နွေရာသီမှာ အစားအသောက်နဲ့ ပတ်သက်ရင် ဘာကို စိုးရိမ်ရလဲဆို ယင်အန္တရာယ်နဲ့ ဖုန်မှုန့်တွေပါပဲ။ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ မကျက်တဲ့ အသားတွေ၊ မသန့်ရှင်းတဲ့ရေ၊ ဖုံးအုပ်မထားတဲ့ အစားအစာတွေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ၊ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။
ယင်ကောင်တွေနဲ့ ဖုန်မှုန့်တွေမှာ အစာအဆိပ်သင့် စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကိုး။ ပူအိုက်စွတ်စိုတဲ့ ရာသီကြောင့်လည်း ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့ ပတ်ဝန်းကျင် ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကိုပဲ စားဖို့ ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ဖို့၊ အစာခြေစနစ် မကျန်းမာသူတွေပို သတိထားသင့်ပါတယ်။
(၃) မျက်စိနာတာ ဖြစ်နိုင်တယ်
နွေရာသီမှာ မျက်စိနာတာ က အဖြစ်များတဲ့ ပြဿနာပါ။ မျက်စိနာခြင်း ဟာ မျက်မြှေးကို ရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ကြောင့် ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ ကူးစက်လွယ်လို့ တစ်မိသားစုလုံးကို ပြန့်တာ များပါတယ်။
(၄) ရေဓာတ် ခမ်းခြောက်နိုင်တယ်
ချွေးထွက်များတဲ့ နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင် မသောက်သုံးတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။ နွေပူပူမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ ပြန်လည်ထိန်းသိမ်းပေးဖို့ လိုပါတယ်။
(၅) ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။