်ဖို့လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုလုပ်နေချိန်၊ ခွဲစိတ်ကုသမှုခံယူပြီး နလန်ထစအချိန်၊ အခုဖြစ်ပွားနေတဲ့ covid-19 ရောဂါလိုအဆုတ်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရချိန်တွေမှာ ပုံမှန်အတိုင်း အသက်ရှူနိုင်အောင် ventilator တပ်ဖို့လိုအပ်ပါတယ်။ Ventilator […]


အခြေခံကျန်းမာရေး

ပရိုတင်း နဲ့ ကိုယ်ခံအား

ရောဂါတွေ ပိုမိုဆန်းပြားလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအား ကောင်းမှလည်း ရောဂါတွေကူးစက်ခဲ့ရင် အကောင်းဆုံး တိုက်ထုတ်နိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းစေဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအား ကောင်းစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေ။ ပရိုတင်းက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ………. အသားဓာတ်လို့ သိထားကြတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေဖို့ နဲ့ ပြုပြင်ပေးရာမှာ အရေးပါပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးတဲ့နေရာမှာလည်း အဓိက ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဆံပင်တွေ၊ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ လက်သည်းခြေသည်းတွေကို ပရိုတင်းနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သာမိုမီတာ နဲ့ ကိုယ်အပူချိန် ဘယ်လိုတိုင်းကြမလဲ။

ခုဆိုရင် ဘယ်သွားသွား အထဲမဝင်ခင် အပြင်ကနေဆီးပြီး နဖူးလေးကို လှမ်းချိန်ပြီး အပူချိန်ကို လှမ်းတိုင်းကြတယ်လေ။ အရင်ကတော့ လူတွေက အပူချိန်တိုင်းရင် ပြဒါးတံကြီးနဲ့ ချိုင်းအောက်ညှပ်မယ်၊ လျှာအောက်ထားမယ် ဒီလောက်ပဲ သိတာပေါ့။ ခုတော့ မဖြစ်မနေ အပူချိန်တိုင်းရမယ်လဲဆိုရော ထွက်လာလိုက်တဲ့ သာမိုမီတာ အမျိုးအစားဆိုတာ အများကြီးပါပဲလား။ သူတို့တွေကို ဘယ်လိုသုံးမှာလဲ။ တစ်ခုနဲ့ တစ်ခု ဘာတွေကွာလဲဆိုတာ ပြောပြပေးပါမယ်။ ပုံမှန် ကိုယ်အပူချိန်က ဘယ်လောက်လဲ။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က 98.6°F (37°C) ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် 0.5-1 ဒီဂရီလောက်တော့ အတိုးအလျော့ ရှိနိုင်ပါတယ်။ မနက်ပိုင်းမှာ အပူချိန်ကျမယ်။ နေ့လယ်လောက်မှာ တက်လာမယ်။ ညနေလောက်မှာ ပြန်ကျသွားမယ်။ ဒါကလည်း သဘာဝပါပဲ။ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ ဖျားတယ်လို့ သတ်မှတ်ဖို့ အတွက် […]


အခြေခံကျန်းမာရေး

ချွေးထွက်များမှ ကျန်းမာရေးကောင်းမယ်

ချွေးထွက်တယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် သိပ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ဆိုရမလားပဲ။ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ ချွေးထွက်တတ်သလို၊ လှုပ်လှုပ်ရှားရှား ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်ပြီးချိန်တွေမှာ၊ ပင်ပန်းတဲ့ အခြေအနေတွေမှာလည်း ချွေးတရွှဲရွှဲဖြစ်နေတတ်ပါတယ်။ လူတစ်ချို့က ချွေးအရမ်းထွက်တာကို စိုးရိမ်တတ်ကြပါတယ်။ တစ်ချို့ကလည်း မနှစ်သက်တတ်ကြပါဘူး။ ကဲ ချွေးထွက်တာ ကောင်းလား မကောင်းလား ဆန်းစစ်ကြည့်ရအောင်။ ချွေးဆိုတာ ဘာလဲ တကယ်တမ်းအားဖြင့် ချွေးဆိုတာဟာ ရေနဲ့ အသွင်သဏ္ဍာန်ချင်းဆင်တူတဲ့ ခန္တာကိုယ်ရဲ့ စွန့်ပစ်အရည်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်အများစုပါဝင်ပြီး ခန္တာကိုယ်ထဲက ဓာတ်ဗေဒစွန့်ပစ်ပစ္စည်းတွေနဲ့၊ အမိုးနီးယား၊ ယူရီးယား၊ ဆားနဲ့ သကြားဓာတ်တွေပါဝင်နေပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ထွက်တဲ့ချွေးမှာပဲဖြစ်ဖြစ်၊ ဖျားလို့ နာလို့ ထွက်တဲ့ ချွေးမှာပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလို့ ထွက်တဲ့ ဇောချွေးမှာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းက အတူတူပါပဲ။ ခုလို ချွေးထွက်ရစေတဲ့ အကြောင်းအရင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ခန္တာကိုယ်ကို အလိုအလျောက် အအေးပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း